တိုင်းလွှတ်တော် အစည်းအဝေး ဖေဖော်ဝါရီလလယ် ကျင်းပမည်

0
402

တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၄ ရက် တွင် စတင်မည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။

အစည်းအဝေးတွင် မေးခွန်းများမေး မြန်းခြင်းနှင့် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေ(RE)ကို ဆွေးနွေးအတည်ပြုမည် ဖြစ်ပြီး ၃ ရက်ကျင်းပရန်လျာထားကြောင်း တိုင်းလွှတ်တော်ဥက်္ကဠ ဦးခင်မောင်အေးက ဆိုသည်။

သာမန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မရှိသည့် ထားဝယ်မြို့နယ် အတွက်လည်း မေးခွန်းများ ပြင်ဆင်နေပြီး အခြားမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်မှ ကိုယ်စားမေးမြန်းပေးနိုင်ရန် စီစဉ်နေ သည်ဟု ၎င်းက ပြောသည်။

ယခုကျင်းပမည့်အစည်းအဝေးသည် ဒုတိယအကြိမ်တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်၏ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်သည်။

                               Dawei Watch