တားမြစ်ပိုက်ဖြင့် ငါးခိုးဖမ်းသည့် ငါးဖမ်းလှေများကို ဖမ်းဆီးအရေးယူ

0
421

ကော့သောင်းမြို့နယ်၊ ငလုံးလက်ဖယ် ကျွန်းမြောက်ဘက် မြန်မာ့ပင်လယ်ပြင် အတွင်း တားမြစ်ငါးဖမ်းပိုက်ဖြင့် ငါးခိုးဖမ်းသည့် မီးထွန်းငါးဖမ်းလှေတစ်စီးကို ဇန်န၀ါရီ ၁၁ရက်တွင် တပ်မတော်(ရေ)က ဖမ်းဆီးခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။
ငလုံးလက်ဖယ်ကျွန်းတွင် ကျောက်ချ ရပ်နားထားသော ယင်းငါးဖမ်းမီးထွန်းလှေအား တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ နိုင်ငံတော်မှ တားမြစ်ထားသည့် တရားမ၀င် (ပါကျေး ကျန်)ပိုက်အား အသုံးပြု ငါးဖမ်းနေသည် ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးကာ သက်ဆိုင်ရာ ငါးဦးစီးဌာနထံ အပ်နှံခဲ့သည် ဟု အထက်ပါ ရဲစခန်းက ဆိုသည်။
အဆိုပါ ငါးဖမ်းစက်လှေအား ထပ်မံ စစ်ဆေးခဲ့ရာ စက်လှေအမည်မပါ ငါးလုပ် ငန်းဦးစီးဌာန ထုတ်ပေးထားသည့် လှေဂရမ် စက်ဂရမ် ခွင့်ပြုချက်စာရွက်စာတမ်းများလည်း မပါရှိကြောင်း သိရသည်။
အဆိုပါ ကိစ်္စနှင့်ပတ်သက်၍ တား မြစ်ငါးဖမ်းပိုက်ဖြင့်ငါးခိုးဖမ်းသည့် ငါး ဖမ်းလှေပေါ်ပါ ပဲ့နင်းနှင့်အတူ ရေလုပ်သား ၅ဦးကို မြန်မာ့ပင်လယ်ငါးဖမ်း လုပ်ငန်းပုဒ်မ ၄၅အရ ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

မိုးအိ