တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ထူးခြားသည့် ဖြစ်ရပ်၊ ရက်စဉ်သမိုင်း

0
506

တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော

ထူးခြားသည့် ဖြစ်ရပ်၊ ရက်စဉ်သမိုင်းကို ဖော်ပြလိုက်ပါသည်။

 

မြိတ်

ဇန်န၀ါရီ ၆ – မြိတ်ကမ်းနားလမ်း ပလက်ဖောင်းတွင် ရောင်စုံ ဘလောက်တုံးများ စခင်းသည်။

ဇန်န၀ါရီ ၇ – ရေပုန်းရပ် မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း မှ ဆရာမက ကျောင်သားတစ်ဦးကို အနာတရဖြစ်အောင် ဆုံးမခဲ့သည်။ ကျောင်းအုပ်က ထိုဆရာမကို ဖေဖော်ဝါရီလတွင် တာဝန်မှ ရပ်စဲလိုက်သည်။

ဇန်န၀ါရီ ၁၉ – ကျွန်းစု ရွှေဂဲညိုရွာတွင် ဒုတိယတန်းကျောင်းသူ တစ်ဦး အိပ်နေစဉ် မြွေမြိုခံရသည်။ ဒဏ်ရာအနည်းငယ်သာရသည်။

ဇန်န၀ါရီ ၂၅ – ကျောက်ဖျာမြို့သစ်စီမံကိန်းအတွက် သိမ်းဆည်း မြေဧက ၅ ထောင်ကျော်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း စီမံ/ဘဏ္ဍာ ၀န်ကြီး ဖြိုးဝင်းထွန်းက တိုင်းလွှတ်တော်တွင် ပြောသည်။

ဇန်န၀ါရီ ၂၅ – ဒုသမ်္မတ ဦးးဟင်နရီဗန်ထီးယူ မြိတ်သို့လာသည်။ ကျွန်းစု၊ ကော့သောင်းတို့ကို ဆက်သွားကာ ၂၇ ရက်တွင် ပြန်ထွက်ခွာသည်။

ဖေဖော်ဝါရီ ၁ – မြိတ်-ကျွန်းစု မြစ်ကူးတံတားကို ၂၀၂၁ ခုနှစ် မတိုင်မီ တည်ဆောက်မည်ဟု ပြည်ထောင်စု ဆောက်လုပ်ရေး ဒုဝန်ကြီးက အမျိုးသားလွှတ်တော်တွင် ပြောသည်။

ဖေဖော်ဝါရီ ၇ – ကျောက်ဖျာရွာရှိ Myanmar Makro  ငါးသတ်္တာစက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရဟု လွှတ်တော်နှင့် သက်ဆိုင်ရာဌာနများထံ တိုင်ကြားသည်။

ဖေဖော်ဝါရီ ၈ – ၀က်တင်ယာဉ်စစ်ဆေးစဉ် NLD ပါတီရင်ထိုး တံဆိပ်ပြ စကားအချေအတင် ပြောဆိုမှုတစ်ရပ် ဖြစ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၀ – အထက်ပါ NLD ပါတီရင်ထိုးတံဆိပ်ပြ စကားအချေအတင် ပြောဆိုမှုသည့် အမျိုးသမီးကို NLD မြို့နယ် အလုပ်အမှုဆောင်တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည်။

ဖေဖော်ဝါရီ ၂၁ – တနင်္သာရီတိုင်းအတွင်း ကာကွယ်ထိန်းသိမ်း တောများတည်ထောင်ခြင်းကြောင့် ထောင်ပေါင်းများစွာသော ကရင် ဌာနေတိုင်းရင်းသားများ၏ နေထိုင်အသက်မွေးမှုကို ခြိမ်းခြောက်နေ ကြောင်း တနောသရီထိန်းသိမ်းရေးမိတ်ဖွဲ့များက ထုတ်ပြန်သည်။

မတ် ၇ – “မည်သည့်စီမံကိန်းကြောင့်မျှ ကျူးကျော်သိမ်းဆည်းမှုမျိုး လက်မခံ” ဆိုင်ဘုတ်အား ကျောက်ဖျာကျေးရွာထိပ်တွင် ယင်းရွာသားများ စိုက်ထူခဲ့သည်။

မတ် ၁၄ – တနသာင်္ရီမြို့နယ် ကျေးရွာအချို့မှ ရွာသား ၁၂၀ ကျော် စုပေါင်းသွေးလှူသည်။

မတ် ၁၇ – MAC ဆီအုန်းကုမ်္ပဏီက စည်းကမ်းချက်များ လိုက်နာမှု ရှိမရှိ စုံစမ်းစစ်ဆေးရန် အရပ်ဘက်အဖွဲ့အစည်း ၈ ဖွဲ့က အစီရင်ခံစာ ထုတ်ပြန်သည်။

မတ် ၁၈ – စမ်းချောင်းကျေးရွာ သတင်းစာတိုက်လမ်းသို့ မြေသယ် ယာဉ်၊ ကျောက်တင်ယာဉ် လုံးဝမ၀င်ရန် လမ်းသူလမ်းသားများ ဆိုင်းဘုတ် ထောင်သည်။

မတ် ၂၃ – ကမ်းဝေးငါးဖမ်းလှေများတွင် စောင့်ကြည့်ထိန်းချုပ်ရေး ကိရိယာ တပ်ဆင်ရန် စာထုတ်သည်။

မတ် ၂၅ – ကျွန်းစု စခန်းသစ်ရွာတွင် ဘုရားပွဲသွားသည့် စက်လှေ တစ်စီး မိုးကြိုးထိမှန်ကာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေသည်။

မတ် ၂၉ – တနင်္သာရီမြို့ ရှေးဟောင်းဇုန်အတွင်း နေအိမ်များ တိုးချဲ့မဆောက်ရန် တားမြစ်သည်။

မတ် ၃၁ – ကလွင်၊ တက်္ကသိုလ်ရပ်ကွက်တွင် အိမ်သာတွင်းတူးရာမှ ဗုံးသီးဟောင်း ၄၄ လုံး တွေ့ခဲ့သည်။

ဧပြီ ၂၈ – အမှိုက်သိမ်းခ တစ်လ ကျပ် ၂၀၀၀ သတ်မှတ်လိုက်ပြီး အမှိုက်သိမ်းခ ငွေရှင်းပြေစာပြနိုင်မှ ရပ်ကွက်ထောက်ခံစာများ ရေးပေး မည်ဟု ဆုံးဖြတ်သည်။

ဧပြီ ၂၉ – ကျွန်းစု ထိန်ချောင်းရွာတွင် နှစ် ၆၀ မြောက် ပျားရည်ဆွမ်း လောင်းသည်။

မေ ၁၈ – တနင်္သာရီမြို့ ရှေးဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်း ရေးဇုန်ကို နိုင်ငံတော်ပြန်တမ်းဝင်အဖြစ် သတ်မှတ်သည်။

မေ ၂၁ – ပယောဂဆရာက ရောဂါကုပေးမည်ဆိုကာ အိမ်ရှိရွှေ အကုန် ခွက်ထဲထည့်ခိုင်းပြီး ရွှေလုပြေးမှု တညက်ရွာတွင် ဖြစ်ပွားသည်။

မေ ၂၈ – Mergui Post (မားဂွီးပို့စ်)ဂျာနယ် စဖြန့်သည်။

ဇွန် ၅ – မဟာဓာတ်အားလိုင်း ၂ နှစ်ဝန်းကျင်အတွင်း မြိတ်သို့ ရောက်လာမည်ဟု ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

ဇွန် ၁၄ – GGS ကုမ်္ပဏီက ပုလောတွင် အဝေးပြေးယာဉ်ရပ်နား စခန်းနှင့် အိမ်ယာစီမံကိန်းအတွက် လယ်ယာမြေအချို့ကို ခွင့်ပြုချက် မရသေးဘဲ မြေဖို့နေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်က ဦးကျော်မင်းက တိုင်းလွှတ်တော်တွင် ပြောသည်။

ဇွန် ၁၇ – လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အကျင့်ပျက်ခြစားမှုများ ကို စောင့်ကြည့်သွားမည်ဟု မြိတ်ခရိုင် ၈၈ ငြိမ်း/ပွင့်က ထုတ်ပြန်သည်။

ဇူလိုင် ၇ – မြိတ်ခရိုင် လူနာတင်ယာဉ် စုပေါင်းကွန်ရက် ဖွဲ့သည်။

ဇူလိုင် ၈ – တနင်္သာရီမြို့နယ်တွင် ရွှေကမော်္ဘဇက သိမ်းထားသည့် မြေဧက ၄၀၀၀ ကိစ်္စ ဖြေရှင်းပေးရန် ဒေသခံတောင်သူ ၂၀၀ ကျော် ဆန်္ဒပြသည်။

ဇူလိုင် ၁၅ – တနင်္သာရီမြို့ ရေကြီးသဖြင့် အိမ်အချို့ စပြောင်းရ သည်။ တနင်္သာရီ မြစ်ရေ ရေအမှတ် ၁၅ ပေ ဖြစ်သည်။

ဇူလိုင် ၁၉ – ရေကြီးရေလျှံမှုကြောင့် မြိတ်-မော်တောင်ယာဉ်လိုင်း အချို့ ယာယီရပ်နားထားရသည်။

ဇူလိုင် ၂၀ – တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအချို့ ရေကြီးနေပြီး တနင်္သာရီမြစ်ရေသည် ည ၈ နာရီတွင် ရေအမှတ် ၂၆ ပေ ၃ လက်မ ရှိသည်။

သြဂုတ် ၁ – တနင်္သာရီမြို့ ရေထိန်းတံခါးပိတ်ကာ မြို့တွင်းမှ ရေများ စုပ်ထုတ်သည်။

သြဂုတ် ၁ –  ကမ်းဝေးငါးဖမ်းလှေများတွင် စောင့်ကြည့်ထိန်း ချုပ်ရေးကိရိယာ တပ်ဆင်ရန် တိကျသော ညွှန်ကြားချက် မရသေးဟု မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောသည်။

သြဂုတ် ၅ – တနင်္သာရီမြို့ဟောင်း တောင်ဘက်အုတ်မြို့ရိုး ပြိုကျသည်။

သြဂုတ် ၈ – ၈ လေးလုံး နှစ် ၃၀ ပြည့် အခမ်းအနားကို ကလွင်၊ တောရအောက်ကျောင်းတွင် ကျင်းပသည်။

သြဂုတ် ၈ – တိုင်းဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်အပါအ၀င် လူ ၃၀ အသရေဖျက်မှု ဖြင့် တရားစွဲခံရသည်။

သြဂုတ် ၂၄ – ကမော်္ဘဇဘဏ်ခွဲ ၃ ကို အမျိုးသားတစ်ဦး ဓားရှည်ကိုင် ကာ ဓားပြ၀င်တိုက်သည်။ နေ့ချင်း ဖမ်းမိသည်။

သြဂုတ် ၂၅ – ငါးလေလံဈေး အမြန်ဆုံးအကောင်အထည်ဖော်ရန် ဒေသခံလုပ်ငန်းရှင် ၃၀ ဦးခန့်က သမ်္မတနှင့် ၀န်ကြီးဌာနများ၊ လွှတ်တော် များထံ စုပေါင်းလက်မှတ်ရေးထိုးတောင်းဆိုသည်။

သြဂုတ် ၂၆ – မြို့တွင်း အရှိန်လျှော့တုံးအားလုံး ဖယ်ရှားသည်။

သြဂုတ် ၃၀ –  မြိတ်တက်္ကသိုလ်တွင် ပန်းချီပြပွဲ ပြုလုပ်သည်။

စက်တင်ဘာ ၅ – တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်မှု နှစ်လနီးပါးကြာပြီးနောက် စိုးရိမ်ရေမှတ်အောက် ပြန်ရောက်သည်။

စက်တင်ဘာ ၈ – Mergui Post (မားဂွီးပို့စ်) ဂျာနယ် ယာယီရပ်သည်။

စက်တင်ဘာ ၁၂ – မြိတ် ငါးလေလံဈေး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၂၀ အား ခွင့်ပြုချက်အား ဆောလျင်စွာ ဆောင်ရွက်သင့်ကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဥက်္ကဋ္ဌက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

စက်တင်ဘာ ၁၃ – လျှပ်စစ်ထုတ်ရန် တနင်္သာရီမြစ် ရေကာတာ တည်ဆောက်မည့် စီမံကိန်းကို အလိုမရှိကြောင်း ဒေသခံရွာ ၃၀ မှ ရွာသား ၃၀၀ ကျော်က ဆန်္ဒပြကြသည်။

စက်တင်ဘာ ၂၈ – ကျွန်းစုမြို့နယ် ကျေးရွာ ၁၃ ရွာကို စည်ပင် နယ်နိမိတ်အဖြစ် တိုးချဲ့သတ်မှတ်သည်။

အောက်တိုဘာ ၁ – မြိတ်ကျွန်းစု ပုလဲမွေးမြူရေးလုပ်ငန်းများသို့ သွားရောက်လည်ပတ်နိုင်သည်။

အောက်တိုဘာ ၃၁ – အမျိုးသမီးဘော်ဒါဆောင်တွင် အတွင်းခံ ၃၀ ကျော် အခိုးခံရသည်။

စက်တင်ဘာ ၁၅ – ကျွန်းစုတွင် တစ်နိုင်တပိုင် ကမ်းနီးကင်းမွန် လှေလုပ်ငန်းရှင်များအသင်း စဖွဲ့သည်။

နိုဝင်ဘာ ၅ –  တောရိုင်းဆင်များ မျိုးမပြုန်းစေရန် ဆီအုန်းစိုက်ပျိုး ဧက အမြောက်အများ ထပ်စိုက်ခွင့် မပြုသင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက အမျိုးသားလွှတ်တော်တွင် ဆွေးနွေးပြောကြားသည်။

နိုဝင်ဘာ ၁၄ – ဆလုံဘာသာစကားသင်ရိုးကို တိုင်းအစိုးရ အတည်ပြုသည်။

နိုဝင်ဘာ ၂၃ – မီတာခ တစ်ယူနစ် ၅၀၅ ကျပ် ကောက်ခံရန် ဆုံးဖြတ်သည်။

နိုဝင်ဘာ ၂၁ – မြိတ် Vantage ငါးအမှုန့်ကြိတ်စက်ရုံကို လည်ပတ်ခွင့် ခေတ်္တရပ်ဆိုင်းသည်။

နိုဝင်ဘာ ၂၉ – ကျွန်းစုတွင် ဘင်္ဂါလီ ၃၈ ဦး ဖမ်းမိသည်။

ဒီဇင်ဘာ ၂၀ – ဧရာဝတီဘဏ်ခွဲတွင် ငွေလာလွှဲသူထံမှ ကျပ် တစ်သောင်းတန် အတု အရွက် ၅၀ ဖမ်းမိသည်။

ဒီဇင်ဘာ ၂၃ – ကျွန်းစုတွင် အောင်ဘာလေထီလက်မှတ် ဆယ်စောင်တွဲကို သုံးသောင်းဖြစ်ရောင်းသူအား ဖမ်းမိသည်။

ဒီဇင်ဘာ ၂၄ – ကျွန်းစုတွင် စိတ်ကြွဆေးရောင်းသည့် လှေတစ်စီး ဖမ်းမိသည်။