ပညာပါအောင် သင်ကြရာဝယ်

0
1143

ဆရာတော်တစ်ပါးက မိန့်ဖူးပါတယ်။ စာပေသင်ယူတာမှာ သညာ (မှတ်သား မိခြင်း) သာမကပညာ (အကောင်း အဆိုး အကြောင်းအကျိုး ပိုင်းခြားတတ်ခြင်း) ပါ ရဖို့ လိုပါတယ်တဲ့။

မိမိသင်ယူထားတဲ့အရာ အကြောင်း ကို မှတ်မိနေရုံ၊ အလွတ်ရွတ်ဆိုပြနိုင်ရုံ မရဘဲ ထိုအကြောင်းအရာကို ကောင်းကောင်း နားလည်တတ်ကျွမ်းဖို့၊ ချင့်ချိန်အသုံးချ တတ်ဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဘွဲ့သာရ သွားတယ်။ ဆိုင်ရာပညာရပ် သင်ခန်းစာ တွေကို အဓိပ္ပာယ်တောင်နားမလည်ဘဲ ကျက်ဖြေဖြေပြီး အတန်းအောင်လာတယ်။ ဆိုတော့ ကျွန်တော်တို့ ၀န်းကျင်မှာ ဘွဲ့ရ ပညာမတတ်လို့ သရော်ကြတာ မဆန်းပါဘူး။ စာတွေမှတ်မိတဲ့ သညာ သာပါပြီး ဆိုင်ရာပညာရပ် မတတ်လာ၊ မပါလာဘူး ကိုးဗျ။

ဒီနေရာမှာ ကျွန်တော် Bloom’s Taxonomy  ကို သတိရလာမိပါတယ်။ ၁၉၅၆ ခုနှစ်မှာ Benjamin Samuel Bloom (၁၉၁၃-၁၉၉၉) ဆိုတဲ့ ပညာရေး စိတ်ပညာရှင်က အမေရိကား ချီကာဂို တက်္ကသိုလ်မှာ အဆိုပြုခဲ့တဲ့ နည်းတစ်ခု ဖြစ် ပါတယ်။ ဒီနည်းလမ်းဟာ သင်ကြားရေး ရည်ရွယ်ချက်တွေအဖို့ အဆင့်သတ်မှတ် ခွဲခြားပေးပါတယ်။

နောက်ပိုင်းမှာ ဒီနည်းကို မွမ်းမံပြီး သုံးကြတာလည်း ရှိပါတယ်။ ဒီနည်းမှာ အဆင့် (၆) ဆင့် (ရည်ရွယ်ချက် ၆ ချက်) ရှိပါတယ်။ လေ့လာသင်ယူရာမှာ ရရှိသင့် တဲ့စွမ်းရည် (၆)မျိုးလည်း ဖြစ်ပါတယ်။ အထက်အောက်ပုံစံစီထားတာမို့ ပိရမစ် ပုံစံလို့ ပြောနိုင်ပါတယ်။ အောက်ဆုံး Remember (မှတ်မိခြင်း) အဆင့် ကနေ Understand (နားလည်ခြင်း) ,Apply (အသုံးချနိုင်ခြင်း), Analyze (ခွဲခြမ်းစိတ်ဖြာနိုင် ခြင်း) ,Evaluate (ခြုံငုံသုံးသပ်နိုင်ခြင်း)  စသည်ဖြင့် အဆင့်ဆင့်တက်သွားပြီး ထိပ်ဆုံးမှာတော့ Create (တီထွင်ဖန်တီးနိုင်ခြင်း)အဆင့်ပါ။

ယေဘုယျပြောရရင်ဒီနည်းမှာ Remember  အဆင့်ဟာ အနိမ့်ဆုံးအဆင့် ဖြစ်ပြီး Create အဆင့်ဟာ အမြင့်ဆုံးဖြစ်ကာ ပညာရပ်တစ်ခုခုကို သင်ကြားပို့ချတာပဲ ဖြစ်ဖြစ် လေ့လာသင်ယူတဲ့အခါ ဖြစ်ဖြစ် ဒီထဲက အဆင့်တွေနဲ့ နှိုင်းယှဉ်နိုင်၊ အသုံးပြု နိုင်ပါတယ်။ ဒီနည်းမှာပါတဲ့ အဆင့်တွေဟာ လေ့လာသင်ယူမှုဖြစ်စဉ်ကို လည်း အောက်ပါအတိုင်း ရှင်းပြပါတယ်။

အောက်ဆုံး Remember (မှတ်မိ ခြင်း) အဆင့်ဟာ အခြေခံကျပါတယ်။ Understand (နားလည်ခြင်း) အဆင့်ရောက်ဖို့ Remember  အဆင့်က စရပါတယ်။ ဥပမာ သီအိုရီတစ်ခုကို နားလည်ဖို့ဆိုရင် ထိုသီအိုရီ ကို မှတ်မိမှရပါလိမ့်မယ်။ ထို့အတူပဲ သီအိုရီတစ်ခုကို နားမလည်ဘဲ အသုံးပြု (Apply)လို့ မရပါဘူး။ အလားတူ တစ်ခုခု ကို ခြုံငုံသုံးသပ်နိုင်(Elvauate) ဖို့ ဆိုရင် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း (Create) အရင်ရှိနေရမှာပါ။  ခြုံငုံသုံးသပ်နိုင် (Evaluate) စွမ်းရှိမှ အားသာချက် အားနည်း ချက်တွေကို သိပြီး ပိုမိုကောင်းမွန်တဲ့ အရာတစ်ခုကို ကြံဆဖန်တီးနိုင် (Create) မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီနည်းမှာ

–         Create

–         Evaluate

–         Analyze

–         Apply

–         Understand

–         Remember လို့ အထက် အောက်စီစဉ်တကျ စီထားတာဖြစ်ပါ တယ်။

–         အထက်မှာဆိုခဲ့သလိုပဲ ဒီနည်း ဟာ သင်ကြားရေးရည်ရွယ်ချက် (၆) ခုလည်းဖြစ်တာမို့ သင်ကြားပို့ချသူတွေ အနေနဲ့ မိမိတို့ထံ လာရောက်သင်ယူသူ တွေကို အထက်က အဆင့် (သို့) ရည်ရွယ် ချက် (၆)ခုထဲ ဘယ်အဆင့်ကို ရည်ရွယ်ပြီး သင်မလဲ ဆိုတာ သိရှိနားလည်ပြီး သင်ခန်း စာများ ပြင်ဆင်နိုင်ပါတယ်။

ဆိုကြပါစို့။ အင်္ဂလိပ်စာလုံးတွေနဲ့ လုံးဝမရင်းနှီးသေးတဲ့သူတွေကို အင်္ဂလိပ်စာ သင်ရမယ်ဆိုရင် ဒါဟာ သင်ယူမယ့် သူတွေအဖို့ အခြေခံအဆင့်ကစရမှာမို့ ပို့ချပေးမယ့်သူတွေက  Remember အဆင့် (သင်ယူသူတွေ စာလုံးပေါင်း မှတ်မိဖို့ ၊ အဓိပ်္ပာယ်မှတ်မိဖို့လိုအပ်လို့) ရည်ရွယ်ပြီး ပြင်ဆင်သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာဆိုရင် သင်ယူ သူတွေကို စာလုံးပေါင်းတွေ၊ အသံထွက် တွေ၊ အဓိပ်္ပာယ်တွေ၊ အမျိုးအစားတွေ ကို ကောင်းကောင်း မှတ်မိနေစေဖို့ သင်ကြား ပေးရမှာပါ။ ဥပမာ Doll (ဒေါလ်) အရုပ် (Noun) စသည်ဖြင့် ကျက်စေတာ၊ ကဗျာရွတ်ဆို မှတ်မိနေစေ တာမျိုးပါ။

ဒုတိယအဆင့်ဖြစ်တဲ့ နားလည်ခြင်း (Understand) မှာကျတော့ မှတ်မိနေတဲ့ အရာတွေကို သဘောပေါက်နားလည်စေခြင်း ဖြစ်ပါတယ်။ ဒီ အဆင့်မှာတော့ ပို့ချသူတွေက မိမိတို့ပို့ချထားတဲ့ သင်ခန်း စာတွေကို ကလေးတွေကောင်းကောင်း နားလည်အောင် ရှင်းပြရမှာ ဖြစ်ပါတယ်။ အထက်က ဥပမာနဲ့ ဆက်ရရင် ဘယ်စာ လုံးကို ဘယ်မှာသုံးတယ်၊ ဘယ်လိုသုံး တယ်၊ ကဗျာရဲ့ အဓိပ်္ပာယ်က ဘာလဲ စသည် ဖြင့် ကလေးတွေကို သဘောပေါက်စေ တာမျိုးပါ။

အသုံးချခြင်း (Apply) အဆင့်ကျ တော့ သင်ယူသူတွေ အနေနဲ့ သူတို့ သင်ယူထားတာကို ပြန်လည်အသုံးချတတ် အောင် ပို့ချပေး သူတွေက လေ့ကျင့်သင် ကြားပေးတာမျိုး ဖြစ်ပါတယ်။ ဥပမာ ကလေးတွေက နယူတန်ရဲ့နိယာမ (၃)ခု ကို လေ့လာထားမယ်။ ဒါကို ဆရာဆရာမ တွေက ကလေးတွေကို ဥပမာ ဖြစ်ရပ်လေး တွေပေးပြီး ဒီလိုဖြစ်ရပ်တွေမှာ ဘယ် နိယာမနဲ့ အကျုံးဝင်သလဲ ဆိုတာမျိုးကို လေ့လာစေပြီး သိရှိထားတဲ့ အရာတွေကို အသုံးချစေခြင်းမျိုး ဖြစ်ပါတယ်။

ခွဲခြမ်းစိတ်ဖြာခြင်း (Analyze) အဆင့်မှာတော့ သင်ယူသူတွေ အကြောင်း အရပ် တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာတတ် အောင် ပို့ချသူတွေက သင်ကြားလေ့ကျင့် ပေးတာမျိုး ဖြစ်ပါတယ်။ ဥပမာ ကလေး တွေကို လူ့ကိုယ်ခန်္ဓာရဲ့ အစိတ်အပိုင်း တွေကို ခွဲခြားပြပြီး ဘယ်အပိုင်းကတော့ ဘာလုပ်တယ်၊ ဘာက အရေးကြီးတယ် စသည်ဖြင့် ခွဲခြားတတ်အောင် သင်ပေးတာ မျိုးပါ။

ခြုံငုံသုံးသပ်နိုင်စွမ်း (Evaluate) ဟာလည်း အရေးကြီးတဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ သင်ယူသူတွေမှာ ဒီစွမ်း ရည်ရှိလာဖို့ ပို့ချသူတွေက ဒီအဆင့်မှာ သင်ပေးရပါတယ်။ သာဓကဆောင်ရရင် ကျောင်းသားတွေက ရေကောင်းရေသန့် ရဲ့ လက်္ခဏာတွေကို လေ့လာထားတယ်။ ဒါကို ဆရာက ကျောင်းသားတွေကို ရေနမူနာ အမျိုးမျိုးပေးပြီး သောက်သုံးဖို့ သင့်တော်တဲ့ရေကို ဖော်ထုတ်ခိုင်းပြီး ဘာကြောင့် သင့်မသင့်ဆိုတဲ့ အဖြေထုတ် ခိုင်းတာမျိုး ဖြစ်ပါတယ်။

နောက်ဆုံး အမြင့်ဆုံးလို့ ဟြေလို့ရ မယ့် ဖန်တီးနိုင်စွမ်း (Create) အဆင့် ကို  ရောက်လာပါပြီ။ ဖန်တီးနိုင်စွမ်းရှိ ဖို့ဆိုရင်တော့ သင်ယူသူတွေဟာ ဆိုင်ရာ ပညာရပ်မှာ အထက်ကဖော်ပြခဲ့တဲ့ စွမ်း ရည် (၅) ရပ် အဆင့် (၅) ဆင့်ကို ဖြည့်ဆည်း ဖြတ်ကျော်ခဲ့ပြီး ဖြစ်ရပါမယ်။ ဥပမာ စာရေးနည်း ကောင်းကောင်းသင်ထားတဲ့ ကျောင်းသားက ၀တ်္ထုတွေဖန်တီးရေးသား တာ၊ ကဗျာ အမျိုးအစားသစ် စပ်ဆိုတာ မျိုး၊ ဆေးပညာတတ်ထားတဲ့ ဆရာဝန်က ကုထုံးအသစ်တွေ ဆန်းသစ်လုပ်ဆောင် နိုင်တာမျိုး ဖြစ်ပါတယ်။

ဒီအဆင့်(၆)ဆင့် သို့ ရည်ရွယ်ချက် (၆)ခု နဲ့ မိမိတို့ရဲ့ သင်ကြားပို့ချမှု (သို့)သင်ယူမှုဟာ ဘယ်အဆင့်၊ ဘယ်ရည် ရွယ်ချက် အတွက်လဲ ဆိုတာ ယှဉ်ကြည့် နိုင်ပါတယ်။ ပို့ချသူတွေအနေနဲ့ဆိုရင် တော့ သင်ယူသူတွေကို ဒီ (၆) ဆင့်ထဲ က ဘယ်အဆင့်အထိ ရည်ရွယ်ပြီးသင် မလဲ မှတ်မိရုံ၊ နားလည်ရုံလား။ ဒါမှမဟုတ် ဖန်တီးတတ်တဲ့ အထိသင်ပေးမလား ဆိုတာမျိုး ကျကျနနတွေးဆပြီး မိမိရဲ့ ပို့ချချက်တွေကို ပြင်ဆင်နိုင်ပါတယ်။ သင်ယူလိုစိတ်ပြင်းပြလှတဲ့ ခေတ်လူငယ် တွေ အနေနဲ့လည်း မိမိရဲ့ အရည်အသွေးကို သုံးသပ်ပြီး ဒီအဆင့်တွေထဲက ဘယ်ဟာ တွေ ကိုယ့်မှာ လိုသေးတယ်၊ ဘယ် အဆင့်ထိရအောင် သင်ယူလေ့လာမယ် ဆိုတာမျိုး စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။

ထပ်ဟြေပါရစေ။ ဘွဲ့သာရသွားတယ်။ ဆိုင်ရာပညာရပ် သင်ခန်းစာတွေကို အဓိပ္ပာယ်တောင်နားမလည်ဘဲ ကျက်ဖြေ ဖြေပြီး အတန်းအောင်လာတယ် ဆိုတဲ့ ဟာမျိုး ဆိုရင်တော့ ပညာရပ်ကို အသုံးချ (Apply)ဖို့ မဟြေနဲ့ နားလည်ခြင်း (Understand) တောင်မရောက်နိုင်ဘဲ အောက်ခြေ (Remember) မှတ်မိခြင်း အဆင့် မှာမျှသာ ရှိတယ်လို့ ဆိုရမှာပါပဲ။

အချုပ်ဟြေရရင်တော့ ပညာရပ် တစ်ခုကို ပို့ချပေးသူတွေဖြစ်ဖြစ်၊ လေ့လာ သင်ယူသူတွေဖြစ်ဖြစ် ဆိုင်ရာပညာရပ်နဲ့ ပတ်သက်လို့ ဒီစွမ်းရည် (၆)ခုစလုံးရ အောင် လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဖြင့် မိမိတို့ နယ်ပယ်မှာ ထူးချွန်သူတွေ ဖြစ်ကြမှာမလွဲပါဘူး။ နှစ်သစ်မှာ ပညာရပ် အသစ်အသစ်တွေကို လေ့လာကြရာမှာ သညာ သာမက စွမ်းဆောင်ရည်ပြည့်ဝတဲ့ ပညာပါ တတ်မြောက်ကြပါစေကြောင်း ဆုရည်မွန်လျက်။

ဖိုးကြာရိုး

 

Ref: Jshabatu(2018).Using Bloom’s Taxonomy to Write Effective Learning Objectives.

Retrieved from http//tips.uark.edu/using-blooms-taxonomy/