ပဲ့ချိတ်သမားများ တရားမ၀င်နေရပ်ပြန်သူ တင်ဆောင်လာက အရေးယူမည်

0
498

ကော့သောင်း-ရနောင်း ပြေးဆွဲနေသည့် ပဲ့ချိတ်စက်လှေမောင်းသမားများအနေဖြင့် ထိုင်းဘက်မှ အချုပ်ရက်စေ့ ပြန်လွှတ်လိုက်သည့် မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများထံ သတင်းမပို့ဘဲ အခကြေးငွေယူကာ ကော့သောင်းဘက် သို့ ခေါ်ဆောင်လာပါက အရေးယူမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မူကြောင့် ဖမ်းမိထားသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ကို နေရပ်ပြန်ပို့သည့်အခါ နှစ်နိုင်ငံအသိအမှတ်ပြု တရားဝင်ပြန်ပို့ခြင်း မဟုတ်ဘဲ အခကြေးငွေယူပြီး ကော့သောင်းဘက် ခေါ်လာသည့် ပဲ့ချိတ်သမားများ ရှိနေကြောင်း အထက်ပါ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းသို့လာပို့သည့်သူများတွင် နိုင်ငံသားမဟုတ်သူများနှင့် စိတ်ကျန်းမာရေး မကောင်းသူများလည်း ပါဝင်လေ့ရှိကြောင်း ၎င်းက ပြောသည်။

ဇန်န၀ါရီလ ၇ ရက်က တရားမ၀င် နေရပ်ပြန်သူများကို တင်ဆောင်လာသည့် ပဲ့ချိတ်လှေ ၄ စီးကို ခံဝန်ထိုးခဲ့ ကြောင်း သိရသည်။

ဇန်န၀ါရီ ၁၅ရက်ကလည်း ထိုင်းနိုင်ငံ အချုပ်ထောင်မှ ပြန်လည်လွှတ် လိုက်သည့် မြန်မာ့ရွှေပြောင်းအလုပ် သမား တင်ဆောင်လာသည့် ပဲ့ချိတ်စက် လှေ ၇စီးကို  စက်လှေပြေးဆွဲခွင့် ၁၀ ရက် ရပ်နားခိုင်းကာ အရေးယူထားကြောင်း သိရသည်။

၂၀၁၈ နိုဝင်ဘာမှ ဇန်န၀ါရီလအထိ ထိုင်းဘက်မှ တရားဝင်လွဲပြောင်းပေးသည့် မြန်မာအလုပ်သမား  ၁၆၀ကျော် ရှိပြီ ဖြစ်ကြောင်း လူဝင်မူကြီးကြပ်ရေးဌာနခွဲ(၂) ကော့သောင်းထံမှ သိရသည်။

 

မိုးအိ