တစ်ပတ်အတွင်း တနင်္သာရီလှုပ်ရှားမှုများ

0
994
၁) ကာ့သောင်းမြို့တွင် အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၁၉ ရက် မနက်က ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံသားများလည်း လာရောက် ယှဉ်ပြိုင်ခဲ့သည်။ ဓာတ်ပုံ – မိုးအိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 


 

၂) ၂၀၁၈-၂၀၁၉ ပညာသင်​နှစ်​​ ကော့​သောင်းမြို့နယ်​အတွင်း ကျောင်း​ပေါင်းစုံ ပညာ​ရေးစုံညီပွဲ​တော်​ကို ဇန်​နဝါရီ ၁၅ ရက်က မဉ္ဇူသကခန်းမတွင်​ ကျင်းပခဲ့သည်​။ ဓာတ်ပုံ – နိုင်သစ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


၃) လောင်းလုံးမြို့နယ် သကျက်တောကျေးရွာ နှင့် အနီးအနားကျေးရွာအချို့ရှိ ဒေသခံများအား တိုင်းအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများက မြေလွတ်မြေလပ်မြေရိုင်းများအကြောင်း အသိပေးဆွေးနွေးပွဲကို ဇန်န၀ါရီလ ၁၇ ရက်က ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – ကျော်သူစိုး

 

 

 

 

 

 

 

 

 

 

 

 

 

 


၎) ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်န၀ါရီလ ၁၈ ရက်က သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – နိုင်ဝင်း(ပြန်/ဆက်)

 

 

 

 

 

 

 

 

 

 

 

 

 

 


၅ ) မြိတ်တက္ကသိုလ်၏ အနှစ်နှစ်ဆယ်ပြည့် (ကြွေရတု) အထိမ်းအမှတ်အဖြစ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ က မြိတ်တက္ကသိုလ်ဝင်းအတွင်း ကျင်းပခဲ့ကြသည်။ ဓာတ်ပုံ-မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

 

 

 

 

 

 

 

 

 

 

 

 


 

၆ ) သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိသာရ နှင့် ဒေါက်တာ အရှင်ဣန္ဒာစရိယ၊ ဒေါက်တာ ဘဒ္ဒန္တ သုတာစာရလင်္ကာရတို့ဟောကြားသည့် သီတဂူဓမ္မသဘင်အား ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ မြိတ်မြို့မ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဓာတ်ပုံ-ဇော်မျိုးနိုင်