တယ်လီနော Broadband ကို သရက်ချောင်းနေ သုံးစွဲသူတစ်ဦး တိုင်ကြား

0
447

ကြော်ငြာထားသည့်အတိုင်း ၀န်ဆောင် မှုမရရှိခြင်းကြောင့်ဟုဆိုကာ တယ်လီနော Broadband  သုံးစွဲသည့် သရက်ချောင်း မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက တိုင်ကြားထားကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။

အဆိုပါ တယ်လီနော Broadband သုံးစွဲသူက နေပြည်တော်ရှိ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီကို အွန်လိုင်းမှတစ်ဆင့် တိုင်ကြားထားခြင်း ဖြစ်ပြီး ဇန်န၀ါရီလ ၁၆ ရက်တွင် တိုင်းဒေသကြီး စားသုံးသူရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကြော်ငြာတဲ့အတိုင်း ၀န်ဆောင်မှု ပြန်လုပ်မပေးဘူးဆိုပြီး သူ့အတွက်နစ်နစ် မှုရှိတယ်ဆိုပြီးတိုင်တယ်”ဟု ဦးဝင်းထွန်း က ပြောသည်။

Telenor Broadband  ကို အကန့် အသတ်မဲ့ (Unlimited) ဖြင့် ၂၀၁၈ ခုနှစ်က စတင်ရောင်းချခဲ့ပြီး နောက်ပိုင်း တွင် မျှတစွာသုံးစွဲခြင်းမူဝါဒအရဟုဆိုကာ တစ်ရက်လျှင် ဒေတာ 10GB သို့ လျှော့ချခဲ့သည်။

လက်ရှိတွင် တစ်ရက်လျှင် 3.7GB အထိ လျှော့ချလိုက်ခြင်းကြောင့် သုံးစွဲသူ များအကြား ပြောဆိုဝေဖန်မှုများရှိခဲ့သည်။

စတင်ဝယ်ယူချိန်က ဒေတာကို အကန့်အသတ်မဲ့သုံးစွဲနိုင်သည်ဟု ဆိုသည့်အတွက် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး သက်တမ်းကုန်ဆုံး ပါက ထပ်သုံးဖြစ်မည်မဟုတ်တော့ကြောင်း ထားဝယ်မြို့ ၀ဲကျွန်းရပ်ကွက်နေ မြသေိ ဘညေိ  သုံးစွဲနေသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“အခုပုံစံအတိုင်းဆိုရင် သုံးစွဲသူတွေ ကို မထီမဲ့မြင်လုပ်ရာကျတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ယခုနှစ် ဇန်န၀ါရီလ ၈ ရက်မှစတင် ၍ တယ်လီနော Broadband အင်တာနက် ၀န်ဆောင်မှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် CICC သို့ တိုင်ကြား သည့်စာပေါင်း ၃၃၈ စောင်လက်ခံရရှိထား ကြောင်း စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်သည်။

ဇန်န၀ါရီလ ၁၈ ရက် နေ့စွဲဖြင့် ထုတ် ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

တိုင်ကြားစာများကို တိုင်းနှင့်ပြည် နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များထံ လွှဲပြောင်းပေးပို့၍ ဖြေရှင်းဆောင် ရွက်နေပြီး စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်မှလည်း တယ်လီနောကုမ္ပဏီ တာဝန် ရှိသူများကို ခေါ်ယူဆွေးနွေးရန် စီစဉ်နေ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တယ်လီနောကုမ်္ပဏီ တာဝန်ရှိသူများ နှင့် ဆွေးနွေးပြီး ရရှိလာမည့်အဖြေကို သုံးစွဲသူ များသိရှိစေရန် ထုတ်ပြန်ပေးမည်ဖြစ် ကြောင်း CICC က ထုတ်ပြန်ထားသည်။

 

ကိုဇော်