ထီးခီးနယ်စပ်ရှိ ဟိုတယ်လုပ်ငန်း ပြန်ခွင့်ပြုတော့မည်

0
938

နယ်စပ်မျဉ်းနှင့် နီးကပ်လွန်းသည် ဟုဆိုကာ တိုင်းအစိုးရက ရပ်နားခိုင်းထား သည့် ထီးခီးနယ်စပ်ရှိ ဟိုတယ်လုပ်ငန်းကို ပြန်လည်ခွင့်ပြုတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (MIC)ထံမှ သိရသည်။
ယခင်အစိုးရက ခွင့်ပြုထားခဲ့သည့် ထီးခီးဒေသတွင် တည်ဆောက်မည့် ပွန်ပီပက်ကုမ္ပဏီ၏ နိုင်ငံတကာအဆင့်မီ ဟိုတယ်လုပ်ငန်းကို တိုင်းအစိုးရက ပြီးခဲ့ သည့် ၂၀၁၆ ခုနှစ်နှစ်လယ်ပိုင်းတွင် နယ်စပ်မျဉ်းနှင့် နီးကပ်လွန်းသည်ဟု ဆိုကာ ယာယီရပ်နားခိုင်းထားသည်။
အဆိုပါလုပ်ငန်းကို ပြန်လည်ခွင့်ပြု ရန် တိုင်းအစိုးရက MIC(မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်)ထံ လာမည့်အပတ်တွင် စာပို့မည်ဖြစ်ကြောင်း DICAဌာန တိုင်း ဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။
ယမန်နှစ်က အထက်ပါလုပ်ငန်းနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး နယ်စပ်မျဉ်း နှင့် အလှမ်းဝေးသည့် အခြားနေရာတွင် လုပ်ခွင့်ပြုရန် စီမံခဲ့ဖူးသည်။
ယင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်(MIC)က ခွင့်ပြုခဲ့ခြင်း ဖြစ် သည်။

MIC က ခွင့်ပြုထားပြီး လုပ်ငန်း ဖြစ်သည့်အတွက် ခွင့်မပြုပါက ကုမ္ပဏီ ထံသို့ လျော်ကြေးငွေပေးချေရမည်ဖြစ်သော ကြောင့် ယင်းသို့ ပြန်လည်ခွင့်ပြုလိုက် ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးဒေသ တွင် ပွန်ပီပက်ကုမ္ပဏီက နိုင်ငံတကာ အဆင့်မီ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၅ သန်းဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း DICA ရုံးထံမှ သိရသည်။
ထီးခီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (18-OSS)အမြားကြေးတိုင်ကွင်းပြင်ရှိ မြေဧရိယာ ဧက ၅၀ ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။

ကိုဇော်