အဝေးသင်အောင်စာရင်း ရက်နှစ်ဆယ် နီးပါးကြာသည်အထိ ထားဝယ်မရောက်

0
470

ရန်ကုန် အဝေးသင်ဌာနမှ ပို့လိုက် သည့် သိပ္ပံဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများ ရက်နှစ် ဆယ်ကျော်ကြာသည်အထိ ထားဝယ် အဝေးသင်ဌာနသို့ ရောက်မလာသေး ကြောင်း အဆိုပါ ဌာနနှစ်ခုထံမှ သိရသည်။

ယင်းအောင်စာရင်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်ကတည်းက စာတိုက်မှတစ်ဆင့် ထားဝယ်သို့ ပို့လိုက် ပြီးဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက်္ကသိုလ် သင်တန်းရေးရားဌာနမှူး ဦးအောင်ခိုင်သန်းက ပြောသည်။

သို့သော် ထားဝယ်တက္ကသိုလ် အဝေးသင် သင်တန်းဌာနသို့ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်အထိ ယင်းအောင် စာရင်းများ ရောက်မလာသေးကြောင်း ထားဝယ်တက်္ကသိုလ် အဝေးသင် သင်တန်း ဌာနစုမှူး ဒေါ်ချိုချိုမြင့်က ပြောသည်။

“အောင်စာရင်းက တရားဝင် ရောက် မလာသေးတော့ (သိပ္ပံကျောင်းသားများ ကို) ကျောင်းအပ်လက်ခံလို့ မရသေးဘဲ ဖြစ်နေတယ်”ဟု ဒေါ်ချိုချိုမြင့်က ဆို သည်။

ယခင်ကမူ ယင်းကဲ့သို့ နောက်ကျ လေ့မရှိဘဲ ၇ ရက်ခန့်သာ ကြာလေ့ရှိ ကြောင်း ထားဝယ်အဝေးသင်ဌာနတွင် နှစ်ရှည် တာဝန်ထမ်း ဆောင်နေသည့် ၀န်ထမ်းတစ်ဦးက ပြောသည်။

ပထမနှစ်ဝက် သိပ္ပံဘာသာရပ် လက်တွေ့သင်တန်းများကိုမူ ဇန်န၀ါရီလ ၁၂ ရက်ကတည်းက စတင်ဖွင့်လှစ်နေပြီး ဖြစ်သော ကြောင့် ကျောင်းမအပ်ရသေး သည့် ကျောင်းသားများ လက်တွေ့သင် တန်းနှစ်ကြိမ် လွတ်သွားပြီ ဖြစ်သည်။

ယင်းလွတ်သွားသည့် လက်တွေ့ သင်တန်းများကို သြဂုတ်လတွင် ပြန်လည် အစားထိုး တက်ရောက်စေမည်ဖြစ် ကြောင်း ဒေါ်ချိုချိုမြင့်က ပြောသည်။

ယင်းကဲ့သို့ အောင်စာရင်းနောက်ကျနေခြင်းကြောင့် လုပ်ငန်းခွင်ဝင်ရောက် ရန်ပြင်ဆင်နေသည့် နောက်ဆုံးနှစ်ဖြေ ထားသော သိပ်္ပံတွဲ ကျောင်းသား၊ ကျောင်းသူ များ အခက်တွေ့နိုင်ကြောင်း ထားဝယ် တက်္ကသိုလ် အဝေးသင် သချာင်္ တတိယနှစ် ကျောင်းသား ကိုသော်လွင်အောင်က ပြော သည်။

“အခု အောင်စာရင်းထွက်တာနဲ့ စတုတ္ထနှစ်(နောက်ဆုံးနှစ်) အောင်မြင်ကြောင်း ထောက်ခံစာနဲ့ အလုပ်ဝင်မယ်ဆိုပြီး စီစဉ်ထားတဲ့သူတွေ အခက်အခဲဖြစ်မယ်”ဟု ကိုသော်လွင်အောင်က ဆိုသည်။

ကျောင်းသား၊ ကျောင်းသူအများစုမှာ အောင်စာရင်းကို အင်တာနက်မှတစ်ဆင့် သိရှိထားပြီး ဖြစ်သော်လည်း ကျောင်းသို့ အောင်စာရင်း တရားဝင်မရောက်လာသေး ခြင်းကြောင့် အခက်တွေ့နေကြခြင်း ဖြစ် သည်။

အခြားတိုင်းနှင့်ပြည်နယ်အချို့တွင်မူ  အဝေးသင် သိပ္ပံဘာသာရပ် အောင်စာရင်း များ ထွက်ရှိနေပြီဖြစ်ကြောင်း အဝေးသင် ကျောင်းသာ၊ ကျောင်းသူအချို့ထံမှ သိရသည်။

ကျော်သူစိုး