ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
793
Bay-Din

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

၁၄-၁-၂၀၁၉ မှ ၂၀-၁-၂၀၁၉ အထိ

တနင်္ဂနွေ

သင်လုပ်ချင်သောလုပ်ငန်းများကို ယခုအချိန်မှာ ဆောင်ရွက်ပါ။ မုချအောင်မြင်မည်။ အမွေအနှစ် ရရှိတတ်သော ကာလဖြစ်သည်။ လက်ဝတ်လက်စားများ ၀င်မည်။ မည်သည့်စာမေးပွဲဖြေဖြေ အောင်ပွဲ ဆင်နိုင်မည့်ကာလ ဖြစ်သည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ်္တာရေးသည်ကား ဖူးစာရှင်သင့်အနားမှာ ရှိနေသည်ကို သင်သတိမထားမိဘဲ ဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်         – ပန်းရောင်၊ အညိုရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အဖြူရောင်

အကျိုးပေးသော ဂဏန်းများ      – ၅၊ ၆၊ ၉၊ ၂ ပါသော ဂဏန်းများ

ယတြာ                     – သီလရှင်ကို ငွေလှူဒါန်းပါ။

တနင်္လာ

အ၀တ်အထည်များ လက်ဆောင်ရမည်။ တန်ဖိုးကြီးပစ်္စည်းများ ၀င်မည်။ ရေလမ်း ခရီးသွားရမည်။ ပညာရေးမှာ ခရီးပေါက်မြောက်မည်။ အစားမှား၊ ဆေးများဖြစ်တတ်သည်။ လုပ်ငန်းနှင့် ပတ်သက်၍ စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြစ်ရတတ်သည်။ မေတ်္တာရေးသည်ကား စိတ်ညစ်ခဏ ပျော်ရွှင်ထာဝရ ဖြစ်နေသည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၇ ၊ ၃၊ ၆၊ ၉ ပါသော ဂဏန်းများ

ယတြာ                               – ပရဟိတကျောင်းတစ်ကျောင်း၌ မိမိဆန်္ဒရှိသော အရာကို လှူဒါန်းပါ။

အင်္ဂါ

ငွေကြေးများစွာ ၀င်လာမည်။ သင့်ရဲ့ ဆန်္ဒများ ထူးထူးခြားခြား အောင်မြင်မည်။ မိတ်ကောင်း၊ ဆွေကောင်း များရမည့်ကာလ ဖြစ်သည်။ အသိထူး၊ အမြင်ထူးများရသော ကာလ ဖြစ်တတ်သည်။  သို့သော် ယခု ကာလ၌ စကားမှားခြင်းက သင့်ကို ဒုက်္ခပေးတတ်သာကာလ ဖြစ်သည်။ ကျန်းမာရေး ကောင်းမည်။ မေတ်္တာရေးသည်ကား အချစ်စစ်၊ အချစ်မှန်နှင့် ဆုံစည်းရတတ်သည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ လိမေ်္မ်ာရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ အ၀ါရောင်

အကျိုးပေးသော ဂဏန်းများ      – ၅၊ ၇၊ ၃၊ ၉ပါသော ဂဏန်းများ

ယတြာ                                – ဗောဓိညောင်ပင်၌ ရေသက်စေ့လောင်းလှူပါ။

ဗုဒ္ဓဟူး

လှပသော နာရီတစ်လုံးဝင်မည်။ မိမိကို ကူညီမည့်သူများ ပေါများမည်။ သား၊ သမီးရတနာရမည်။ ပစ်္စည်းများ စုမိဆောင်းမိမည်။ အာရုံကြောများ အားနည်းတတ်သည်။ လုပ်ငန်းနှင့် ပတ်သက်၍  စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်ရတတ်သည်။ မေတ်္တာရေးသည်ကား အချစ်က သင့်ကို လတ်တလော ဝေဒနာများ ပေးနေတတ်သည်။

အကျိုးပေးသော အရောင်         – ပန်းရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ အ၀ါရောင်

အကျိုးပေးသော ဂဏန်းများ      – ၇၊ ၃၊ ၅၊၂ ပါသော ဂဏာန်းများ

ယတြာ                             – ဘုရားတစ်ဆူဆူ၌ ရွှေသင်္ကန်းအတွက် ရည်စူးငွေလှူဒါန်းပါ။

ကြာသပတေး

ယခုလ၌ တယ်လီဖုန်းမဆက်ပါနှင့်။ မြေ၀င်မည်။ ငွေကြေးများ အလုံးအရင်းဝင်မည်။ မိမိကြားချင် သော သတင်းစကားကောင်းများ ကြားရမည်။ လုပ်ငန်းနှင့် ပတ်သက်၍ စိတ်အလိုမကျဖြစ်ရ တတ်သည်။ မေတ်္တာရေးသည်ကား အချစ်စစ် ၊ အချစ်မှန်နှင့် လက်တွဲရမည်။

အကျိုးပေးသော အရောင်         – ပြောက်ကျားရောင်၊ အဖြူရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အစိမ်းရောင်

ယတြာ                               – မေမြို့ပန်းတစ်စည်း ဘုရားတစ်ဆူဆူ၌ ကပ်လှူပါ။

သောကြာ

အိုး အိမ်သစ်များ ရရှိတတ်သော ကာလ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ ၀န်ထမ်းဖြစ်က အခြေအနေကောင်းများ ကြုံမည်။ ခါးနာခြင်း သတိထားပါ။ ပညာရေးအနည်းငယ် အားစိုက်ရမည်။ မေတ်္တာရေးသည်ကား ယုံကြည်ပြီး ပုံအပ်မမိပါစေနှင့်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – ပန်းရောင်၊ အ၀ါရောင်

အကျိုးပေးသော ဂဏန်းများ      – ၅၊ ၇၊ ၁၊ ၉ ပါသော ဂဏန်းများ

ယတြာ                               – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

စီးပွားရေး လုပ်ငန်းများ အောင်မြင်မည်။ ငွေကြေးများ ပုံအောဝင်မည်။ သင့်ကို လူကြီးသူမများက မစချီးမြှောက်မည့် ကာလဖြစ်သည်။ အဆုတ်အအေးပတ်ရောများသတိထားပါ။ ပညာရေး ကတော့ ထိပ်တန်းဖြစ်သည်။ မေတ်္တာရေးသည်ကား  အဆင်မပြေသလိုလိုနဲ့ ပြေလည်သွားမည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ အနီရောင်

အကျိုးပေးသာ ဂဏန်းများ        – ၇၊ ၅၊ ၆၊ ၉ပါသော ဂဏန်းများ

ယတြာ                               – ပန်းသစ်တော်သီး (၂)လုံး ဘုရားဆွမ်းတော်ကပ်လှူပါ။

 

                                                   လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                ဆရာရွှေစင်မြတ် (Geology)

                                                   ဝေဒလက္ခဏသုတေသီ