ဆင်ခြေထောက်ကာကွယ်ရေး သန်ချဆေးပေါင်း အကြောင်း တစေ့တစောင်း

0
795

“ဆင်ခြေထောက်ရောဂါ ကာကွယ်ရေး သန်ချဆေးပေါင်း တိုက်ကျွေပေး”ဟူသည့် ကြွေးကြော်သံဖြင့် တနင်္သာရီတိုင်း အတွင်း လာမည့် ဇန်န၀ါရီလ ၂၂ ရက် ညနေပိုင်းမှ စတင်ကာ ကျန်းမာရေးဌာနများမှ ပြည်သူလူထုသို့ အိမ်တိုင်ရာရောက် ဆင်ခြေထောက်ရောဂါ ကာကွယ်ရေး ဆေးပေါင်း လာရောက်တိုက်ကျွေးကြပါ လိမ့်မည်။

ယင်းကာလတွင် ပြည်သူလူထုအတွင်း ဆင်ခြေထောက် ကာကွယ်ရေးဆေးပေါင်း ဘာလဲ၊ ဘယ်လဲ၊ ကာကွယ်ဆေး သောက်သင့် မသောက်သင့် သံသယတို့ဖြင့် သို့လော သို့လော မေးမြန်းသံ၊ အုတ်သော် သောင်းနင်း ငြင်းခုံသံတို့ ညံလာမည်။ သေချာ ရှင်းလင်း ပြောပြသူ မရှိပါက တစ်ယောက် တစ်ဦး၊ တစ်သင်း တစ်ဖွဲ့မှ အစပြုကာ အရေးကြီးသော နိုင်ငံအဆင့် စီမံချက် လုပ်ငန်းစဉ် တစ်ခုလုံး သဲထဲရေသွန် ပမာ ထိခိုက်လာနိုင် ပါသည်။

ဆိုရှယ် မီဒီယာများမှ တစ်ဆင့် ပြန့်ပွား လာတတ်လေသော မဟုတ်မမှန် သတင်း စကားများကြောင့် နယ်စပ်ဒေသများမှ တစ်ဆင့် မိမိ မိသားစုများထံ ဖုန်းဖြင့်တစ်ဖုံ၊ ဆက်သွယ်ရေး ကွန်ရက်များမှတစ်နည်း  ကျန်းမာရေးဌာနမှ တိုက်ကျွေးသော ဆေးများကို မသောက်ကြဖို့ တားမြစ်ကြ၊ ကြားဖူးနားဝ သံသယ စကားများ ဖြန့်ဝေ ကြလျက် အနီးစပ်ဆုံး ကျန်းမာရေးဝန်ထမ်း များ၊ ဆေးပေးခန်းများသို့ ထင်မြင်ချက်၊ သံသယအမေးများ  မေးကြမြန်းကြ ပြောကြ ဆိုကြမည်မှာ အသေအချာပင်။

ဆင်ခြေထောက်ရောဂါ ဘာလဲ ဘယ်လဲ

ကမ္ဘာ့မြေပုံကို ကြည့်လျှင် ဆင်ခြေ ထောက်ရောဂါ အန္တရာယ်ရှိနေသော နိုင်ငံများအထဲ မြန်မာနိုင်ငံသည် မလွဲမသွေ  ပါဝင်နေသလို မြန်မာ့မြေပုံကြည့်လျှင် လည်း တနင်္သာရီတိုင်းသည် ဆင်ခြေထောက် ရောဂါ အန္တရာယ်သည် စိုးရိမ်စရာ အနီရောင် အဆင့် သတ်မှတ်ချက်အတွင်း ပါဝင်လျက် ရှိပါသည်။

အပြောလွယ်သလောက် အသိခက်ပါ သည်။ ဆင်ခြေထောက်ရောဂါ ဘာလဲ ဘယ်လဲဆိုပြီး မေးမြန်းလာပါက အတော်များများက မသိကြသည့်အတွက် ဖြေဖို့ ခက်တတ်ပါသည်။ ဆင်ခြေထောက်ရောဂါ ဆိုသဖြင့် ဆင်မှ တစ်ဆင့် ကူးသလား၊ ရောဂါ အမည်မှာ ခြေထောက်ပါသဖြင့် ခြေထောက်မှာပဲ ဖြစ်သလား။ အခြားမှာ မဖြစ်တတ်ဘူးလား စသည်ဖြင့် ရမ်းသမ်း ပြောကြဆို ကြကာမျှဖြင့် ဘာမှန်း ဂဃဏန သိသူ ရှားပါသည်။ မသိသဖြင့်လည်း မိမိတို့ပတ်ဝန်းကျင်မှာ ယင်းရောဂါ အန္တရာယ် ရှိမှန်းမသိ၊ မသိသဖြင့် မကြောက်ကြ။

ဆင်ခြေထောက်ရောဂါသည် ကျူးလက်စ် အမည်ရှိ ခြင်မှတစ်ဆင့် ကူးစက်သော သန်ကောင် ကပ်ပါးပိုး တစ်မျိုးကြောင့် လူသို့ ကူးစက်ပြန့်ပွားသည်။ ခြင်ကိုက်ခံရ ပြီး ခြောက်လမှ တစ်နှစ်အထိ ကပ်ပါးပိုး သည် လူ၏ကိုယ်တွင်း အန္တရာယ်မပေး၊ လက္ခဏာ မပြပါဘဲ ရှိနေနိုင်သည်။ ယင်းမှ တစ်ဆင့် အခြားသူများသို့ ခြင်ကိုက်ခံရရာ မှ တစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပါသည်။

ခြင်သည် မိမိတို့ပတ်ဝန်းကျင်မှာ ထုနှင့်ဒေး၊ သို့အတွက် လူတိုင်းအဖို့ နေ့တဓူဝ ခြင်အကိုက်ခံရသည်က အဆန်းတကြယ် မဟုတ်ကြ။ ဠနခအသမ ဃသညအမသူ ဆိုရမည့် ခြင်အစရှိသည့် အင်းဆက်ကောင်များ ထိန်းချုပ်ခြင်းလုပ်ငန်းသည် ကမာ်္ဘ့ပူနွေးလာ မှုကြောင့် တကြောင်း၊ လူနေထူထပ်လာခြင်း နှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းခြင်း တို့ကြောင့် သေချာမအောင်မြင်သည့် သည်တိုင်းဒေသကြီးအတွင်းမှာ ခြင်သည် ရှားပါး သတ်္တ၀ါမဟုတ်။ ခြင်အကိုက်ခံရခြင်း သည်လည်း အဆန်းမဟုတ်။ သို့ကြောင့် လည်း မကြာသေးမီက မြိတ်မြို့ လယ်ကောင် မှ မြစ်ငယ်ရပ်ကွက်အတွင်းက  ငြါ့အြူသသှိကမလနပ ဆိုရမည့် ညဘက်တွင် သွေးမှန်ပြား စစ်ဆေးသည့် လူအချို့သွေး ထဲမှာ ယင်းဆင်ခြေ ထောက်ကပ်ပါးပိုး  တွေ့ကြသည်မှာ အဆန်းမဟုတ်။

ခြင်ပေါသည့် နေရပ်ဖြစ်သည့် အပြင် မြန်မာ့မြေပုံ၊ ကမ္ဘာ့မြေပုံမှာ ဆင်ခြေ ထောက်ရောဂါ အန္တရာယ်ရှိနေသည့် ဒေသ တွင်ရှိနေသည်ဖြစ်သဖြင့် မြစ်ငယ်ရပ်ကွက် သာမက များစွာသော နေရာဒေသများမှာ ယင်းပိုး လူမသိ သူမသိ ပြန့်ပွား ကူးစက်နေနိုင် သည်ဆိုလျှင် လက်သင့်ခံရမည့် အနေ အထား။

ဆင်ခြေထောက်ရောဂါဆိုသည့်အတွက် ခြေထောက်တွင်သာ ဖြစ်သလား။ ဆိုတော့ မဟုတ်။ ယင်း ဆင်ခြေထောက် ရောဂါ ဖြစ်စေသော ကပ်ပါးသန်ကောင် သည် လူ၏ သားနံရည်ကြိတ်များအတွင်း ကူးစက်ပြီး သန်ကောင်ပေါက်များစွာကို မွေးထုတ်ကာ သားနံရည်ကြောများမှ တစ်ဆင့် သွေးကြောများအတွင်း ဖြန့်ဝေ လျက် ယင်းလူနာအား အခြား ခြင်များက ကိုက်ခြင်းဖြင့် ထပ်ဆင့်ကာ အခြားသူများ ကို ကူးစက်ပြန့်ပွားစေ နိုင်ပါသည်။

ဆင်ခြေထောက်ဆိုတာ ကြောက်စရာ လား။ ဆိုလျှင် လူအများစုက မကြောက် ကြ။ ခြေထောက်မှာပဲ ဖြစ်သလား။ ဆိုလျှင် မဟုတ်ပါ။ ဆင်ခြေထောက် ရောဂါ ကူးစက်ခံရပြီ ဆိုပါလျှင် အောက်ပါ ရောဂါ လက်္ခဏာများ ခံစားကြရတတ်ပါသည်။

သိသာသော လက္ခဏာများ အနေ ဖြင့် ဖျားခြင်း၊ ခြင်အကိုက်ခံရပြီး အင်ပျဉ် ထွက်ခြင်း၊ ခန္ဒာကိုယ် ယောင်ယမ်းခြင်း၊ ခြေ၊ လက်များ ယောင်ယမ်းခြင်းတို့ ဖြစ်နိုင် ပါသည်။ သို့သော် သာမန် ခြင်ကိုက်ခံရ လျှင်လည်း ယင်းသို့ဖြစ်နေကျ ဖြစ်သဖြင့် သတိမူမိမည် မဟုတ်ပါ။ ကပ်ပါးကောင် ၏ သက်တမ်းမှာ လူ့ခန္ဒာကိုယ်အတွင်း တွင် လေးနှစ်မှ ခြောက်နှစ်အထိ အသက်ရှိ နေနိုင်ပါသည်။

နောက်မှ မသိမသာဖြစ်သော လက္ခဏာ များဖြစ်သည့် ဆီးဆန်ဆေးရည်အရောင် သွားလာခြင်း၊ ကပ်ပယ်အိတ်၊ ရင်သား၊ သားနံရည်ကြိတ်များယောင်ယမ်းခြင်းတို့ ဖြစ်လာနိုင်ပါသည်။ ယင်းအဆင့်မှ ရောဂါ လက်္ခဏာမပြဘဲ ခြောက်လမှ တစ်နှစ်အထိ ကြာနိုင်သည်။ နောက်ပိုင်းမှ ခြေထောက်၊ မျိုးပွား အင်္ဂါ၊ ရင်သား၊ လက်များ ကြီးထွားလာကာ ရောဂါ လက်္ခဏာ ပြလာပါတော့သည်။

ယင်းသို့

ခန္ဒာကိုယ် အစိတ်အပိုင်း များ ချို့ယွင်းကြီးထွားခြင်း ကဲသို့ ရောဂါ လက်္ခဏာများ ပြလာပါတော့မှ ထိရောက် သော ကုသမှုရရှိရန် ခက်ခဲပါသည်။ လူမှုရေး အခက်အခဲများ ရင်ဆိုင်ရကာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်ခံစားရလျက် အချို့မှာ လူတော မတိုးရဲပါဘဲ မိမိကိုယ်ကို သတ်သေသည် အထိ ထိခိုက်ခံစားရနိုင်ပါသည်။

နိုင်ငံ အတွက်မူ ကုန်ထုတ်စွမ်းအားကျဆင်း ခြင်း၊ ရောဂါအတွက် ငွေကြေးကုန်ကျခြင်း စသော ဆုံးရှုံးမှုများ ရင်ဆိုင်ရနိုင်ပါသည်။

ဆင်ခြေထောက်ရောဂါ သမိုင်းနှင့် မြန်မာ

၁၈၇၇တွင် မကွေးတိုင်း၊ သရက်မြို့နယ် အတွင်းနေ အိန်္ဒိယနွယ်ဖွားအမျိုးသားတစ် ဦးမှာ ပထမဆုံး ဆင်ခြေထောက်ပိုးကို စတွေ့ရသည်ဟု ဆိုပါသည်။ ၁၉၂၅တွင် ဆင်ခြေထောက်ပိုးတွေ့ လူနာများအား ဆေးစတင် ကုသပေးခဲ့ကြပြီး ၁၉၅၆တွင် ရန်ကုန်ဆေးရုံကြီးမှ ဒေါက်တာ နန်္ဒီ (Dr.Nandi)မှ ကပ်ပယ်အိတ် ရေမုတ်စွဲ လူနာများတွင် ဆင်ခြေထောက် ရောဂါပိုး ကူးစက်ခံထားရကြောင်း လေ့လာတွေ့ရှိခဲ့ ပါသည်။

၁၉၅၉ခုနှစ်တွင် ရန်ကုန် မြူနီစပယ် မှ ယင်းဆင်ခြေထောက်ရောဂါပိုးတွေ့လူနာများအား ရှာဖွေထိန်းချုပ် ကုသပေးခဲ့ ပါသည်။ ၁၉၆၀တွင် ရန်ကုန်တိုင်း ကျန်းမာ ရေးဌာနမှ ရောဂါထိန်းချုပ်ကုသမှုကို တာဝန်ယူခဲ့ပါသည်။ ၁၉၆၂မှ ၁၉၆၅အထိ WHO မှ ဦးဆောင်လျက် ဆင်ခြေထောက် ရောဂါ သုတေသနပြုလုပ်ကာ ၁၉၆၆မှ ၁၉၆၉အထိ ခြင် ထိန်းချုပ်ရေးစီမံချက်ဖြင့် ၁၆ မြို့နယ်တွင် စမ်းသပ်ကာ ဆင်ခြေထောက် ရောဂါ ကာကွယ်ရေးလုပ်ငန်းကို အစပျိုးခဲ့ သည်။ ၁၉၇၀တွင် ယင်း ဆင်ခြေထောက် ရောဂါ ကာကွယ်နှိမ်နင်းရေးကို ကျန်းမာရေး ဌာနမှ အဆင့်မြှင့်ခဲ့ပြီး ၁၉၇၈မှ ယနေ့ အထိ VBDC အမည်ရှိ အင်းဆက်ပိုးမွှားများ မှ တဆင့် ကူးစက်ပြန့်ပွားတတ်သော ရောဂါ များ ကာကွယ်နှိမ်နင်းရေးအဖွဲ့မှ ယင်းဆင်ခြေထောက်ရောဂါ ကာကွယ် နှိမ်နင်း ရေးကို အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့ ကြပါသည်။

ဆင်ခြေထောက်ရောဂါ ကာကွယ်ရေး လူကုန်ဆေးတိုက်ကျွေးဗျူဟာ

၂၀၀၁မှ စတင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဆင်ခြေထောက်ရောဂါ အမြစ်ပြတ်နှိမ်နင်း ရေးဗျူဟာကို မြန်မာနိုင်ငံတွင် စတင် အကောင် အထည်ဖော်ခဲ့ပါသည်။ မျှော်မှန်း ချက်မှာ ၂၀၂၀ပြည့်နှစ်တွင် လူတစ်ထောင် လျှင် ပိုးတွေ့နှုန်း တစ်ယောက်အောက် လျော့နည်းရေး ဖြစ်ပါသည်။

ယင်းဗျူဟာ၏ နည်းနာနှစ်ရပ်မှာ BDC ဆေးပြားနှင့် သန်ချဆေးပါဝင် သော ဆင်ခြေထောက်ရောဂါ ကာကွယ်ရေး ဆေးပေါင်းဖြင့် လူကုန် ဆေးတိုက်ကျွေး ခြင်းစီမံချက်ဖြင့် (တစ်ပတ်အတွင်း စီမံချက်ဖြင့် လူကုန်ဆေးတိုက်ကျွေးခြင်း ကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ခြောက် နှစ် ဆက်တိုက် တိုက်ကျွေးခြင်းဖြင့် )ဆင်ခြေထောက်ရောဂါ ကူးစက်ပြန့်ပွားခြင်း ကို ထိန်းချုပ်ရန်နှင့် ယင်းရောဂါကြောင့် ဖြစ်ပွားသော ရောဂါများကို ထိန်းချုပ်ကုသ ရန် ဖြစ်ပါသည်။ ယင်းစီမံချက်ကို ပထမ ဆုံး စတွေ့သော မကွေး နှင့် မြေလတ်ဒေသများ မှ အစပြုကာ ရရှိလာသော ပြည်ပ ထောက်ပံ့ ကူညီမှု အခြေအနေများအရ တိုင်းနှင့် ပြည်နယ် အသီးသီးသို့ နယ်မြေများ  ချဲ့ထွင် တိုက်ကျွေးလာခြင်း ဖြစ်ပါသည်။

ဆေးတိုက်ကျွေးရာတွင်

၁) နှစ်နှစ်အောက်ကလေး

၂) ကိုယ်ဝန်ဆောင်

၃) နာတာရှည်ရောဂါကြောင့် အိပ်ရာ ထဲ လဲနေသူ။

၎) ရောဂါကြောင့် ဆေးတစ်မျိုးမျိုးကို စွဲသောက်နေရသူတို့မှအပ လူအားလုံး အား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျန်ခဲ့သူ မရှိရလေအောင် ဒေသတစ်ခုလုံးအတွင်း တစ်ချိန်တည်း တစ်ပြိုင်နက်တည်းတွင် ကာကွယ်ဆေးဖြင့် လွှမ်းခြုံမှု ရရှိအောင် တိုက်ကျွေးကြရပါမည်။

တနင်္သာရီတိုင်းအတွင်း ဇန်န၀ါရီ လ ၂၂ ရက် ညနေပိုင်းမှမှ အစပြုကာ တိုက်ကျွေးမည့်ဆင်ခြေထောက်ရောဂါ ကာကွယ်ရေး ဆေးပေါင်း လူကုန်ဆေး တိုက်ကျွေးခြင်းသည် ဆဋ္ဌမနှစ်မြောက် ဖြစ်ပြီး ယခင် နှစ်စဉ်နှစ်တိုင်းလိုလိုပင် ဆေးတိုက်ကျွေးပြီး ဒေသများတွင် မြို့နယ် အချို့အား ရွေးချယ်လျက် ညဘက် သွေးမှန်ပြား စစ်ဆေးခြင်းဖြင့် စီမံချက် အောင်မြင်ထိ ရောက်မှု ရှိမရှိ ဆန်းစစ်လျက် ရှိပါ၏။

သို့ဆိုလျှင် ဆေးပေါင်း အဘယ် ကြောင့် တိုက်ကျွေးရသည်။ ဘယ်အထောက် အပံ့ ကြောင့်သာ သည်မျှ ဆေးတန်ဖိုး ဒေါ်လာ သန်းပေါင်းများစွာကို အကုန် အကျခံကာ ဘယ်အတွက် အပင်ပန်းခံ ကာ ဆေးလိုက်တိုက်ကြရသည်ဆိုသည့်အကြောင်း ရှင်းလင်းမည်ဟု ယူဆပါ သည်။

ဆေးကြောင့် ဘာတွေ ဖြစ်နိုင်လဲ

မသိမဖြစ် သိသင့်သည့် အကြောင်း အရာများ ဖြစ်ပါသည်။

လူအများစုတွင် မည်သည့် လက်္ခဏာ မှ မခံစားရပါ။ လူအချို့တွင် ခေါင်းမူး ခြင်း၊ ဖျားခြင်းတို့ ဖြစ်တတ်ပြီး လူအနည်း စုမှာမူ အင်ပျဉ်ထွက်ခြင်း ဖြစ်တတ်ပါ သည်။ ပြင်းထန်ဆိုးရွားသော ဘေးထွက်ဆိုး ကျိုးများ အလွန်နည်းပါးပါသည်။ ဖြစ်လာ ပါက အနီးစပ်ဆုံး ကျန်းမာရေးဌာနများ ထံ ဆက်သွယ်လျက် ကုသမှု ပေးနိုင်ရန် လည်း အသင့်စီစဉ်ထားရှိပါသည်။

အချုပ်အားဖြင့် ဆိုရလျှင် ရောဂါ ၏ အန်္တရာယ်နှင့် လူမသိ သူမသိ ပြန့်ပွား နေတတ်သော လူမှုဘ၀ ဒုက်္ခပေးနိုင်သော ဆင်ခြေထောက် ရောဂါပိုး နိုင်ငံအတွင်း တိုင်းအတွင်း ကူးစက်ပြန့်ပွားနေခြင်း အား ယင်းနေ့၊ အချိန်တွင် တစ်ချိန် တည်း တစ်ပြိုင်တည်း တညီတညွတ် တည်း လူကုန် ဆေးတိုက်ကျွေးခြင်း ဖြင်လျှင် ယင်းတိုင်းဒေသ ယင်းနိုင်ငံ အ၀ှမ်း ကာကွယ်ဆေးဆိုသည့် ခြုံစောင် ဖြင့် လုံအောင်ကာကွယ်လျက် ဆင်ခြေ ထောက် ရောဂါကူးစက်မှုကို ဖြတ် တောက် နိုင်မည်ဖြစ်ရာ ဆင်ခြေထောက် ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း ကို လူကုန်ဆေးတိုက်ကျွေးနိုင်ရေး ၀ိုင်းဝန်း ကူညီပေးကြရန် တိုက်တွန်းနှိုးဆော်လိုက် ရပါသည်။

 

 

                 ကိုရိုးဆေး