တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ထူးခြားသည့် ဖြစ်ရပ်၊ ရက်စဉ်သမိုင်း

0
602

တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော

ထူးခြားသည့် ဖြစ်ရပ်၊ ရက်စဉ်သမိုင်းကို ဖော်ပြလိုက်ပါသည်။

 

ထားဝယ်

ဇန်န၀ါရီ  ၂ – တိုင်းအစိုးရ တရားစွဲထားသော တနင်္သာရီဂျာနယ်ပါ မူးဆေးအိုးသရော်စာအမှု ဂျာနယ်တာဝန်ခံအယ်ဒီတာကို တရားရုံးက အာမခံ ပေးသည်။

ဇန်န၀ါရီ  ၃ – လျှပ်စစ်ဖြန့်ဖြူးရေးတင်ဒါ စခေါ်သည်။

ဇန်န၀ါရီ  ၃ – ခွင့်ပြုချက်မဲ့ အိမ်ရာမြေကွက် ဖော်ဆောင်သူ၊ ၀ယ်ယူသူများကို တရားစွဲမည်ဟု စိုက်/မွေး/ဆည် ၀န်ကြီး ဦးမြင့်စန်း ပြောသည်။

ဇန်န၀ါရီ  ၁၀ – ထားဝယ်နည်းပညာတက်္ကသိုလ် ကျောင်းသားများ သမဂ္ဂ ပဉ်္စမမြောက် အလုပ်အမှုဆောင်အဖွဲ့ ကျမ်းသစ်္စာကျိန်ဆိုကာ တာဝန် လွှဲပြောင်း လက်ခံသည်။

ဇန်န၀ါရီ  ၁၂ – တနင်္သာရီတိုင်းအစိုးရကို ယခုအချိန်ထိ မည်သူမျှ အပြစ်မပြောသေးကြောင်း၊ အကယ်၍ ၀န်ကြီးချုပ်တာဝန်နှင့် မသင့် တော်ဟု ပြောလာပါက နုတ်ထွက်ရန် အသင့်ရှိကြောင်း ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

ဇန်န၀ါရီ  ၁၇ – ထားဝယ်နည်းပညာတက်္ကသိုလ်တွင် ဘောလုံး ကွင်းနှင့် အားကစားခန်း ဆောက်ပေးရန် ကျောင်းသားများသမဂ်္ဂက တိုင်းအစိုးရထံ တောင်းဆိုသည်။

ဇန်န၀ါရီ ၁၉ – ထားဝယ်အထူးစီးပွားရေးဇုန်လုပ်ငန်းများ ပြန်စ မည်ဟု ဇုန်စီမံခန့်ခွဲမှု ကော်မတီဝင်များက ပြောသည်။

ဇန်န၀ါရီ ၂၂ – နိုင်ငံ့ဘဏ္ဍာငွေ(ဘတ်ဂျက်)ဖြင့် မဟုတ်ဘဲ ပုဂ်္ဂလိ က ရင်းနှီးမြုပ်နှံမှု စီမံကိန်းများ လွှတ်တော်သို့တင်ပြရန် မလိုအပ်ဟု စီမံ/ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

ဇန်န၀ါရီ ၂၄ – မယ့်သမီးခီးစက်မှုဇုန် စီမံကိန်းလေ့လာသုံးသပ်ရေး ကော်မရှင် စဖွဲ့သည်။

ဖေဖော်ဝါရီ ၁၅ – တိုင်းအစိုးရက GGS ကုမ်္ပဏီအား ထားဝယ်ခရိုင် တွင် လျှပ်စစ်ဖြန့်ဖြူးခွင့် (ယာယီ)ပေးအပ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၅ – မြေတိုက်ကျောင်း နှစ် ၁၅၀ ပြည့် အခမ်းအနား ပြုလုပ်သည်။

ဖေဖော်ဝါရီ ၂၈ – လျှပ်စစ်ဖြန့်ဖြူးရေးတင်ဒါ ခေါ်ယူရေး တိုင်းအစိုးရက ဆိုင်ငံ့သည်။

မတ် ၃ – ဗဟိုမဏ္ဍပ်တွင် သံချပ်ထိုးခွင့်မပြုဟု တိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

မတ် ၄ – ရွှေတောင်စားစေတီတော် ဒုတိယအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲ၊ ငှက်မနားတော်ပူဇော်ပွဲ၊ စိန်ဖူးတော်တင်လှူပွဲ ကျင်းပသည်။

မတ် ၇ – ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ဗိုလ်ချုပ်နေ၀င်း၏မြေး ဦးအေးနေ၀င်းနှင့် တွေ့ဆုံသည်။

မတ် ၂၈ – ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဒေသခံများရရှိ မည့် လျော်ကြေးအား ပြည်သူထိခိုက်နစ်နာအောင် မလုပ်ဟု စီမံ/ဘဏ္ဍာ ၀န်ကြီး ဦးဖြိုးဝင်းထွန်းက အာမခံခဲ့သည်။

မတ် ၂၉ – တိုင်းအတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှုများကို တိုင်းအစိုးရက ရေးဆွဲထားသော မူဝါဒအတိုင်း သွားနေခြင်းမျိုးမဟုတ်ဘဲ ထုတ်လုပ်ဖြန့်ဖြူးခွင့်ရသော ကုမ်္ပဏီ၏မူဝါဒဖြင့် သွားနေသကဲ့သို့ ဖြစ်နေ ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက တိုင်းလွှတ်တော်တွင် ဝေဖန်သည်။

မတ် ၂၆ – ထားဝယ်-ထီခီးလမ်းအတွက် ထိုင်းနိုင်ငံ (NEDA) ထံမှ ချေးငွေ ဘတ်သန်း ၄၅၀၀ ရယူရန် ပြည်ထောင်စုလွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့သည်။

ဧပြီ ၁၂ – တည်ဆောက်ပြီး လအနည်ငယ်သာ ရှိသေးသည့် ဆန်းချီချောင်း ကျောက်စီမြေထိန်းနံရံ ပြိုကျခဲ့သည်။

ဧပြီ ၁၅ – ရဲမေတစ်ဦးအား ကာယိနြေ်္ဒ ပျက်စေသည်အထိ ရေပက် ခဲ့သည်ဟုဆိုကာ ရေပက်သူများကို လိုက်လံဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင် များက တုတ်ဖြင့် ရိုက်ခဲ့ကြသည်။

ဧပြီ ၂၅ – စိုက်ပျိုးခြင်းမရှိ၍ ပြန်သိမ်းထားသော မြေဧက တစ်သိန်း ခွဲနီးပါးတွင် စိုက်ပျိုးလိုသူများ လျှောက်ထားနိုင်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

မေ ၇ – တရားမ၀င် ခရီးသွားလုပ်ငန်းများ တားဆီးထိန်းချုပ်ပေး ရန် ထားဝယ်ခရိုင်အတွင်းမှ ခရီးသွားလုပ်ငန်းရှင်များက တိုင်းဟိုတယ်/ ခရီးဌာနသို့ တောင်းဆိုလိုက်သည်။

မေ ၁၁ –  နှစ် ၁၅၀ သက်တမ်းရှိ ထားဝယ် မြေတိုက်ကျောင်း မီးလောင် သည်။ ကူးတို့ဂိုဏ်း ဂဏ၀ိမုတ် စာချွန်တော် ၂ ခုနှင့် ရှေးဟောင်းပစ်္စည်း များ မီးထဲပါသည်။

မေ ၁၇ –  စည်းကမ်းမဲ့အမှိုက်ပစ်သူ ဒဏ်နှစ်သိန်း၊ သတင်းပေးသူ ဆုတစ်သိန်းဟု စည်ပင်က ပြောသည်။

မေ ၁၇ – ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး တင်ဒါ ပြန်ခေါ်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြော သည်။

မေ ၂၀ –  ရှင်မုတ်္ထီးရွာ (မုတ်္ထီးမြို့ဟောင်း/မုတ်္တသုခနာဂရမြို့ ဟောင်း)တွင် အိမ်ဆောက်ရန် မြေရှင်းရာမှ ရှေးဟောင်းအုတ်ခွက်ဘုရား ၅၀ တွေ့သည်။

မေ ၂၅ – ထားဝယ်အကျဉ်းထောင်တွင် သတင်းစာနှင့် ဂျာနယ် အချို့ လွယ်ကူစွာ ဖတ်ရှုခွင့် ပြုရန်အပါအ၀င် အချက် ၁၁ ချက်ပါ အကြံပြုချက်ကို မြန်မာနိုင်ငံ အမျိုးသားလူးအခွင့်အရေးကော်မရှင်က ထုတ်ပြန်သည်။

မေ ၃၁ – တက်္ကသိုလ်နှင့် ကောလိပ်များတွင် ဟောပြောပွဲများ မလုပ်ရ ညွှန်ကြားချက်အား တိုင်းအတွင်း ကျောင်းသားသမဂ်္ဂများ စုပေါင်း ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။

ဇွန် ၁၂ –  မလေးရှားသို့ မူးယစ်ဆေး တစ်တန်ကျော်တင်သွင်းမှုနှင့် ဆက်စပ်၍ ထားဝယ်မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်လွင်(ခ)ပျဉ်ပိုးကို ဖမ်းသည်။

ဇွန် ၂၂ – ထီးခီးဂိတ်တွင် နယ်စပ်ဖြတ်ကျော် အလုပ်လုပ်သူများ ထံမှ တစ်ဦး ဘတ် ၁၀၀ တရားမ၀င် ကောက်ခံနေကြောင်း စစ်ဆေး ပေါ်ပေါက်သည်ဟု ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

ဇူလိုင် ၈ – ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့သည်။

ဇူလိုင် ၁၇ – အကွက်ရိုက် ရောင်းသူမှအပ လယ်မြေဖို့သူ အရေးမယူဟု ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

ဇူလိုင် ၁၈ – လောင်းလုံး၊ ကျောက်နီမော်ရွာတွင် မိုးသည်းကာ မြေပြိုသဖြင့် လူ ၃၀၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းရသည်။

ဇူလိုင် ၂၀ – တနင်္သာရီတိုင်း၏ ပထမဆုံးသော သတ်္တုအများပိုင် ကုမ်္ပဏီ တည်ထောင်သည်။

ဇူလိုင် ၃၁ – ကိုကိုးကျွန်း အစာငတ်ခံ ဆန်္ဒပြပွဲတွင် ကျဆုံးခဲ့သူများ အတွက် ဇေတ၀န်ကျောင်းတွင် အမျှဝေသည်။

သြဂုတ် ၁ – ရှင်မော်ဘုရားတောင်ကုန်း မြေပြိုသည်။

သြဂုတ် ၈ – ၈ လေးလုံး နှစ် ၃၀ ပြည့် အခမ်းအနားကို ရွှေဂူကျောင်းတွင် ကျင်းပသည်။

သြဂုတ် ၂၇ -စိုက်ပျိုးမြေနှင့် ရေ ဓာတ်ခွဲနိုင်သည့် မြေဆီလွှာ ဓာတ်ခွဲခန်း စဖွင့်သည်။

စက်တင်ဘာ ၁၁ -မြေလွတ်မြေလပ်နှင့် မြေရိုင်းများပေါ် ခွင်ပြုချက်မဲ့ လုပ်ကိုင်ကြသူများ ၆ လအတွင်း လျှောက်ထားရန် ဥပဒေ ပြင်ဆင် အတည်ပြုသည်။

စက်တင်ဘာ ၁၂ – ပညာရေးကောလိပ်တက်ရောက်သည့် ကျောင်းသား/သူများအား အလုပ်ခန့်ထားရာတွင် ခွဲခြားဆက်ဆံ ခံရသည်ကို ဖြေရှင်း ပေးရန် ယင်းကောလိပ် ကျောင်းသား/သူ ၁၀၀ ကျော်က ဆန်္ဒပြသည်။

စက်တင်ဘာ ၁၅ – LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စမ်းသပ်တိုင်းထွာရန် ရေဖြူမြို့နယ် ဓမင်းဆိပ်ကျေးရွာ နှင့် ဟိနဲ်္ဇကျွန်းအကြား ရေပြင်တွင် ငါးဖမ်းခွင့် ၂ လ ပိတ်သည်။

စက်တင်ဘာ ၁၈ – ဆင့်ပွားစီပွားရေးစနစ်(MLM)လုပ်ငန်းများ တားမြစ်ကြောင်း ပြည်ထောင်စု စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သည်။

စက်တင်ဘာ ၁၉ – တနင်္သာရီတိုင်းသို့  ၂၀၁၉ ခုနှစ်တွင် မဟာ ဓာတ်အားလိုင်းသွယ်တန်းရေး ပါဝင်သည့် လျှပ်စစ်စီမံကိန်းများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲ အတည်ပြုသည်။

စက်တင်ဘာ ၂၂ – တစ်ရက်အတွင်း တနင်္သာရီတိုင်းတွင် လူ ၅ ဦး မိုးကြိုးပစ်ခံရပြီး ၄ ဦးသေဆုံးသည်။

စက်တင်ဘာ ၂၅ – မြို့ဧရိယာအတွင်းရှိ မြေငှားဂရမ် မရှိသေးသည့် အိမ်ရာ၊ အဆောက်အအုံများအား မြေငှားဂရမ် ချထားပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်အလိုက် စီမံချက်ရေးဆွဲ အကောင် အထည်ဖော်ရေးအဆိုကို တိုင်းလွှတ်တော်က အတည်ပြုသည်။

စက်တင်ဘာ ၂၅ – မောင်းမကန်မြို့သစ်နှင့် ဟိုတယ်ဇုန် ဖွံ့ဖြိုးရေး စီမံကိန်းအား တိုင်းလွှတ်တော်က အတည်ပြုသည်။

စက်တင်ဘာ ၂၈ – ထားဝယ်လေယာဉ်ကွင်း ချုံရှင်းခ ကျပ်သိန်း ၄၀၀၀ မှာ တစ်ဧက ၁၆ သိန်းနှုန်းခန့် ကျသင့်နေကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက တိုင်းလွှတ်တော်တွင် ပြောသည်။

စက်တင်ဘာ ၂၉ – ထားဝယ် ညောင်ချောင်းဆုံ လျှပ်စစ်စီမံကိန်းကို ဒေသခံများ သဘောမတူကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

စက်တင်ဘာ ၂၉ – ၀င်းဝတံတားသစ် ဖွင့်သည်။

အောက်တိုဘာ ၈ – ထားဝယ်လေယာဉ်ကွင်းချုံရှင်းခ ပမာဏ များလွန်းသဖြင့် စိစစ်အရေးယူပေးရန် ထားဝယ်ဒေသခံတစ်ဦးက အဂတိကော်မရှင်သို့ တိုင်သည်။

အောက်တိုဘာ ၉ – ဖိုးဖိုးကျောက်ကမ်းခြေနှင့် ပဲ့စင်ကျွန်းအပါ အ၀င် ကမ်းခြေအချို့တွင် အပန်းဖြေစခန်းဆောက်ရန် Excellent Fortune Development က အဆိုပြုသည်။

အောက်တိုဘာ ၁၅ – သရက်ချောင်း၊ တီတွတ်ပြင်တွင် ကျောင်းသူ/သား ၈ ဦးအပါအ၀င် လူ ၁၃ ဦး မိုးကြိုးပစ်ခံရသည်။

အောက်တိုဘာ ၂၆ – ကံပေါက်ဒေသ၏ မြေ ၅၂၂၂၁ ဧကတွင် ဓာသတ်္တု စမ်းသတ်တိုင်းတာခွင့်ပြုရန် ဒယ်လ်ကိုကုမ်္ပဏီ အဆိုပြုသည်။

နိုဝင်ဘာ ၈ – အင်္ကျီ၊ ဘောင်းဘီ အတိုအပြတ်ဖြင့် တိုင်းအစိုးရ ရုံးဝင်းအတွင်း ၀င်ခွင့်မပြုကြောင်း ကြေညာသည်။

နိုဝင်ဘာ ၁၅ – နှစ်ကျိပ်ရှစ်ဆူဘုရားများတွင်ရပ်ကွက်အမည် ထားဝယ်လို မရေးရဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကျေးသို့ ညွှန်ကြားသည်။

နိုဝင်ဘာ ၁၉ – ဒေသထွက် ငါးပိပြိုင်ပွဲ ကျင်းပသည်။

နိုဝင်ဘာ ၂၀ – နှစ်ကျိတ်ရှစ်ဆူဘုရားများတွင်  ရပ်ကွက်အမည် ထားဝယ်လို မရေးရကိစ်္စ တိုင်းအစိုးရအဖွဲ့ညွှန်မှူး ပြန်တောင်းပန်သည်။

နိုဝင်ဘာ ၂၅ – လောင်းလုံးဘုတ်ကျွန်းအနီးပင်လယ်ပြင်တွင် ဘင်္ဂါလီ ၉၃ ဦး ဖမ်းမိသည်။

ဒီဇင်ဘာ ၅ – မလွှဲတောင် ၀ါးတားဂိတ် ဖြုတ်သိမ်းရန်မရှိဟု ပြည်ထောင်စု ၀န်ကြီးက အမျိုးသားလွှတ်တော်တွင် ပြောသည်။

ဒီဇင်ဘာ ၆ – GGS ကုမ်္ပဏီက ဂက်စ်ဖိုး ကျပ်သိန်းပေါင်း ၈ သောင်းကျော် နိုင်ငံတော်သို့ မသွင်းသေးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။

ဒီဇင်ဘာ ၇ – ပဲ့စင်ကျွန်းအပါအ၀င် ကျွန်း/ကမ်းခြေနေရာ လေးခုတွင် အပန်းဖြေစခန်းလုပ်ရန် မြေနေရာ လျှောက်ထားမှု ကန်ကွက်လွှာ စခေါ်သည်။

ဒီဇင်ဘာ ၈ – ပထမဆုံးအကြိမ် ကျင်းပသည့် ထားဝယ်အမျိုးသားနေ့ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ ကာချုပ်နှင့် ၀န်ကြီးဌာန၊ အသင်း အဖွဲ့များက သ၀ဏ်လွှာ ၇ စောင် ပေးပို့သည်။

ဒီဇင်ဘာ ၈ – တို့ချစ်တဲ့ထားဝယ်ပွဲ မောင်းမကန်တွင် ကျင်းပသည်။

ဒီဇင်ဘာ ၁၃ – ထားဝယ်လေယာဉ်ကွင်းချုံရှင်းခ ပမာဏ များလွန်း သဖြင့် စိစစ်အရေးယူပေးရန် ထားဝယ်ဒေသခံတစ်ဦးက အဂတိ ကော်မရှင်သို့ တိုင်ကြားမှု အရေးယူရန်မရှိကြောင်း အဂတိ ကော်မရှင်မှ နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် အကြောင်းပြန်သည်။

ဒီဇင်ဘာ ၁၅ – ဂက်စ်ဖိုး အပြည့် ပေးသွင်းရမည်ဆိုက မီးစက် ရပ်လျှင်ရပ်၊ မရပ်လျှင် ယူနစ်ဈေး ၃၅၀ ကျပ်အထိ တိုးကောက်ရမည့် နည်းလမ်းသာရှိကြောင်း  GGS တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၂၁ – GGS ထံမှ ဂက်စ်ဖိုး ၁၄ ကြိမ် တောင်းပြီးကြောင်း ပြည်ထောင်စု ဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။