ရှေးဟောင်းအုတ်ခွက်ဘုရား တွေ့ရှိသည့်နေရာကို ဖေဖော်ဝါရီလဆန်း စမ်းသပ်တူးဖော်မည်

0
459

ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာတွင် ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိသည့်နေရာကို လာမည့် ဖေဖော်ဝါရီ လဆန်းတွင် စမ်းသပ်တူးဖော်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။
ရှေးဟောင်းအုတ်ခွက်ဘုရားများကို တူးဖော်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဇင်ဘာလတွင် တူးဖော်ခွင့်ပြုထားပြီဖြစ်ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့သို့ ထပ်မံ ခွင့်ပြုချက်တောင်းထားကြောင်း အထက်ပါ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမောင်ဆန်းဝင်းက ပြောသည်။
“ငွေရေးကြေးရေးကိစ်္စရော စီမံခန့်ခွဲဖို့ အတွက်ရော တိုင်းအစိုးရကို တင်ထားတယ်၊ တိုင်းကကျလာတာနဲ့ ကျွန်တော်တို့ စတူး တော့မယ်၊ တူးဖော်ရေးက အကုန်လုံးတူးဖော်မှာ မဟုတ်ဘူး၊ စမ်းသပ်တူးဖော်ရေး လုပ်မှာ”ဟု ဦးမောင်ဆန်းဝင်းက ဆိုသည်။
အဆိုပါမြေနေရာအား အမြန်ဆုံးတူး ဖော်စေလိုပြီး ရှေးဟောင်းပစ်္စည်းများ မတွေ့ရှိပါက ယင်းမြေနေရာအား ပိုင်ရှင် ပြန်လည် အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း ရှင်မုတ္ထီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်စိုးပိုင်က ပြောသည်။
“အခုချိန်ထိကတော့ မျှော်နေရတာ လောက်ပဲ၊ ဒီထက်မြန်လေ ကောင်းလေပဲ၊ အမြန်ဆုံးနည်းနဲ့ တူးရလေကောင်းလေ” ဟု ဦးသက်စိုးပိုင်က ဆိုသည်။
မုတ်္ထီးမြို့ဟောင်း (မုတ္ထသုခနာဂရ မြို့ဟောင်း) ယခု ရှင်မုတ္ထီးဟု ခေါ်တွင်သော ကျေးရွာတွင် ကျေးရွာသားတစ်ဦး နေအိမ်ဆောက်လုပ်ရန် စက်ယန္တရားဖြင့် ခြံရှင်း ရာ ၂၀၁၈ ခုနှစ်၊ မေလ ၂၀ ရက်က ရှေး ဟောင်းအုတ်ခွက် ဘုရား ၅၀ ဆူထွက် ပေါ်လာ ခဲ့ခြင်းဖြစ်သည်။

 

Dawei Watch