မုဒုံတွင် ရော်ဘာမှိုင်းခံရုံ မီးလောင်

0
664

မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကွမ်တာ ကျေးရွာရှိ ရော်ဘာမှိုင်းခံရုံမီးလောင်ခဲ့ ကြောင်း မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဇန်န၀ါရီ ၆ ရက် ည ၁၁ နာရီခွဲ အချိန်ခန့်က ဟိုင်းဝင်းရော်ဘာမှိုင်းခံရုံတွင် စပါးခွံလောင်စာသုံးဖွဲမီးဖြင့် အပူပေး၍ ရော်ဘာပေါင်းခံရာမှ စတင်မီးလောင် ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးလောင်ကျွမ်းမှုကြောင့် ရော်ဘာ မှိုင်းခံရုံတစ်ရုံ၊ ရော်ဘာပြား ၄၈၀၀၀ ခန့် လောင်ကျွမ်းသွားခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“ရော်ဘာပြားတွေကို စပါးခွံမီးဖိုနဲ့ မှိုင်းခံရာကနေ မီးများပြီးတော့ အနီးမှာ ရှိတဲ့ ရော်ဘာပြားတွေကို မီးကူးစက် လောင်ကျွမ်းတာပါ၊ မီးအရမ်းများတော့ ခရိုင်က မီးသတ် ၂ စီး ထွက်ပေးရတယ်၊ မီးဘေးကြိုတင်ကာကွယ်ရေးစနစ်မရှိလို့ အခုလိုဖြစ်တာ၊ စဖြစ်ဖြစ်ချင်းမှာ ငြိမ်း သတ်နိုင်ရင် အဲလောက် ဆုံးရှုံးမှာမဟုတ် ဘူး”ဟု မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်မောင်နီက ပြောသည်။
မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ် ၄ စီး မော်လမြိုင် ခရိုင်မှ မီးသတ်ယာဉ် ၂ စီး တို့ဖြင့် ဇန်န၀ါရီလ ၇ ရက် နံနက် ၂ နာရီကျော် သည်ထိ မီးငြိမ်းသတ်ခဲ့ရသည်ဟု မွန်ပြည် နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ရော်ဘာမှိုင်းခံရုံ တာဝန်ခံ ဦးဇော်ဝင်းကို (ပ)၃၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် မုဒုံမြို့မရဲ စခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မုဒုံမြို့မရဲစခန်းထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ကလည်း မုဒုံမြို့ရှိ ခိုင်ရွှေဝါရော်ဘာ မှိုင်းခံရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

ယဉ်စနိုင်း