တစ်ပတ်ရစ် ဂျပန်ပစ္စည်းများ အရောင်းအေး

0
704

တစ်ပတ်ရစ် ဂျပန်ပစ္စည်းများ ယခုနှစ် တွင် အရောင်းအေးလျက်ရှိကြောင်း ထားဝယ်မြို့ရှိ ဂျပန်ပစ်္စည်း အရောင်းဆိုင် အချို့ထံမှ သိရသည်။

၂၀၁၇ ခုနှစ်က ပျမ်းမျှတစ်လလျှင် ငွေကျပ် ၁၅ သိန်းဖိုးခန့် ရောင်းခဲ့ရသော် လည်း ၂၀၁၈ ခုနှစ်တွင် ပျမ်းမျှ တစ်လ ရောင်းရငွေမှာ ငွေကျပ် ၈ သိန်း ဖိုးခန့်သာ ရောင်းရကြောင်း ကျောက်ရပ် ရပ်ကွက် မြိတ်လမ်းရှိ ဂျပန်ပစ္စည်း အရောင်းဆိုင်မှ ဆိုင်ရှင် ကိုနေဇော်ဟိန်းက ပြောသည်။

“ရောင်းအားကျလာတာကို ပြောရ ရင်တော့ ဆိုင်တွေများလာတာလည်း တစ်ကြောင်းပေါ့၊ တချို့ဆို ကားနဲ့ ရွာတွေမှာ လိုက်ရောင်းတာရှိတယ်၊ အကြွေးလိုက်ရောင်းနေတာမျိုးတွေတောင် ရှိတယ်”ဟု ကိုနေဇော်ဟိန်းက ဆိုသည်။

ယမန်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ပျမ်းမျှ တစ်လလျှင် ငွေကျပ် သိန်း၄၀ နှင့် ၅၀ ကြားရောင်းချရ သော်လည်း ယခု ဒီဇင်ဘာလတွင် ကျပ် ၁၀ သိန်း ကျော်ခန့်သာ ရောင်းရလျက်ရှိ ကြောင်း ယခုလတွင် အရောင်းအေးနေ သည်ဟု  UK ဂျပန်ပစ္စည်း အရောင်းဆိုင်မှ ဆိုင်ရှင် ဒေါ်မြင့်မြင့်ချို က ပြောသည်။

တစ်ပတ်ရစ် ဂျပန်ပစ္စည်းများမှာ TV တစ်လုံးလျှင်ကျပ် ၅၀၀၀၀မှ ကျပ် ၃၅၀၀၀၊ အ၀တ်လျှော်စက်တစ်လုံး လျှင် ကျပ် ၉၀၀၀၀ မှ ကျပ် ၁၃၀၀၀၀ အထိ ရှိပြီး၊ အားကစားပြေးစက်တစ်ခုလျှင် ကျပ် ၁၀၀၀၀၀မှ ကျပ် ၂၂၀၀၀၀ ရှိပြီး၊ ရေခဲ သေတ်္တာတစ်လုံးလျှင် ကျပ် ၉၅၀၀၀မှ ကျပ် ၁၅၀၀၀၀ခန့်အထိ ပစ္စည်းအမျိုး အစားကိုလိုက်၍ ဈေးနှုန်းအမျိုးမျိုးရှိ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

 

မိုးမြင့်