ကမ်းနီးကင်းမွန်လှေ မီးထွန်းခွင့် ၁၅ ကီလိုဝပ် သုံးခွင့်ပြု

0
670

တနင်္သာရီတိုင်းအတွင်းရှိ ကမ်းနီး ကင်းမွန်လှေငယ်များ မီးထွန်းဖမ်းဆီးခွင့် အတွက် ၁၅ ကီလိုဝပ် အသုံးပြုခွင့်ပေးလိုက် ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ကမ်းနီးလှေ သတ်မှတ်ချက်နှင့်ညီညွတ်သော ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကမ်းနီး ကင်းမွန်လှေများ ၁၅ ကီလိုဝပ်အားဖြင့် မီးထွန်း ဖမ်းဆီးခွင့်ပြုကြောင်း စိုက်ပျိုးရေးမွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုရုံးမှ မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနသို့ ဇန်န၀ါရီလ ၃ ရက် ရက်စွဲဖြင့်ညွှန်ကြားခဲ့သည်ဟု အထက်ပါဌာနထံမှ သိရသည်။
၂၀၁၈-၁၉ ငါးဖမ်းရာသီအတွက် ကမ်းဝေးကင်းမွန်လှေများအား ဒိုင်နမို ကီလို ၄၀ နှင့် ကမ်းနီးလှေများအတွက်မူ ၃ ကီလိုမှ ၅ ကီလိုသာကြားသာအသုံးပြုရန် ၂၀၁၈ စက်တင်ဘာလ ၃ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနရုံးချုပ်က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်ကြောင့် ကမ်းနီးကင်းမွန်လှေအများစုမှာ ကင်းမွန်ရာသီတွင် ပင်လယ်ပြင်သို့ ထွက်ခွင့်မရဘဲ ရပ်နားထားခဲ့ရသည်။
ယင်းထုတ်ပြန်ချက်မတိုင်ခင်က ကမ်းဝေးကင်းမွန် လှေများအနေဖြင့် ကင်းမွန်ဖမ်းဆီးရာတွင် ကီလို ၄၀ မှ ကီလို ၁၀၀ အထိအသုံးပြုခဲ့ကြပြီး ကမ်းနီးကင်း မွန်လှေများအနေဖြင့်မူ ၁၅ ကီလိုမှ ကီလို ၂၀ အထိ အသုံးပြုခဲ့ကြသည်။
၃ ကီလိုမှ ၅ ကီလိုသာ မီးထွန်းရမည် ဟူသည့် အမိန့်စာထွက်သည့်အချိန်က စပြီး ရပ်နားထားခဲ့ရသည့် ကမ်းနီးလှေ လုပ်ကိုင်သူများမှာ ပြန်လည်ခွင့်ပြုလိုက် သည့်အမိန့်ကြောင့် ဝမ်းသာနေကြကြောင်း ကျွန်းစုမြို့နယ်၊ ကမ်းနီးကင်းမွန်လှေ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးရဲထွဋ်က ပြောသည်။
“ကမ်းနီးမှာ ၁၅ ကီလိုနဲ့ လုပ်လို့ ရတယ် အဆင်ပြေတယ်”ဟု ၎င်းက ပြောသည်။

 

ကိုဆန်း