မြိတ်တွင် ဘက်စုံသုံးနိုင်သည့် အုန်းဆီထုတ်လုပ်

0
471

သောက်သုံးနိုင်သည့်အပြင် ဘက်စုံ အသုံးပြုနိုင်သည်ဆိုသည့် အုန်းဆီကို မြိတ်မြို့တွင် ထုတ်လုပ်လျက်ရှိသည်။

အဆိုပါအုန်းဆီကို ဓာတုပစ္စည်း မပါဘဲ အုန်းသီးကိုသာ အသုံးပြုထုတ်လုပ် ထားကြောင်း King Island အုန်းဆီ ထုတ်လုပ်ရောင်းချနေသည့် ဦးမျိုးအောင်က ပြောသည်။

“ဆေးတော့မဟုတ်ဘူး အဖြည့် အာဟာရ အနေနဲ့ပါ”ဟု ဦးမျိုးအောင်က ပြောသည်။

သာမန်အုန်းဆီများကဲ့သို့ ဆံပင်ကို လိမ်းနိုင်သည့်အပြင် အသားအရေကောင်း မွန်စေရန် အသုံးပြုနိုင်ပြီး အရေပြားတွင် ဖြစ်တတ်သည့် ယားနာများကိုလည်း ပျောက်ကင်းစေနိုင်သည်ဟု ၎င်းက ဆို သည်။

အဆိုပါ အုန်းဆီထုတ်လုပ်ရန် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များ ရရှိထားသော်လည်း အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြု ချက်ရရှိရန် တင်ပြထားဆဲဖြစ်ကြောင်း King Island အုန်းဆီလုပ်ငန်း ထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)