ထားဝယ်မြို့တွင်း ဘုရားဖူးကားများ ဓာတ်ကြိုးနှင့် ထမင်းဆိုင် အခက်အခဲရှိ

0
706

ထားဝယ်မြို့တွင်းနေရာအချို့တွင် ဓာတ်ကြိုးများ နိမ့်နေခြင်းနှင့် ထမင်းဆိုင် မလုံလောက်ခြင်းတို့ကြောင့် အခက်အခဲ များ ကြုံတွေ့နေရကြောင်း ဘုရားဖူးပို့ ဆောင်ရေးလုပ်ငန်းအချို့ထံမှ သိရသည်။

ထားဝယ်မြို့တွင် ထမင်းဆိုင်နည်း သည့်အပြင် ရှိသည့်ဆိုင်များမှာလည်း နေရာ ကျဉ်းမြောင်းခြင်းတို့ကြောင့် အခက်အခဲ များရှိသည်ဟု ဘုရားဖူးပို့ဆောင်ရေး လုပ် ငန်းပိုင်ရှင်နှင့် ယာဉ်မောင်းတို့က ဆိုသည်။

၎င်းအပြင် ထမင်းဆိုင်အချို့မှာ ပုံမှန်ထက် ဈေးပိုယူကြသည်ဟု ၎င်းတို့က ဆိုသည်။

“ထမင်းဆိုင်တွေက ကားတစ်စီးထိုး လိုက်တာနဲ့ နေရာမလောက်မင၊ ထားဝယ် ကို လာနေတာ ခေါက်ပေါင်းမနည်းတော့ ဘူး။ ထမင်းဆိုင်တွေက ဈေးကတစ်ခါနဲ့ တစ်ခါမတူဘူး”ဟု မြန်မာပြည်အနှံ့ဘုရား ဖူး ခရီးသည် ပို့ဆောင်နေသည့် ရွှေသဇင် ယာဉ်လိုင်း ဂိတ်ပိုင်ရှင် ဦးရဲက ပြောသည်။

ထို့အပြင် ၁၃ ပေခွဲ အမြင့်ရှိသည့် ကားကြီးများမှာ ထားဝယ်မြို့တွင်း တချို့ နေရာများမှ လျှပ်စစ်မီးကြိုး၊ ဖုန်းကြိုးများ နှင့် မလွတ်ကင်းသဖြင့် ရှောင်တိမ်း မောင်း နှင်နေရကြောင်း ဦးရဲက ပြောသည်။

“ထားဝယ်မြို့မှာ တစ်ချက်စိတ်ညစ် တာက ကားနဲ့ဓာတ်ကြိုး မလွတ်ဘူး။ မလွတ်တော့ မြင့်တဲ့နေရာ ရှောင်မောင်း နေရတာပေါ့။ ငြိသွားရင်လည်း လျော်ရ ဦးမှာ။ မြန်မာတစ်ပြည်လုံးသွားနေတာ ထားဝယ်မှာပဲ အဲဒီပြဿနာရှိတာ။ တစ်ခြား မြို့တွေမှာ မရှိဘူး” ဟု  ဦးရဲက ဆိုသည်။

လမ်းသွယ်များတွင် နေအိမ်များကို ကန့်လန့်ဖြတ် သွယ်တန်းထားသည့် မီး ကြိုးများနှင့် မလွတ်ကင်းသဖြင့် လမ်းသွယ် များထဲရှိ ထမင်းဆိုင်များကို မ၀င်နိုင်ဘဲ လမ်းမကြီးဘေးရှိ ထမင်းဆိုင်များတွင်သာ စောင့်ဆိုင်း ထမင်းစားလေ့ရှိကြောင်း ရွှေ ရေစက်ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းမှ ယာဉ်မောင်း ဦးဌေးလွင်က ပြောသည်။

“လမ်းသွယ်ထဲက မီးကြိုးတွေ မြှင့်ပေးနိုင်ရင် ပိုကောင်းမယ်”ဟု ဦးဌေးလွင်က ဆိုသည်။

ယင်းဘုရားဖူးကားများ လျှပ်စစ်မီး ကြိုး၊ ဖုန်းကြိုးများနှင့် မလွတ်ကင်းဘဲ ရှောင်တိမ်မောင်းနှင်နေရကြောင်းကို ထားဝယ်မြို့တွင် တာဝန်ထမ်းဆောင်နေ သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက လည်း ထောက်ခံပြောဆိုသည်။

အဆိုပါယာဉ်ထိန်းရဲ၏ အဆိုအရ ထားဝယ်မြို့ရှိ ဥတ္တံတားကြီးလမ်းဆုံ၊ မီးသတ်လမ်းဆုံ၊ လမ်းဆုံကြီး၊ ကရပ်ပြင် လမ်းဆုံ စသည့် နေရာတို့တွင် ကားနှင့် ဓာတ်ကြိုးမလွတ် ဖြစ်လေ့ရှိကြောင်း သိရ သည်။

“ဖုန်ကြိုးတွေနဲ့ ကားကြီးတွေနဲ့       မလွတ်လို့  ခဏခဏ ဖြေရှင်းပေးနေရတယ်။ အဓိကကတော့ ဖုန်းကြိုးအဟောင်းတွေ ကြောင့်ဖြစ်တာပါ”ဟု ၎င်းယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်က ဆိုသည်။

ယာဉ်အန်္တရာယ်ကင်းရှင်းရေးအ တွက် မသုံးတော့သည့် ဖုန်းကြိုးအဟောင်း များကို ဖြုတ်သိမ်းကာ နိမ့်နေသည့် ဓာတ် ကြိုးများကိုလည်း မြှင့်တင်ပေးရန်လိုအပ် နေကြောင်း အဆိုပါ ယာဉ်ထိန်းရဲက ဆို သည်။ ယင်းကဲ့သို့ ဓာတ်ကြိုးများ နိမ့်နေ ခြင်း၊ ထမင်းဆိုင်များ မလုံလောက်ခြင်းတို့ ကြောင့် ဘုရားဖူးခရီးသည်များ အချိန် ကြန့်ကြာမှုများ ဖြစ်ပွားခြင်းတို့အပြင်  မလိုအပ်ဘဲ ယာဉ်ကြောပိတ်ကြပ်တည်းမှု များ ဖြစ်ပေါ်လာကြောင်း ကားသမားနှင့် သုံးဘီးသမားအချို့က ပြောသည်။

“လိုချင်တာကတော့ ဓာတ်ကြိုးတွေ မြှင့်ပေးစေချင်တယ်။ ထမင်းဆိုင်တွေ ဈေးမှန်ရောင်းစေချင်တယ်” ဟု ရွှေသဇင် ယာဉ်လိုင်း ဂိတ်ပိုင်ရှင် ဦးရဲက ပြောသည်။

ပွင့်လင်းရာသီတွင် ထားဝယ်သို့ ဘုရားဖူးခရီးသည်များ အမြောက်အမြား လာရောက်လေ့ရှိသည်။

                   ကျော်သူစိုး