GGS ကုမ္ပဏီ တင်ဒါကိစ္စတွင်ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် နောက်ရွေးကောက်ပွဲ ပယ်မည်

0
481

ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးနေသည့် Global Grand Service(GGS) ကုမ္ပဏီကို တင်ဒါပေးချိန်က ပါဝင်ပတ်သက်သည့် လွှတ်တ်ာကိုယ် စားလှယ်တစ်ဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(NLD)က အရေးယူထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ယင်းပြစ်ဒဏ်ချမှတ်ခံရသူမှာ တိုင်းအဆင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့် နောက်လာမည့် ရွေးကောက်ပွဲတွင် ၀င်ပြိုင်ခွင့်မရှိတော့ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

လျှပ်စစ်တင်ဒါကိစ္စ ပါတီသို့ တိုင်ကြားလာသည့်အပေါ် စစ်ဆေးပြီးနောက် ပါဝင်ပတ်သက်နေသည့် အဆိုပါ ကိုယ်စားလှယ်အား စာဖြင့် သတိပေး ရေးယူခဲ့သည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

“ဒီ(တင်ဒါချထားပေးတဲ့)ကိစ္စနဲ့ ပတ်သက်တဲ့သူတစ်ယောက်ပေါ့၊ GGS ကုမ္ပဏီနဲ့ ပတ်သက်တဲ့ကိစ္စမှာ သတိပေးတဲ့ အရေးယူမှု လုပ်ခဲ့တာပါ”ဒေါက်တာမျိုးညွန့်က ဆိုသည်။

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်တွင် GGS ကုမ္ပဏီနှင့် တိုင်းအစိုးရတို့ ချုပ်ဆိုထားပြီး ထိုစာချုပ်တွင် တိုင်းအစိုးရဘက်မှ တိုင်းဒေသကြီးလျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က လက်မှတ်များ ရေးထိုးထားသည်။

အထက်ပါအရေးယူမှုနှင့်ပတ်သက်၍  ဦးကြည်လှိုင်အား ဇန်န၀ါရီလ ၁၉ ရက်က ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့်မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အရေးယူခံရသူမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်ဟုပြောဆိုခဲ့သဖြင့် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟု ဆိုရာတွင် တိုင်းအစိုးရအဖွဲ့ဝင်များပါ အကျုံးဝင်/မ၀င် NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်အား မေးမြန်းခဲ့ သော်လည်း အသေးစိတ်မဖြေလိုဟု ပြန်လည်ဖြေဆိုခဲ့သည်။

“အဲဒါတွေတော့ အသးစိတ် မပြောတော့ပါဘူး။ အကုန်လုံးကို ဖွင့်ပြောလို့ မဖြစ်လို့ပါ။ ပေးထားတဲ့ ညွှန်ကြားချက် အတိုင်း မလုပ်ဘူး၊ ဒါမှမဟုတ်ရင် ကျော်ဇော သတင်းရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ အရေးယူတာပါ”ဟု ဒေါက်တာမျိုးညွန့် က ပြောသည်။

တနင်္သာရီတိုင်းအတွင်းမှ ဒေသခံ အချို့နှင့် NLD ပါတီဝင် အချို့က မည်သူသည် တင်ဒါကိစ္စတွင် မည်သို့ကျူးလွန်ခဲ့ သည့်အတွက် အရေးယူခဲ့သည်ကို ပါတီဗဟိုမှ ပွင်းလင်းစွာ ထုတ်ဖော်ပြော ကြားစေလိုကြောင်း ပြောကြသည်။

ပါတီဗဟိုမှ ပွင့်လင်းမြင်သာမှု မရှိခြင်းက လုပ်ပိုင်ခွင့်ရှိသူတို့ အာဏာအလွဲသုံးမှုအား  အာဏာရပါတီကို အားကိုး တကြီး တိုင်ကြားသူများအတွက် တာဝန်ကျေ လုပ်ပြသလိုဖြစ်ကာ ပါတီအပေါ် လူထု ယုံကြည်မှု ကျဆင်းလာနိုင်ကြောင်း ပါတီအတွင်းရေးကိစ္စတစ်ခုအား ဗဟိုသို့ တိုင်ကြားထားသည့် ပါတီဝင်တစ်ဦးက ပြောသည်။

“(အရေးယူတာက) လုပ်ဇာတ်လား လို့ လူတွေ ပါတီအပေါ် ယုံကြည်မှု အားနည်းလာမှာ စိုးတယ်””ဟု အထက်ပါ ပါတီဝင် က ပြောသည်။

တိုင်းတွင်း မဲဆန္ဒရှင်အချို့ကလည်း မည်သည့်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ကို အရေးယူထားသည်ကို တိတိကျကျ သည့်လိုကြောင်း ပြောကြသည်။

ပွင့်လင်းမြင်သာမှုမရှိခြင်းမှာ ပြည်သူကို မျက်နှာမမူခြင်း ဖြစ်ပြီး ပါတီရဲ့ပုံရိပ်ကို ကျဆင်းလာစေနိုင်ကာ ၂၀၂၀ ရွေးကောက်ပွဲအတွက် အားနည်း သွားသည်အထိ ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ထားဝယ်)မှ ဦးကျော်ကျော်သက်က ပြောသည်။

“ပြည်သူကိုပဲ ဦးတည်ပြီးတော့ မဲဆန္ဒရှင်တွေ သိသင့်တဲ့ဖြစ်စဉ်တစ်ခုကို ချပြသင့်တယ်လို့ပဲ မြင်တယ်”ဟု ဦးကျော်ကျော်သက်က ပြောသည်။

တင်ဒါကိစ္စ လုပ်ပိုင်ခွင့်ရှိသူမှာ အစိုးရ အဖွဲ့သာလျှင်ဖြစ်ပြီး လျှပ်စစ်ကိစ္စဆိုက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးလော၊ သို့မဟုတ် တိုင်း၏ တာဝန်အရှိဆုံး၊ တာဝန်အခံရ ဆုံးဝန်ကြီးချုပ်လော စသဖြင့် မဲဆန္ဒရှင်များေ၀၀ါးတွေးဆနေရခြင်းမျိုး မဖြစ်သင့်ဟု ဦးကျော်ကျော်သက်က ပြောသည်။

“အဲလိုမျိုး အပြင်ကနေ လိုက်တွေး နေရတယ်။ မဖြစ်သင့်ဘဲနဲ့ပေါ့။ သူများတိုင်းဒေသကြီးတွေမှာလည်း ဖြစ်(အရေးယူ)တဲ့ ဖြစ်စဉ်တွေရှိနေတာ ပဲလေ။ ကိုယ့်တိုင်းဒေသကြီးမှာလည်း ပွင့်ပွင့်လင်းလင်း ချပြရင်တော့ ပါတီရဲ့ ပုံရိပ်မထိခိုက်ဘူးပေါ့”ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းအတွက် တိုင်းအစိုးရက ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် တင်ဒါ ခေါ်ယူခဲ့ပြီး GGS ကုမ္ပဏီက တင်ဒါအောင်ခဲ့ ခြင်း ဖြစ်သည်။

ပြိုင်ဘက်ကုမ္ပဏီများက လျှပ်စစ် ထုတ်လုပ်မှု တစ်ယူနစ်အတွက် လိုင်းပေါ် တင်ဈေးကို ၂၀၀ ကျပ်ဝန်းကျင် နှုန်းဖြင့် တင်ဒါဝင်ပြိုင်ခဲ့ကြရာတွင် GGS ကုမ္ပဏီက ၁၃၀ ကျပ်နှုန်းဖြင့် တင်ဒါ အောင်ကာ လျှပ်စစ်ထုတ်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

GGS ကုမ္ပဏီသည် လျှပ်စစ်ထုတ် လုပ်ရေးအတွက် တနင်္သာရီတိုင်းအစိုးရ အဖွဲ့ တစ်ခုတည်းနှင့်သာ စာချုပ်ချုပ် ဆိုထားကြောင်း ဦးအောင်မြတ်က ပြော သည်။

လက်ရှိတွင် GGS ကုမ္ပဏီသည် လျှပ်စစ်စတင်ထုတ်လုပ်ချိန်ဖြစ်သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လ မှ ၂၀၁၈ နှစ်နှောင်းပိုင်းအထိ ပြည်ထောင်စုသို့ ဂက်စ်ဖိုးအကြွေး ၈ ဘီလီယံကျော် ပေးသွင်းရန် ကျန်ရှိနေသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် GGS ကုမ္ပဏီကို ပြည်ထောင်စု ၀န်ကြီးဌာနက ရွေးချယ်ခဲ့ခြင်း မဟုတ်ဘဲ၊ တိုင်းအစိုးရ အနေဖြင့်သာ ရွေးချယ်ခဲ့ခြင်းကြောင့် ယင်းလုပ်ငန်းကို ကြီးကြပ်စစ် ဆေးရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများ ရှိပါက ခွင့်ပြုမိန့် ရုတ်သိမ်းရန် တိုင်း အစိုးရကသာ တာဝန်ခံ ဆောင်ရွက်ရမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် က ပြောဆိုထားသည်။

GGS ကုမ္ပဏီ၏ အကြွေးကျန်ကိစ္စ နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်  လွှတ်တော်ကိုယ်စား လှယ်အချို့က ဝေဖန်ခဲ့ကြသည်။

ထိုဝေဖန်မှုများမှတစ်ဆင့် ထားဝယ် ခရိုင်အတွင်း မီးသုံးစွဲသူများကြား လျှပ်စစ် ကိစ္စ ပွက်လောရိုက်ခဲ့သည်။

အထက်ပါ တင်ဒါကိစ္စတွင် ပါဝင် ပတ်သက်သူအား ပြစ်ဒဏ်ချမှတ်ခဲ့သည့် ကိစ္စ မှာ ၂၀၁၈ ခုနှစ်ကဖြစ်ပြီး လတ်တလော ပွက်လောရိုက်နေသည့် ထားဝယ်ခရိုင် လျှပ်စစ်ကိစ္စအတွက် မဟုတ်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောသည်။

လတ်တလော ပွက်လောရိုက်နေသည့်နှင့်ပတ်သက်၍မူ ပါတီသို့ တိုင် ကြားသူ မရှိသေးဟု ဒေါက်တာမျိုးညွန့် က ပြောသည်။

“နောက်ပိုင်းမှာ တိုင်လာတာ မရှိဘူး ဗျ၊ အရင်တုန်းက တိုင်ရင်တော့ ပေါ်ပေါက် အောင် စစ်ဆေးပြီးအမြဲတမ်း အရေးယူ နေပါတယ်။ နောက်ပိုင်းမှာ တိုင်တာကို မရှိတာပါ”ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

Dawei Watch