သေးငယ်သော ကိစ္စဟူ၍ မရှိပါ

0
569

ရေလုပ်သား တစ်ရာကျော် ထောင်အချုပ်ထဲ ရောက်နေပြီး ကျန်တဲ့ ရေလုပ်သားများလည်း ဘယ်နေ့ ထောင်အချုပ်ထဲ ရောက်မည် မသိဖြစ်နေသည်ကို တိုင်းအစိုးရကပေါ့သေးသေး သဘောထားနေသည်ကို တွေ့ရသည်။

ရေလုပ်ငန်းသည် ရေလုပ်သားများသာမက ပင်လယ်စာ ကြိုက်သူများ အထိပါ ဆက်စပ်ပါသည်ကို သိပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။

ပင်လယ်မှ ရေထွက်ကုန်တစ်ခု ပင်လယ်စာ ချစ်သူများထံ ရောက်သည်အထိ များစွာသော အဆင့်များတွင် ဖန်တီးပေးထားသည့် အလုပ်အကိုင်နှင့် ၀င်ငွေရပေါက် ရလမ်းများမှာ နည်းနည်းနောနော မဟုတ်သည်ကိုလည်း မြင်တတ်မည်ဟု ထင်ပါသည်။

ထို့အတူ တိုင်းအတွင်း ကြုံနေရသည့် မြေယာအကွက်ရိုက် ရောင်းချနေသည့် ကိစ်္စများ၊ မြေယာ လက်ဝါးကြီးအုပ်မှုများကိုလည်း ပေါ့သေးသေးဟု သဘောထားဟန် ရှိသည်။ ယင်းကိစ်္စများသည် အစားအစာ ဖူလုံမှု၊ ဓနအင်အားဖြန့်ဝေမှုမှသည် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှု၊ တိုင်းပြည်တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ ပြည်သူတစ်ဦးချင်းစီ အမှီအခိုကင်းအထိ ဆက်စပ်သည်ကို မြင်တတ်ရန် လိုပေသည်။

တောထွင်ကြီးတွင် လယ်မစိုက်ဘဲ လယ်ဝယ်ထားသည့်ကိစ်္စကိုလည်း ပေါ့ သေးသေးဟု သဘောထားသည် ထင်ပါသည်။ လက်ရှိတွင်တော့ လယ်ကိုဝယ်ပြီး ပစ်ထားသူများကြောင့် အခြားလယ်များ ပျက်စီးရသည့် အဖြစ်ကို ကြုံနေရသည်။

အထက်ပါ အရေးကိစ်္စများသည် ပူဖောင်း ကတ်ကြေးညှပ်သည့်ကိစ်္စထက် အရေးကြီးသည့်အရာများ ဖြစ်သည်။ ပတ်သက်ဆက်နွယ်မှု နက်ရှိုင်းလွန်းသည်။

သေးငယ်သော ကိစ်္စဟူ၍ မရှိပါ။ အရေးအရာ ကိစ်္စအရပ်ရပ်ကို ကျယ်ပြန့် နက်ရှိုင်းစွာ တွေးတော အရေးတယူရှိပါက သေးငယ်သည့်ကိစ်္စဟူ၍ မရှိတော့ပါ။

အရေးအရာကိစ္စများကို တင်ပြတိုင်း သေးငယ်သည့်ကိစ္စများကို လာပြောရ လေသလားဟု ပြောလေ့ရှိသည့် ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ ပြန်လည်ဆင်ခြင်နိုင်ရန် ပြောလိုရင်းဖြစ်သည်။

အယ်ဒီတာ (ဇန်န၀ါရီ ၅၊ ၂၀၁၉)

 

တနင်္သာရီရေဒီယို >>>>>” သေးငယ်သော ကိစ္စဟူ၍ မရှိပါ” အယ်ဒီတာအာဘော်