ရေဖြူတွင် တစ်ရက်အတွင်း မြေမြှုပ်မိုင်း ၃ နေရာ ပေါက်ကွဲ

0
492

ရေဖြူမြို့နယ်ရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်သည့် ကင်းချောင်းတောင် ဘက်ခြမ်း မျောက်ချောကျေးရွာအနီးတွင် တစ်ရက်တည်းတွင် မြေမြှုပ်မိုင်း သုံးနေရာ နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည် သစ်ပါတီထံမှ သိရသည်။
ဇန်န၀ါရီ ၇ ရက်က နံနက် ၈ နာရီနှင့် ၁၂ ကြားတွင် မြေမြှုပ်မိုင်း ၃ လုံးနင်းမိပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိသော်လည်း ဆိုင်ကယ်နှစ်စီးပျက်စီးကာ ကျွဲတစ်ကောင် သေဆုံးခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။
“အခုက နေရာအသစ် အရင်ကပေါက် တဲ့နေရာနဲ့ ဝေးတယ်၊ အဲနေရာမှာက ဒေသခံ တွေ ခြံလုပ်ထားတာရှိတယ်၊ အခုပေါက်တာ ကလည်း ခြံသွားတဲ့လမ်းမှာပဲ”ဟု မွန် ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။
မိုင်းထောင်သူတို့သည် ခြံလုပ်နေသည့် ဒေသခံပြည်သူတို့အား ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေသည်ဟု နိုင်ဝင်းလှက ကောက်ချက်ချသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ လ ၁၅ ရက်မှ နိုဝင်ဘာ ၂၉ ရက်ထိ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီး တစ်ဝိုက် ဒေသခံတို့ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံထဲတွင် မြေမြှုပ်မိုင်းနင်းမိမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိ မှုလည်း ရှိခဲ့သည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် ဒေသတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့ လှုပ်ရှားရာနယ်မြေဒေသ ဖြစ်သည်။
မွန်ပြည်သစ်ပါတီအနေနှင့်က အပစ်ခတ် ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် မြေမြှုပ်မိုင်း အသုံးပြုမှုမရှိခဲ့ကြောင်း ယခုဖြစ် ပွားခဲ့သည့်မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် သည်လည်း ၎င်းတို့တပ်ဖွဲ့မှ မြေမြှုပ်မိုင်းများ မဟုတ်ကြောင်း ပြောထားသလို KNU ဘက်ကလည်း အဆိုပါမိုင်းများသည့် ၎င်းတို့တပ်ဖွဲ့မှ မိုင်းများမဟုတ်ကြောင်း ငြင်းဆိုထားသည်။
မြေမြှုပ်မိုင်းကိစ္စကို နှစ်ဘက်တပ်ဖွဲ့တို့က ပူးပေါင်းဖြေရှင်းသွားရန် ညှိနှိုင်းမှုရှိနေ သော်လည်း ယနေ့ထိ အကောင်အထည် ဖော်နိုင်မှုမရှိသေးပေ။ ဩ