ကျိုက်ထိုမြို့ပေါ် စတိုးဆိုင်တွင် AK ၄၇ သေနတ်ကိုင် မျက်နှာဖုံးစွပ် နှစ်ဦး ၀င်လု

0
496

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တောင်သူစု ရပ်ကွက်ရှိ စတိုးဆိုင်တစ်ဆိုင်တွင် AK ၄၇  ရိုင်ဖယ်သေနတ်ကိုင်ထားသည့် မျက်နှာ ဖုံးစွပ်လူနှစ်ဦး ၀င်ရောက်လုယက်ခဲ့ ကြောင်း ကျိုက်ထိုမြို့မရဲစခန်းထံမှ သိရ သည်။

ဇန်န၀ါရီလ ၁၅ ရက်  ည ၁၁ နာရီကျော် အချိန်တွင် OneStop Market  စတိုးဆိုင် အတွင်းသို့ မျက်နှာဖုံးစွပ်လူနှစ်ဦး ၀င်ရောက် လာကာ အရောင်းစာရေးထံမှ ငွေတောင်းခံ ခဲ့ပြီး အရောင်းစာရေးက မရှိကြောင်း ပြန်ပြောချိန်တွင် ကောင်တာအံဆွဲအတွင်း ရှိ ရောင်းရငွေများအား နှိုက်ယူခဲ့ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။

၎င်းအပြင် ဈေးဝယ်ရန် ရောက်လာသူ အမျိုးသားတစ်ဦးထံမှ ဆိုင်ကယ်သော့ ကို လုယူပြီး ယင်းဆိုင်ကယ်ဖြင့် ထွက်ပြေး သွားခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းထံမှ သိရသည်။

“သေနတ်ပစ်သွားတာတော့ မရှိပါဘူး၊ ကျူးလွန်သူ ၂ ဦးကိုတော့ ဖမ်းမိထားပြီးပြီ၊ သူတို့က ဆိုင်ထဲဝင်လာပြီး သေနတ်ပြ ပိုက်ဆံတောင်းတယ်၊ ဆိုင်က မရှိဘူးပြော လို့ နှိုက်ယူသွားတယ်”ဟု ကျိုက်ထိုမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အေးမြင့်က ပြောသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ အရောင်းစာရေးတစ်ဦးက လာရောက်တိုင် တန်းခဲ့ပြီး ကျူးလွန်သူများကို ပိတ်ဆို့ ရှာဖွေ စဉ် နံနက် ၂ နာရီအချိန်ခန့်တွင် ကျိုက်ထို-ကင်မွန်းစခန်းလမ်းအတိုင်း အရှိန်ပြင်း စွာမောင်းနှင်သွားသည့် ဆိုင်ကယ်အား မသင်္ကာသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာမှ ကျူးလွန်သူနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ယင်း ရဲစခန်းထံမှ သိရသည်။

၎င်းင်းတို့နှစ်ဦးထံမှ AK ၄၇ သေနတ် တစ်လက်နှင့် ကျည် ၄၀ တောင့်၊ ကျည်အိမ် တစ်ခု၊ စတိုးဆိုင်မှ လုယူသွားသည့် ကျပ် ၂ သိန်းကျော်၊ ဆိုင်ကယ် တစ်စီးတို့ကို သိမ်းဆည်း ရမိကြောင်း ဒုရဲမှူးအေးမြင့်က ပြောသည်။

စစ်ဆေးမှုအရ အဆိုပါ ကျူးလွန်သူ ၂ ဦးမှာ ရန်ကုန်တိုင်း ဗိုလ်တစ်ထောင် မြို့နယ်နေ ရဲထက်နှင့် သန်လျင်မြို့ နေထိုင် သူ အောင်ကိုကိုဦးတို့ဖြစ်ကြောင်း ကျိုက်ထို မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူနှစ်ဦးအား ကျိုက်ထိုမြို့မ ရဲစခန်းတွင် (ပ)၄၃/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ အရ အမှုဖွင့်အရေးယူထား ကြောင်း ကျိုက်ထိုမြို့မရဲစခန်းထံမှ သိရ သည်။

 

ယဉ်စနိုင်း