နိုင်ငံရေး ဘောလုံးကန်မယ့်သူတွေ ထရိန်နင်မလိုဘူးလား

0
927

၂၀၁၉ ခုနှစ်ထဲ ရောက်လာပါပြီ။
နောက်နှစ်ဆိုရင် ရွေးကောက်ပွဲအတွက် အလုပ်တွေ ရှုပ်ကြပါတော့မယ်။ ဒါပေမယ့် တနင်္သာရီတိုင်းမှာတော့ ပါတီတွေ ငြိမ်ချက်သားကောင်းတုန်း။ ရွေးကောက်ပွဲ နီးရင်တော့ ဘယ်နားကပေါ်လို့ ပေါ်လာမှန်း မသိဘဲ အလျှိုလျှို ပေါ်လာကြတော့မယ်။ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း တွေလည်း အလျှိုလျှို ပေါ်လာကြပေတော့မယ်။ ကိုယ်စားလှယ်လောင်းတွေကို ပါတီအလိုက် လက်သင့်ရာ အဆင်ပြေသလို စိတ်ထင်ရာ ရွေးကြတော့မယ်။
သိချင်တာက ကိုယ်စားလှယ်လောင်း တွေကို ကြိုရွေးပြီး ကြို Train (လေ့ကျင့်ပေး)ထားဖို့ မလိုဘူးလား။
ရွေးကောက်ပွဲကော်မရှင်တောင် မဲဆန္ဒရှင်စာရင်းပြုစုဖို့ အတွက် သင်တန်းစပေးတာတွေ လုပ်နေပြီ။ ဘောလုံးစကားနဲ့ ပြောရင် ဒိုင်လုပ်မယ့်သူက စပြီးလေ့ကျင့် နေပြီလေ။ ဘောလုံးကန်မယ့်သူတွေက အိပ်လို့ကောင်းနေတုန်းပဲလား။
၂၀၂၀ – ၂၀၂၅ ကို နိုင်ငံရေးဘောလုံးရာသီပဲ ဆိုကြပါစို့။ အဲဒီအချိန်ငါးနှစ်စာ ဝင်ကန်မယ့် နိုင်ငံရေးသမားဘောလုံးသမားတွေကို အခုထိ လူမရွေးသေးတော့ ဘယ်လိုဝင်ကန်ကြမလဲ စဉ်းစားမရဘူး။
ဘောလုံးလောကမှာဆိုရင် အပျော်တမ်းအရ ကစားတဲ့သူတွေ၊ ကျန်းမာရေးအရ ကစားတဲ့သူတွေ၊ ပြိုင်ပွဲဝင်မယ့်သူတွေ အကုန်လေ့ကျင့်ကြရတာပဲ။ ပြိုင်ပွဲဝင်မယ့် သူတွေက တခြားသူတွေထက် ပိုတောင် လေ့ကျင့်ရသေးတာ။ နိုင်ငံရေးမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မဝင်တဲ့ နိုင်ငံရေးသမားတွေ ရှိသလိုမျိုး ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ကိုယ်စားလှယ်၊ အစိုးရလုပ်မယ့်သူတွေလည်း ရှိမှာပဲ။ သူတို့က တခြားနိုင်ငံရေးသမားတွေထက် ပိုပြီး ကြိုပြင်စရာ၊ လေ့ကျင့်စရာမလိုဘူးလား။
မူဝါဒရေးရာကိစ်္စတွေ၊ စီမံခန့်ခွဲမှု ကိစ်္စတွေ၊ ပြောဆိုဆက်ဆံရေး စသဖြင့် လေ့လာစရာ၊ လေ့ကျင့်စရာတွေက အများကြီးမှ အများကြီးပါ။
ဆိုတော့ လူမရွေးချယ်သေး၊ မလေ့ ကျင့်သေး၊ မသင်ကြားပေးသေးတဲ့ ပါတီတွေ မှာ ရွေးကောက်ပွဲနီးမှ ““မင်းရွေးကောက်ပွဲ ၀င်၊ မင်းလွှတ်တော်ဥက်္ကဋ္ဌလုပ်၊ မင်း ၀န်ကြီးချုပ်လုပ်၊ မင်းဝန်ကြီးလုပ်”” စသဖြင့် လုပ်ခိုင်းလုပ်ရမယ့် ဘက်စုံထူးချွန်သူကြီး တွေ ရှိနေတယ်လို့ပဲ မှတ်ယူရမလိုလို။
အမြဲတမ်းနီးပါးရှုံးနေတဲ့ မြန်မာ့လက် ရွေးစင်ဘောလုံးအသင်းတောင်မှ အချိန် အတိုင်းအတာတစ်ခုအထိ ကြိုရွေးကြ၊ ကြို ထရိန်နင် ဆင်းရတာပဲ။
အစိုးရသက်တမ်းငါးနှစ်အတွက်ဆိုရင် ဘောလုံးပွဲထက် အများကြီးပိုလေ့ကျင့် ဖို့ မလိုဘူးလား။
တကယ်ဆိုရင် အခုချိန်ကတည်းက ပါတီတိုင်းမှာ ၀န်ကြီးချုပ်လုပ်မယ့်သူ၊ လွှတ်တော်ဥက်္ကဋ္ဌ လုပ်မယ့်သူ၊ သက်ဆိုင် ရာ ကဏ္ဍအလိုက် ဝန်ကြီးလုပ်မယ့်သူတွေ လျာထားချက်ရှိဖို့ ကောင်းနေပါပြီ။
တကယ်လို့များ ငါတို့ပါတီက အာဏာ ရခဲ့ရင်၊ ငါတို့ပါတီက အာဏာဆက်ရခဲ့ရင် ဆိုတဲ့အတွေးနဲ့ ကြိုပြင်သင့်နေပါပြီ။ ပါတီဝင်တွေထဲမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မယ့်သူတွေလျာထားဖို့ အချိန်တန်နေပါပြီ။ ဥပမာ – ဘယ်သူက တော့ စည်ပင်သာယာရေးနဲ့ ပက်သက်ပြီး ပညာရှင်အဆင့်မှာ ရှိတယ်။ ဘယ်သူကတော့ သတ်္တုကဏ္ဍမှာတော်တယ် စသဖြင့် ကြိုရွေး၊ ကြို ထရိန်း(ွှမငေည) သင့်နေပြီ။ တကယ်လို့ ပါတီထဲမှာ အဲဒီလို လူမရှိရင် နယ်ပယ် အလိုက် ကျွမ်းကျင်ပညာရှင်တွေကို စည်းရုံး ထားသင့်နေပါပြီ။ အရှင်းဆုံးပြောရမယ် ဆိုရင် ပါတီတိုင်းမှာ အသင့်ကြိုဖွဲ့ထားတဲ့ အစိုးရအဖွဲ့(ှ့ေိသတွသလနမညာနညအ) ရှိနေသင့်ပြီ။ အခုရှိနေကြ ပြီလား။
ရွေးကောက်ပွဲဝင်မယ့်သူတိုင်းဟာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ အဖွဲ့ဝင်တွေ ဖြစ်လာနိုင်တယ်။ ကြိုပြီးတော့ ပြင်ဆင်မထား၊ လေ့ကျင့်မထားရင် ရွေးကောက်ပွဲနိုင်ပြီးနောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဝန်ကြီးချုပ်တွေ၊ ၀န်ကြီးတွေ ဖြစ်လာတဲ့အချိန်မှ မီးစင် ကြည့်က ကြမှာလား။
ဒါဆိုရင်လည်း အဲဒီအချိန်ကြရင် ပြောကြဦးပေါ့လေ။

ကျွန်တော်က ကျွန်မက ဝန်ကြီးချုပ် ဖြစ်မယ်၊ ၀န်ကြီးဖြစ်မယ်ဆိုတာကို တွေးတောင်မတွေးဖူးဘူး။ အဲဒါကြောင့် ဘာမှပြင်ဆင် ထားတာ မရှိဘူး။ အဘက သို့မဟုတ် အမေက တာဝန်ပေးလာတယ် ဆိုတော့ လုပ်ရမှာပဲလေ

ဆိုပြီးတော့ လုပ်ချင်လို့ လုပ်တာ မဟုတ်ဘဲ တာဝန်ပေး လို့ မတတ်သာလို့ လုပ်ရသလိုလို။
အဲဒီအချိန်ကျရင် လာဦးမှာ။
“ဘာမှ လာမပြောနဲ့ တာဝန်ပေးထားလို့ လုပ်နေတာ။ အစိုးရလုပ်တတ်တာ မဟုတ် ဘူးရယ်။ လုပ်တတ်သလို လုပ်နေတာ ဘာမှလာမပြောနဲ့” ဆိုပြီးတော့။
အစိုးရဖြစ်တဲ့အချိန်ကျရင် “ကျွန်တော်၊ ကျွန်မတို့က ပြည်သူလူထုအတွက် ကောင်းမယ်ထင်တာတွေကို လုပ်ပေးနေတာ။ အထွန့်မတက်နဲ့”ဆိုပြီး လာရင်လာဦးမှာ။
ရွေးကောက်ပွဲမ၀င်ခင်ကတည်းက ဘာမှကြိုပြင်မထားရင် ဒါကပြည်သူအတွက် ကောင်းမှာပဲ ဆိုပြီး သူတို့အမြင် ကိုယ့်အထင်နဲ့ လုပ်နေတဲ့ အလုပ်တွေက ပြည်သူအတွက် ဆိုးနေမယ့် ကိစ္စတွေလည်း ရှိနေမှာပဲ။
ဘာမှ ကြိုလေ့ကျင့်၊ ကြိုပြင်ဆင် ထားတာမရှိဘဲ ရွေးကောက်ပွဲမတိုင်ခင် တစ်နှစ်အလို ခြောက်လ အလိုမှ ပါတီခေါင်းဆာင်က လက်သင့်ရာရွေး။ ဥပမာ- သူနဲ့ အဆင်ပြေတဲ့သူ၊ သူက သေဆိုသေ ရှင်ဆိုရှင် တစ်သဝေမတိမ်းနားထောင်မယ့်သူ အဲသလို ရွေးချင်ရွေးကြပါဦးမယ်။ အဲချိန်ကျရင် ပါတီတွေထဲမှာလည်း ကွဲကြ၊ ပြဲကြ ပါဦးမယ်။
ဒါမှမဟုတ် ပါတီခေါင်းဆောင်ကြီးက “သူကတော့ လုပ်နိုင်မယ်ထင်တာပဲ။ သူကတော့ မလုပ်နိုင်ဘူးထင်တာပဲ” အဲဒီ လိုမျိုး အထင်မျိုးနဲ့ လည်းရွေးကြဦးမှာပဲ။
အဲဒါက ဘာနဲ့သွားတူလဲဆိုတော့ အသုံးမကျတဲ့ နည်းပြက အဆင်ပြေသလို ဘောလုံးအသင်းရွေးတာနဲ့ တူတယ်။

မင်းက အပြေးသန်တယ်၊ ဒါကြောင့် သူများတွေထက် ပိုပြေးနိုင်မယ်။ မင်းက ခန္ဓာကိုယ်ကြီးတယ်။ ဒါကြောင့် ပြိုင်ဘက် ကို ဘော်ဒီယှဉ်နိုင်လိမ့်မယ်။ မင်းကတော့ အမောခံနိုင်တယ်။ တခြားသူထက် သာလိမ့်မယ်

ဆိုပြီး အရည်အချင်း သတ်မှတ်ချက် တွေနဲ့ ရွေးတာမျိုး။ တကယ်က ပိုပြေးနိုင်တာ၊ ခန္ဓာကိုယ်ကြီးတာ၊ အမောခံနိုင်တာထက် ပိုအရေးကြီးတာက ဘောလုံးကန်တတ်ဖို့ လိုပါတယ်။
ရွေးကောက်ပွဲနီးတဲ့အချိန်ကျရင် အာဏာရထားသူတွေက ကိုယ့်မဲဆန္ဒနယ် မှာ လမ်းခင်းပေး၊ တံတားဆောက်ပေးတာ တွေ ဆက်တိုက်လုပ်တာတွေ၊ အာဏာမရ တဲ့သူတွေကလည်း ရွေးကောက်ပွဲနီးမှ ပေါ်လာပြီး “ကျွန်တော်က ကျွန်မက ပြည်သူ့ အတွက် အလုပ်လုပ်မယ့်သူပါ၊ ကျွန်တော်တို့ကို ခိုင်းပါ။ ကျွန်မတို့ကိုခိုင်းပါ”ဆိုပြီး အာဘောင်အာရင်းသန်သန်နဲ့ မဲဆွယ်ကြ တာမျိုး အများကြီးကြုံရဦးမှာပါ။
နောက်ပြီးတော့ လက်ရှိအာဏာရ ထားသူတွေရော၊ အာဏာမရထားတဲ့သူ တွေပါ ပြီးခဲ့တဲ့ငါးနှစ်စလုံး နေချင်သလို နေခဲ့ပြီးတော့မှ ရွေးကောက်ပွဲနီးမှ ပါတီခေါင်းဆောင်တွေက မဲလာဆွယ်ပေးတာမျိုးလည်း လုပ်ကြဦးမှာပါ။
အဲလိုမျိုး လုပ်ရိုးလုပ်စဉ်အတိုင်းလုပ် ပြီး ဘာမှ ပြင်ဆင်မထားသူတွေ ရွေးကောက် ပွဲဝင်ကြမယ်ဆိုရင်တော့ ဘယ်ပါတီပဲ တက်တက် လူသာပြောင်းသွားမယ်။ ပါတီသာပြောင်းသွားမယ်။ အခုလက်ရှိထက် ဘယ်တော့မှ ပိုပြီးကောင်းလာမှာ မဟုတ်ဘူး။
မဲဆန်္ဒရှင်ပြည်သူတွေကိုလည်း သနား ကြပါဦးဗျာ။ သူတို့မှာ ရွေးချယ်စရာတောင် မရှိဘူး။ ပါတီတိုင်းနီးပါးရဲ့ ကိုယ်စားလှယ် လောင်းတွေက လူသာ မတူတာ။ ဘာမှ ဟုတ်တိပတ်တိမတတ်တဲ့ သူတွေချည်းပဲ ဆိုရင်၊ ဘာမှကောင်း ကောင်းမလေ့လာ ကြိုမပြင်ထားတဲ့ သူတွေပဲဆိုရင် အကုန်ပုပ်နေတဲ့ ငါး ပုံးထဲ က အကောင်းဆုံးငါးရွေးရသလို ဖြစ်နေမှာပဲ။
“ဒီငါးလေးက ပုပ်တော့ပုပ်နေတယ်။ ဒါပေမယ့် ကြောင်ကျွေးလို့တော့ ရလောက်မှာပါလေ” ဆိုပြီးတော့။