ပြင်ကြီးကျွန်းရွာတွင် ရေငံဝင်သည့် လယ်ဧက တစ်ထောင်ခန့်ပျက်စီး

0
658

ပြင်ကြီးကျွန်းရွာတွင် ရေငံဝင်သည့် လယ်ဧက တစ်ထောင်ခန့်ပျက်စီး လောင်းလုံးမြို့နယ်၊ ပြင်ကြီးကျွန်း ကျေးရွာတွင် လယ်ထဲသို့ ပင်လယ်ရေ ၀င်ရောက်ခြင်းကြောင့် လယ်ဧက တစ်ထောင်ခန့် ပျက်စီးခဲ့ကြောင်း ယင်းကျေး ရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ ယင်းကျေးရွာတွင် ၂၀၁၈ ခုနှစ် အတွင်း ပင်လယ်နှင့် လယ်မြေကို ပိုင်းခြား ထားသည့် အရှည် ပေ ခြောက်သောင်းခန့်ရှိ တာတမံ နိမ့်ဆင်းလာခြင်း၊ ရေယိုပေါင် များဖြစ်လာခြင်းတို့ကြောင့် ရေငံဝင်ကာ ပျက်စီးခြင်းဖြစ်ကြောင်း ဦးဝင်းကြိုင်က ပြောသည်။ “မိုးရာသီတုန်းက စပါးပင်တွေက အားလုံးအောင်မြင်နေပြီးတော့ ရိပ်ခါနီးမှ ရေခမ်းပြီး ဆားငံရေ၀င်သွားတာဆိုတော့ ဒဲဒီမှာ အကုန်လုံး ပျက်ကုန်တာ” ဟု ဦးဝင်းကြိုင်ကဆိုသည်။ ယင်းအတွက်ကြောင့် အဆိုပါနိမ့်ဆင်းနေ သည့် တာတမံကို ပြုပြင်ပေးရန် တိုင်း အစိုးရအဖွဲ့ကို ဒေသခံများလက်မှတ်ထိုးပြီး တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းင်းက ပြော သည်။ ယင်းကဲ့သို့ လယ်မြေအတွင်း ရေငံဝင် ရောက်နေခြင်းကြောင့် လယ်လုပ်ကိုင် စားမရတော့သဖြင့် ပြင်ကြီးကျွန်းကျေးရွာမှ ရွာသာ ၅၀ ခန့် နိုင်ငံခြားသို့ ထွက်ခွာ အလုပ်လုပ်ကိုင်နေရကြောင်း တိုင်းအစိုးရ ထံ စာပို့တောင်းဆိုရန် ကူညီပေးနေသည့် ထားဝယ်တိုင်းရင်းသားများပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးအေးက ပြောသည်။ ယင်းတာတမံကို ၂၀၁၉ ခုနှစ်တွင် အချိန်မီမပြုပြင်နိုင်ပါက လယ်မြေပျက်စီး မူ လက်ရှိအခြေအနေထက်ပိုဆိုးရွားလာ နိုင်ပြီး လယ်သမားများ အလုပ်လက်မဲ့ပို ဖြစ်လာမည်ဖြစ်ကြောင်း ဦးအေးက ပြောသည်။ လက်ရှိတာတံမှ အမြင့်သုံပေခန့်သာ ရှိတော့သဖြင့် နောက်ထပ် သုံးပေးခန့်ထပ်မံမြှင့်တင်ရန်လိုအပ်နေပြီး ရေယိုပေါက် များကိုလည်း ပြည်လည်ပြုပြင်ရန် လိုအပ် နေကြောင်း ဦးဝင်းကြိုင်ကပြောသည်။ ပြင်ကြီးကျွန်းရွာသည် ထားဝယ်မြစ် အတွင်း ပင်လယ်ဝအနီးရှိ ပြင်ကြီးကျွန်း ပေါ်တွင် တည်ရှိသည်။

ကျော်သူစိုး