၂၀၁၈ ခုနှစ်တွင် တရားမ၀င်သစ် တန်တစ်ထောင်ကျော် ဖမ်းမိ

0
452

၂၀၁၈ ခုနှစ်တွင် တနင်္သာရီတိုင်း အတွင်း တရားမ၀င်သစ် တန်တစ်ထောင် ကျော် ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် တရားမ၀င်သစ် ၁၄၈ ဒဿမ ၂၃၃၂ တန်၊ မြိတ်ခရိုင်တွင် ၆၅၀ ဒဿမ ၂၄၁၄ တန်နှင့် ကော့သောင်း ခရိုင်တွင် ၂၀၉ ဒဿမ ၈၅၉၉ တန် ဖမ်းဆီးခဲ့ကြောင်း တိုင်းဒေသကြီး သစ်တော ဦးစီးဌာန စာရင်းများအရ သိရသည်။

တရားမ၀င်သစ်များကို မြိတ်ခရိုင် တွင် အများဆုံးဖမ်းမိခဲ့ပြီး စက်လှေများ ဖြင့် တင်ဆောင်ကြကြောင်း တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်လှိုင်က ဆိုသည်။

“ကားနဲ့ဆို နည်းနည်းပဲတင်နိုင်တော့ လှေနဲ့ပဲ တင်ကြတာ များတယ်”ဟု ဦးထွန်းညွှန့်လှိုင်က ပြောသည်။

အများစုကို တပ်မတော်ရေ စစ်ရေ ယာဉ်များက ဖမ်းဆီးပြီး သစ်တောဌာနထံ လာရောက်လွှဲပြောင်းပေးလေ့ရှိကြောင်း ၎င်းက ဆိုသည်။

သစ်တောဌာနက တရားမ၀င်သစ် ထုတ်မှုများကို တိုင်ကြားနိုင်သည့် ဖုန်းနံ ပါတ်များကို ပြီးခဲ့သည့်နှစ်က ထုတ်ပြန် ထားသည်။

 

ကိုဇော်