ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း ၂၈-၁-၂၀၁၉ မှ ၃-၂-၂၀၁၉ အထိ

0
528
Bay-Din

တနင်္ဂနွေ

အလုပ်လျှောက်ထားမည့် လူငယ်များ အလုပ်ရရှိမည်။ မိမိအိမ်၌ အိမ်သစ်တက် မင်္ဂလာပြုရတတ် သောအခါ ဖြစ်သည်။ ထီထိုးလျှင် စပ်တူထိုးပါ။ မိမိအိမ်သို့ ရပ်ဝေးမှ စားသောက်ဖွယ်ရာများ လက်ဆောင်ရမည်။ ယခုကာလ၌ ခရီးသွားရမည့် ရည်ရွယ်ချက်များ အဆင်မပြေ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား လက်ထပ်မင်္ဂလာပြုရမည့်အခါ ဖြစ်သည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ လိမေ်္မ်ာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အနက်ရောင်

မသွားသင့်သော အရပ်              – အရှေ့မြောက်အရပ်

ယတြာ                                        – ဖရဲသီးမှည့်ကို အစေ့မပါစေဘဲ အစိတ်စိတ်ပြု၍ ဆွမ်းတော်ကပ်လှူပါ။

 

တနင်္လာ

မမျှော်လင့်သော အခက်အခဲများ ရင်ဆိုင်ရတတ်သည့်အခါ ဖြစ်သည်။ အတိုက်အခံ ပြောဆိုမည့် ကိစ်္စများ၌ မိမိအသာစီးရမည်။ လာဘ်လာဘ အ၀တ်အထည်များ ရရှိမည်။ ပညာရေး အဆင်ပြေ ပါမည်။ လျှပ်စစ်ပစ်္စည်း ၊ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား တိမ်ဖုံးနေ၍ လမသာကဲ့သို့ ဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အနီရောင်

မသွားသင့်သော အရပ်              – အနောက်တောင်အရပ်

ယတြာ                                 – နာနတ်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ် လှူပါ။

 

အင်္ဂါ

နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ ကား၊ ယာဉ်ဝင်မည်။ ငွေကြေးများ ၀င်လာမည်။ သင့် လုပ်ငန်းများ တိုးတက်မှုနဲ့သာ ကြုံရမည်။ အပြိုင်အဆိုင်ရှိသော်လည်း ထိုလူများကို သင့်ကျော်ဖြတ် နိုင်မည်။ ကျန်းမာရေးနှင့် ပတ်သက်၍ လည်ချောင်းနာရောဂါ ဖြစ်တတ်သည်။ မေတ်္တာရေးသည်ကား သင်စန်းပွင့်နေသော ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ လိမေ်္မ်ာရောင်

အကျိုးမပေးသော အရောင်       – ခရမ်းရောင်၊ လိမေ်္မ်ာရောင်

မသွားသင့်သော အရပ်             – မြောက်အရပ်

ယတြာ                              – ခိုငှက်များကို အစာကျွေးပါ။

 

ဗုဒ္ဓဟူး

ထီပေါက်ခြင်း၊ အမွေအနှစ်ရခြင်း ဖြစ်တတ်သောကာလ ဖြစ်သည်။ ရဟန်းခံ၊ ရှင်ပြု၊ တရားစခန်းများ ၀င်ရတတ်သည်။ လုပ်ငန်း၌ အတိုက်အခံများလည်း  ရှိတတ်သည်။ ယခုလ၌ ယာဉ်မ၀ယ်သင့် ပါ။ မေတ္တာရေးသည်ကား ကိုယ့်တစ်ဘက်တည်း မကြည့်ဘဲ သူ့ဘက်လည်း ကြည့်သင့်သည်။

အကျိုးပေးသော အရောင်         – ပန်းရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အနက်ရောင်

မသွားသင့်သော အရပ်              -တောင်အရပ်

ယတြာ                                – ပူတင်းမုန့် ဘုရားကပ်လှူပါ။

 

ကြာသပတေး

ယခုလ၌ တယ်လီဖုန်းမ၀ယ်ပါနှင့်။ မြေ၀င်မည်။ လာဘ်လာဘများ ၀င်မည်။ လူမျိုးကွဲတို့၏ ကူညီ မစမှုခံရမည်။ သွား၊ ခံတွင်း ဒုက္ခပေးတတ်သည်။ လူငယ်များ ပညာရေးလမ်းကြောင်း ဖြောင့်ဖြူး မည်။ မေတ်္တာရေးသည်ကား ချစ်သူမရသေးသူများ ချစ်သူရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ အညိုရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်              – အရှေ့အရပ်

ယတြာ                                – သစ္စာပန်းတစ်စည်း ဘုရားကပ်လှူပါ။

သောကြာ

စိန်ထည်ပစ္စည်းများ ၀င်မည်။ စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ လုပ်ငန်းထဲ၌ မိမိအား နေရာ အထူးပေးကြမည်။ မိမိကံဇာတာ ပွင့်လန်းနေသောအခါ ဖြစ်သည်။ သို့သော် လူလိမ်ခံရခြင်း သတိထားပါ။ မေတ်္တာရေးသည်ကား ချစ်သူထဲမှ ချစ်မေတ္တာများ ပိုင်ဆိုင်ရမည့်အခါ ဖြစ်သည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – ပန်းရောင်၊အညိုရောင်

မသွားသင့်သော အရပ်             – အရှေ့တောင်အရပ်

ယတြာ                               – ထမနဲ ဆွမ်းတော်ကပ်လှူပါ။

 

စနေ

ပညာရေးကိစ်္စများ အဆင်ပြေမည်။ ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်မည်။ ငွေကြေးများ စုမိဆောင်းမိမည်။ လူချစ်လူခင် ပေါများမည်။ အိုးအိမ်ပြုပြင်ရတတ်သည်။ ကျန်းမာရေး စိုးရိမ် စရာ မရှိပါ။ မေတ္တာရေးသည်ကား ဖူးစာရှင်ကို ဆုံစည်းရမည့်အခါ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အညိုရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်              – အရှေ့မြောက်အရပ်

ယတြာ                                – ဖရဲသီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

 

                                                   လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                ဆရာရွှေစင်မြတ် (Geology)

                                                   ဝေဒလက္ခဏသုတေသီ