ရေငန်ပိုင်ကို မဲပေးကြပါ

2530
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ပြည်ထောင်စုလွှတ်တော်ဝင်းထဲ အခြား အမတ်တွေ၊ ၀န်ကြီးတွေက ကားစီးပြီး ၀င်ချိန် မှာ သူက ကျားစီးပြီး ၀င်ပါတယ်။

လွှတ်တော်ဝန်ထမ်းတွေက ကျားကို နေရာချပေးဖို့ ကျားပါကင် အခက်တွေ့နေချိန် မှာ ကျားက လွှတ်တော်ရဲ့ ထိပ်ဆုံးလှေကားထစ် မှာ ခန့်ခန့်ကြီး ကျားထိုင် ထိုင်လို့။

အမတ်တွေ၊ ၀န်ကြီးတွေက မောင့်ကျက် သရေခေါင်းပေါင်းတွေ၊ တိုင်းရင်းသားခေါင်း ပေါင်းတွေကိုယ်စီ ပေါင်းထားချိန်မှာ သူက နဖူးတန်းမှန်စီ၊ နားရွက်ဖုံး ခေါင်းပေါင်းဖြူ လေးနဲ့။

သူ့အ၀တ်အစားကလည်း လွှတ်တော် ဥက်္ကဋ္ဌကြီးထက် ပိုရှေးဆန်တယ် ပြောရပါ မယ်။ တောင်ရှည်ပုဆိုးနဲ့ ဖဲအင်္ကျီဖြူလက်ရှည်။ ပြိုးပြက်တောက်ပနေတဲ့ နန်းတွင်းက အိမ်ရှေ့စံတို့ ၀တ်လေ့ရှိတဲ့ အင်္ကျီမျိုး။

လွှတ်တော်ကြီးဟာ သူ့ကြောင့်ပဲ ထီးမူ နန်းဟန်နဲ့ ပိုပြည့်စုံနေပါတော့တယ်။

အထူးခြားဆုံးကတော့ အမတ်တွေ၊ ၀န်ကြီးတွေက ဖိုင်တွဲတွေ၊ စာရွက်စာတမ်း တွေ လက်ထဲကိုင်ထားပေမယ့် သူကတော့ စောင်းကောက်ကြီးကို ရင်ဝယ်သားလို ထွေးပိုက်ထားလေရဲ့။

လွှတ်တော်ထဲမှာ နေရာယူလိုက်ရင် သူက အထင်ပေါ်ဆုံး ဖြစ်နေတော့ သူ့ကို ကျန်တဲ့အမတ်တွေနဲ့ လွှတ်တော်ဥက်္ကဋ္ဌကြီး က ကြည့်မရဘူးရယ်။ လွှတ်တော်လေ့လာရေး လာသူတွေကလည်း သူနဲ့ ဓာတ်ပုံတွဲရိုက် ခွင့်ရဖို့ပဲ ကြိုးစားတတ်ကြတော့ ဆယ်လီ အမတ်တွေ၊ ဆယ်လီအမတ်မတွေလည်း ကြည့်မရပြန်ဘူး။

သူကတော့ ဘယ်သူ့မှ ဂရုမစိုက်။

လွှတ်တော်ထဲလည်း ဘယ်သူတွေ ဘာအကြောင်းဆွေးနွေးဆွေးနွေး သူက အေးဆေး။

ပျင်းပျင်းရှိရင် သူ့စောင်းကောက်ကိုပဲ ပွတ်နေတတ်တယ်။ လွှတ်တော်ထဲမှာက ဖုန်းမပွတ်ရလို့ပဲ ကန့်သတ်ထားပြီး စောင်းမပွတ်ရလို့ ကန့်သတ်မထားမိလေ တော့ လွှတ်တော်ဥက်္ကဋ္ဌကလည်း ဒီအတိုင်းပဲ ကြည့်နေရတယ်။

အဲ …. တစ်ခုပဲ။

“ရေငန်” လို့ အသံကြားလို့တော့ မရ။

လွှတ်တော်ထဲ အသံသြဇာအပြည့်နဲ့ မိုးကြိုးပစ်သလို အော်ဟိန်းတတ်တယ်။

“ဟေ့..၊ ရေငန်ကို မထိနဲ့..၊ ရေငန်က ငါပိုင်တာ…၊ ငါက ရေငန်ပိုင် ဦးရှင်ကြီးကွ..”

သူ အဲလို ထအော်ရင် လွှတ်တော်ပြင်မှာ ထိုင်နေတဲ့ သူ့စီးတော်ကျားကလည်း လွှတ်တော်ကြီး တုန်သွားအောင် ထဟိန်းတတ် တယ်။

“ဂေါင်း ……”

အဲလိုတွေ ဖြစ်လာရင် လွှတ်တော်တက် နေသူတွေ အားလုံးတိတ်..။ လွှတ်တော်ဥက်္ကဋ္ဌ ကလည်း ရေငန်အကြောင်း နောက်မှ ဆွေးနွေး ဖို့ပြောပြီး အစီအစဉ်ကို ကျော်ပစ်လိုက်ရ တယ်။

အဲဒီလွှတ်တော်အစီအစဉ် တီဗွီက လွှင့်ရင် သူ့ကို မဲပေးရွေးချယ်လိုက်သူတွေ က လက်ခေါက်မှုတ်ကြ။ လက်ခုပ်လက်ဝါး တီးကြ၊ အော်ဟစ် အားပေးကြ။

“ရွှီး..၊ ဖြောင်း..၊ ဖြောင်း…၊ ဖြောင်း..၊ ဟေး ဒါမှ ငါတို့အမတ်ကွ..”

သူ့ကို မဲပေးရွေးချယ်လိုက်တဲ့ ထားဝယ် ခရိုင်၊ လောင်းလုံးမြို့နယ်က ရေလုပ်သား အချို့ဆို သူတို့အမတ် အဲလို ထဟိန်းရင် သဲသောင်ကိုဆင်းပြီး ကျွမ်းပစ်သူပစ်၊ ပင်လယ် ထဲ ဒိုင်ဗင်ထိုးသူထိုး။

ဟုတ်တယ်လေ….။ သူတို့အမတ်က သူတို့ကို အကာအကွယ်ပေးခဲ့တာ လွှတ် တော်ထဲ စရောက်ကတည်းကပဲ မဟုတ် လား။

ပြီးတော့ အင်မတန်မှ ခေတ်မီတဲ့ ဦးရှင်ကြီး။ ကမ်းနီးရေလုပ်သားတွေ ထောင်ကျ ခဲ့ရတဲ့ ခေတ်နဲ့မညီတဲ့ ဥပဒေကိုလည်း သူက လွှတ်တော်ထဲကနေ ပြန်ပြင်နိုင်ခဲ့တယ်။ ကမ်းနီးရေလုပ်သားတွေ ထောင်ကျမယ့် ဘေးက ဒီအမတ်ကြောင့် လွတ်သွားတာ။

ခုထိလည်း ပင်လယ်ထဲ သူပဲ အကာ အကွယ်ပေးရင်းနဲ့ နိုင်ငံတော်က အခွန်တွေ တိုးကောက်မယ် ဘာညာဆို သူပဲ ဒိုင်ခံ ထချဲ နေတာ။

တနင်္သာရီတစ်တိုင်းလုံးက ရေလုပ်သား တွေကလည်း လောင်းလုံးမြို့နယ်သားတွေ ဒီအမတ်ကို ရွေးမိတာ လူရွေး အလွန်မှန် သွားတယ်လို့ ပြောမဆုံး။

လောင်းလုံးသားတွေကလည်း ဒီအမတ် ကို လွယ်လွယ် ရခဲ့သည်မဟုတ်။ ခဲရာခဲဆစ် မှ တကယ့် ခဲရာခဲဆစ်။

ရေငန်ကိစ်္စကို ပြည်ထောင်စုမှာ အရေး ဆိုမှ ရမယ်ဆိုတာ လောင်းလုံးသားတွေ ထောင်ထဲရောက်ပြီးမှ ပိုသိလာတော့ ရေငန် ကိစ်္စ ပြည်ထောင်စုမှာ ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့ စွမ်းရည်ရှိသူကို ၀ိုင်းစဉ်းစားကြတယ်။

အဲဒီမှာ ဦးရှင်ကြီးကို စတွေးမိကြတာ။ သူက ရေငန်တရိုး ပိုင်စံစိုးသူလေ။

နောက်ပြီး သူ့ကို အမတ်ရွေးခံဖို့ စည်းရုံး ရေး ဆင်းရင်ဖြစ်ဖြစ်၊ အမတ်ဖြစ်ပြီးရင် မြို့နယ်ရော ပင်လယ်ကို စောင့်ကြည့်ဖို့ လှည့် လည်ရင် ဖြစ်ဖြစ် စရိတ်လည်း ကျဉ်းမယ် လေ။ သူ့မှာက ကုန်းလမ်းရေလမ်း ခရီးသွားဖို့ အတွက် ဆီထည့်စရာမလိုတဲ့ မိကျောင်းနဲ့ ကျား ရှိပြီးသားကိုး။

ဒါနဲ့ ဦးရှင်ကြီးကို ပင့်ဖိတ်ပြီး အကျိုး အကြောင်း လျှောက်ကြတော့ ဦးရှင်ကြီးက ငြင်းသေးတယ်။

လူတွေတက်တဲ့ လွှတ်တော် မတက် ချင်ဘူးတဲ့။ လူတွေက ဥပဒေဆိုပြီး စာရွက် မှာ ရေးထားတာလေးကိုတောင် ခေတ်မမီတော့ လို့ ပြင်ဖို့အရေး အီလေးဆွဲလွန်းတာ သူနဲ့ ကိုက်မှာ မဟုတ်ဘူးတဲ့။ ဇယားရှုပ်တယ် ဆိုပြီး ငြင်းတယ်။

ရွာသားတွေက အတန်တန် တောင်းပန် တော့ ဘယ်ပါတီအောက်မှ မ၀င်ရဘဲ တစ်သီး ပုဂ်္ဂလအရွေးခံရမယ်ဆို လက်ခံမယ်တဲ့။ ပါတီတစ်ခုခုကိုဝင်ရင် ဗဟိုဆိုတာကြီးက လူကြီးတွေမျက်နှာ ကြည့်နေရတာ သူစိတ်နဲ့ ဖြစ်မှာ မဟုတ်ဘူးတဲ့လေ။

ဒါနဲ့ ဟုတ်ပြီဆိုပြီး လောင်းလုံးသား တွေက ရွေးကောက်ပွဲမှာ ဦးရှင်ကြီးကို တစ်သီးပုဂ်္ဂလ အမျိုးသားလွှတ်တော် အမတ်အဖြစ် ၀င်ပြိုင်စေပြီး  လောင်းလုံးသား တွေ မဲပေးကြဖို့ အားတက်သရော မဲဆွယ် ပေး ကြတယ်။

“ရေလုပ်သားများကို ကာကွယ်ပေးမယ့် ရေငန်ပိုင်ဦးရှင်ကြီးကို မဲပေးကြပါခင်ဗျား”

ဒီသတင်း ဟိုးလေးကျော်ပြီး မြိတ်၊ ကော့သောင်းဘက်က သိကုန်ရော။

အဲဒီမှာ မြိတ်၊ ကော့သောင်းဘက်က ရေလုပ်သားတွေက ဦးရှင်ကြီးကို အလု အယက်ပင့်ကြ၊ သူတို့ဆီမှာ ၀င်ပြိုင်ပေး ကြဖို့ အပြိုင်အဆိုင် လျှောက်ထားကြပါ လေရော။ ဒီတော့ လောင်းလုံးသားတွေက တောင်းပန်ရပါတယ်။ နောက်ရွေးကောက်ပွဲ ကျမှ ဦးရှင်ကြီးကို မြို့နယ်အလှည့်ကျ အမတ် လုပ်ခိုင်းကြပါ။ ခုတော့ လောင်းလုံးအလှည့် ထားလိုက်ကြပါပေါ့။ နောက်ပြီး ဦးရှင်ကြီး က ရေငန်ကိစ်္စ ပြည်ထောင်စုမှာ အရေးဆိုပေး မှာဆိုတော့ မြိတ်၊ ကော့သောင်းကိစ်္စလည်း ပါပြီးသားပါလို့ ချော့မော့ရပါတယ်။

ဒီတော့ သူတို့လည်း ကျေနပ်ပြီး ဆုတောင်းပေးတယ်။

“ဦးရှင်ကြီး သက်တော်ရာကျော် ရှည် ပါစေ။ မြိတ်၊ ကော့သောင်းမှာလည်း အမတ် ဆက်လုပ်နိုင်ပါစေ….”

အဲလို အလုအယက် ဖြစ်ပြီးမှ ဦးရှင်ကြီး လောင်းလုံးအမတ် ဖြစ်လာတာပါ။ ခုတော့ ရေငန်ကိစ်္စ တနင်္သာရီတိုင်းသားတွေ စိတ်အေး နေကြရပါပြီ။

“ဟေ့..၊ ရေငန်ကို မထိနဲ့..၊ ရေငန်က ငါပိုင်တာ..၊ ငါက ရေငန်တရိုးပိုင်စံစိုးတဲ့ ရေငံပိုင် ဦးရှင်ကြီးကွ…”လို့ ပြည်ထောင်စု လွှတ်တော်မှာ ထအော်တိုင်း သူ့စီးတော် ကျားကလည်း “ဂေါင်း ….”လို့ လွှတ်တော် ကြီး တုန်သွားအောင် ထဟိန်းတိုင်း၊

“ရွှီး..၊ ဖြောင်း..၊ ဖြောင်း…၊ ဖြောင်း ..၊ ဟေး ဒါမှငါတို့အမတ်ကွ…” လို့ တနင်္သာရီ တိုင်းသားတွေ ပျော်နေကြရပါပြီ။

တကယ်ပါ။

နောင်ရွေးကောက်ပွဲတွေမှာလည်း မြိတ်၊ ကော့သောင်းဘက် မဲဆွယ်ပွဲတွေမှာ ရေလုပ်သားတွေရဲ့ မဲဆွယ်သံတွေ ကြားနေ ရဦးမှာပါ။

“ရေငန်ပိုင်ကို မဲပေးကြပါ….”

မူးဆေးအိုး