ကော့သောင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦးကို တာဝန်မှရပ်စဲမည်

0
487

ကော့သောင်းမြို့နယ် ရပ်/ကျေးအုပ် ချုပ်ရေးမှူး ၂ဦးကို တာဝန်မှရဲစဲသွားမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
တာဝန်မှ ရပ်စဲခံရမည့်သူများမှာ ကော့သောင်းမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ် သည့် အဏ္ဏဝါ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရွှေပြည်စိုးကျေးရွာ အုပ်ချုပ်ရေးမှူး တို့ဖြစ်ကြောင်း သိရသည်။
အဏ္ဏဝါ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ မြို့ခံလူငယ်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့်ပတ်သက်၍ ရပ်/ကျေးဥပဒေအရ စည်ကမ်းဖောက်ဖျက်မှုဖြင့် တာဝန်မှ ရပ်စဲမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ဆိုသည်။
ရွှေပြည်စိုးကျေးရွာ အုပ်ချုပ်ရေးမှူးမှာ မြေယာကိစ္စ အငြင်းပွား တိုင်တန်းမှု များကြောင့် စစ်ဆေးရန်အတွက် တာဝန်မှ ရပ်စဲခိုင်းသွားမည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။
တိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြားစာကို ဇန်န၀ါရီလ ၁၀ရက်တွင် ရရှိခဲ့ခြင်း ဖြစ်ပြီး တစ်ပတ်အတွင်း စာပို့အကြောင်း ကြား သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိုးအိ