ကျွန်းစုတွင် ငွေကျပ် ၁၇ သိန်းကျာ်တန်ဖိုးရှိ ကကူရံငါးတစ်ကောင် ဖမ်းမိ

0
605

ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ် စု ပြင်သာကျေးရွာတွင် ငွေကျပ် ၁၇ သိန်း ကျော်တန်ဖိုးရှိ ကကူရံ(ဒေသအခေါ်-ကျွဲရင်) ငါးကြီးတစ်ကောင်အား ဖမ်းမိခဲ့ ကြောင်း ယင်းကျေးရွာနေသူတချို့ထံမှ သိရသည်။

ဇန်န၀ါရီလ ၁၄ ရက်က ပြင်သာကျေး ရွာအနီးရှိ မြစ်ထဲတွင် ကလေးငယ်တစ်ဦး ချထားသည့်ငါးဖမ်းပိုက်အတွင်း ကကူရံ ငါးကြီး လာငြိကာ  ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းင်းတို့ထံမှ သိရသည်။

ကကူရံငါးမှာ ၄၂ ကီလိုရှိပြီး စခန်း သစ်ကျေးရွာတွင်သွားရောက်ရောင်းချခဲ့ရာ တစ်ကီလိုလျှင် ၄၂၀၀၀ ကျပ်နှုန်းဖြင့် ၁၇ သိန်းကျော် ရရှိခဲ့ကြောင်း ကျေးရွာနေ သူအချို့ထံမှ သိရသည်။

 

မြင့်မိုရ်(မြိတ်)