ဆိုင်ကယ်၊ သုံးဘီးနှင့် ထော်လာဂျီ နံပါတ်ပြားများ အင်္ဂလိပ်အက္ခရာပြောင်း

0
1086

ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များနှင့် ထော်လာဂျီနံပါတ်ပြားများကို မြန်မာ အက်္ခရာအစား အင်္ဂလိပ်အက်္ခရာပါ နံပါတ် ပြားများဖြင့် ပြောင်းလဲထုတ်ပေးတော့ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန (ကညန) ထံမှ သိရသည်။
ဇန်န၀ါရီလ ၂ ရက်တွင် သက်တမ်းတိုး သည့် သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီများ၊ ဇန်န၀ါရီလ ၁၀ ရက်တွင် သက်တမ်းတိုး သည့် ဆိုင်ကယ်များ၏ နံပါတ်ကို ပြောင်းလဲမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကညန ဌာနထံမှ သိရသည်။
လက်ရှိတွင် တိုင်းအတွင်းရှိ သုံးဘီး ဆိုင်ကယ်၏ နံပါတ်အက်္ခရာမှာ “ဟ/xxx သို့မဟုတ် ၁ဟ/xxx အစသဖြင့် သတ်မှတ် ထားပြီး အင်္ဂလိပ်အက်္ခရာသို့ ပြောင်းလဲ ချိန်တွင် U/xxx သို့မဟုတ် 1U/xxx” ဟု ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကညနထံမှ သိရသည်။
ထော်လာဂျီ၏ ဖောင်းကြွနံပါတ်ကို ယခင်က ဌ/xxx သတ်မှတ်ထားရာမှ V/xxx ဟု ပြောင်းလဲသတ်မှတ်မည် ဖြစ်သည်။
ဆိုင်ကယ်တွင် ယခင်က ယ/xxx သတ်မှတ်ထားပြီး လက်ရှိတွင် W/xxx ဟု ပြောင်းလဲမည်ဖြစ်ကြောင်း တိုင်းကညနရုံး ထံမှ သိရသည်။
ယာဉ်သက်တမ်းတိုးချိန်တွင် အင်္ဂလိပ် အက်္ခရာဖောင်းကြွနံပါတ်ကို မဖြစ်မနေ ပြောင်းလဲရမည်ဖြစ်ပြီး သက်တမ်းမကုန်မီ တွင်လည်း ပိုင်ရှင်၏ ဆန္ဒအလျောက် လဲလှယ်နိုင်ကြောင်း ကညနဌာန တိုင်း ဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။
“သက်တမ်းလာတိုးရင်တော့ မဖြစ်မနေ ပြောင်းရမယ်”ဟု ဦးထင်ပေါ်က ပြော သည်။
အင်္ဂလိပ်အက္ခရာပါ ဖောင်းကြွနံပါတ် ပြားကို ပြောင်းလဲရာတွင် နံပါတ်ပြားနှစ် ပြားစာအတွက် သုံးဘီးဆိုင်ကယ်ကို ငွေကျပ် ငါးထောင်နှုန်းနှင့် ထော်လာဂျီကို ကျပ် တစ်သောင်းနှုန်း ကောက်ခံမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ဆိုင်ကယ်တွင် ယခင်က နံပါတ်ပြား နှစ်ပြား တပ်ဆင်ရပြီး လက်ရှိအင်္ဂလိပ် အက်္ခရာသို့ ပြောင်းလိုက်ချိန်တွင် အနောက် နံပါတ်ပြားတစ်ပြားသာ တပ်ဆင်ရမည် ဖြစ်ပြီး နံပါတ်ပြားတစ်ပြားအတွက် ငွေကျပ် ၂၅၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း ဦးထင်ပေါ်က ပြောသည်။
“ဖောင်းကြွမရှိတဲ့သူတွေကိုပဲ ပိုက်ဆံ ကောက်သင့်တယ်”ဟု ၎င်းက ဆိုသည်။
မော်တော်ကား ဖောင်းကြွနံပါတ်ကို မြန်မာအက်္ခရာမှ အင်္ဂလိပ်အက္ခရာသို့ ၂၀၁၃ ခုနှစ်မှစတင်ပြောင်းလဲခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလအထိ စာရင်းများအရ တနင်္သာရီတိုင်းအတွင်း သုံးဘီးဆိုင်ကယ် ၂၅၂၄ စီးနှင့် ထော်လာဂျီ ၅၂၁ စီးနှင့် ဆိုင်ကယ် ၂၁၉၆၉၀ စီးရှိ ကြောင်း တိုင်းဒေသကြီး ကညနရုံးထံမှ သိရသည်။

ကိုဇော်