ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း ၂၁-၁-၂၀၁၉ မှ ၂၇-၁-၂၀၁၉ အထိ

0
685
Bay-Din

ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

၂၁-၁-၂၀၁၉ မှ ၂၇-၁-၂၀၁၉ အထိ

တနင်္ဂနွေ

ဘာပဲလုပ်လုပ် အဆင်ပြေချောမွေ့နေမည်။ ဘုန်းကံကြီးမားမည်။ ရွှေထည်ပစ္စည်းများ ၀င်မည်။ ယခုလ၌ မီးဖို၊ ပေါင်းအိုး အစရှိသည်တို့ မ၀ယ်ပါနှင့်။ ယခုကာလ၌ စကားမှားဘေးတွေ့ ဖြစ်တတ်သည်မို့ အထူးသတိပြုပါ။ မည်သည့်စာမေးပွဲဖြေဖြေ အဆင်ပြေမည်။ မေတ္တာရေးသည်ကား မင်္ဂလာပွဲဆင်နွှဲရမည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – ပန်းရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်              – အရှေ့မြောက်အရပ်

ယတြာ                                – သစ်သီးကိတ်မုန့်ကို ပါးပါးလှီး၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

 

တနင်္လာ

ငွေကြေးကုန်တာထက် ပိုဝင်မည်။ မော်တော်ကား ၀င်မည်။ ပညာရေး အဆင်ပြေမည်။ မတော်တဆ သင့်ကို စွပ်စွဲမှု ပြစ်တင်မှုလည်း ခံရတတ်သည်။ ရပ်ဝေးဧည့်သည်များ  သင့်အိမ်သို့လာမည်။ ကျန်းမာရေးအနည်းငယ် ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား မုန်းတာ ခဏ မေတ္တာက ထာဝရ ဖြစ်ပါမည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်              – တောင်အရပ်

ယတြာ                                – သင်္ဘောသီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

 

အင်္ဂါ

ပုလဲကျောက်မျက်ဝင်မည်။ ရပ်ဝေးမြေခြား ခရီးသွားရမည်။ ဆေးကုသနေသူများ ဆေးဝါးတိုးပြီး ကျန်းမာလာမည်။ ဓနဥစ္စာရှိသူများနှင့် သိကျွမ်းရခြင်း သူတို့၏အကူအညီများရခြင်း ဖြစ်မည်။ ပညာရေး အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူကသင့်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါမည်။

အကျိုးပေးသော အရောင်         – လိမ္မော်ရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ ပြောက်ကျားရောင်

မသွားသင့်သော အရပ်             – တောင်အရပ်

ယတြာ                               – မိတ်ဆွေတစ်ဦးအား လက်ဖက်ရည် ဒါနပြုပါ။

 

ဗုဒ္ဓဟူး

မြေ၀င်မည်။ နတ်ကောင်းနတ်မြတ်များ မစမည်။ စီးပွားဥစ္စာဖြစ်ထွန်းမည်။ ပညာရှာသူများ အဆင်ပြေ ချောမွေ့မည်။ သို့သော် ယခုလ၌ ယာဉ်မ၀ယ်ပါနှင့်။ မေတ်္တာရေးသည်ကား သင့်ချစ်သူ ထံမှ မေတ္တာများ ရရှိမည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်            – အရှေ့မြောက်အရပ်

ယတြာ                             – မိမိ၏ မွေးနေ့၌ အရဟံဂုဏ်တော်ဖြင့် ပုတီး၆ ပတ် စိတ်ပါ။

 

ကြာသပတေး

ဘုရားဖူးခရီးများသွားရမည်။ ငွေကြေးဓန ဥစ္စာများ တိုးပွားသည်ထက် တိုးပွားမည်။ အမျိုးသမီး တစ်ယောက်၏ ကူညီမစမှု ခံရမည်။ သင့်လုပ်ငန်းနှင့်ပတ်သက်၍ အကြံကောင်းရမည်။ စက်တပ် ယာဉ်များ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူတွေ ၀ိုင်းဝိုင်းလည်လည်မည့်အခါ ဖြစ်သည်။

အကျိုးပေးသောအရောင်            – အဖြူရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင် ၊ အစိမ်းရောင်

မသွားသင့်သော အရပ်           – အရှေ့အရပ်

ယတြာ                            – ဖရဲသီးကို အစိတ်စိတ်ပြု၍ အစေ့မပါစေဘဲ ဆွမ်းတော်ကပ် လှူပါ။

 

သောကြာ

သင့်လုပ်ငန်းနှင့်ပတ်သက်၍ အခြေအနေတိုးတက်ခြင်း နေရာကောင်းရခြင်း ဖြစ်မည်။ သင်ပြောသည့် စကားသည် သြဇာညောင်း၍ အောင်မြင်မည်။ ပညာရေး အဆင်ပြေမည်။ မော်တော်ကား၊ ယာဉ် ထွက်မည်။ ၀မ်းဗိုက်နှင့်ပက်သက်၍ ရောဂါရတတ်သည်။ မေတ္တာရေးသည်ကား အစကောင်း၍ အနှောင်းသေချာပါမည်။

အကျိုးပေးသော အရောင်         – ပြောက်ကျားရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – ပန်းရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်              – တောင်အရပ်

ယတြာ                                – ဘုရားစေတီများ ရွှေသင်္ကန်းကပ်ရာ၌ အလှူငွေပါဝင်ပါ။

 

စနေ

အမွေအနှစ် ရရှိတတ်သည်။ အင်တာဗျူးဖြေဆိုခြင်း၊ စာမေးပွဲဖြေဆိုခြင်းများ ရလဒ်ကောင်းမည်။ Aircon ၊ ပန်ကာ၊ ကွန်ပျူတာ စသော စက်ပစ်္စည်းများ ၀င်မည်။ လူချစ် လူခင်များမည်။ ခါး၊ ကျောက်ကပ်ရောဂါရတတ်သည်။ မေတ္တာရေးသည်ကား သင့်အချစ်သည် မှန်ကန်သည်မို့ သင့်ထံမေတ္တာများ ရောက်လာမည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ အနီရောင်၏

မသွားသင့်သော အရပ်             – အရှေ့မြောက်အရပ်

ယတြာ                               – ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားကပ်လှူပါ။

 

 

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

ဆရာရွှေစင်မြတ် (Geology)

ဝေဒလက္ခဏသုတေသီ