တနင်္သာရီတိုင်း၏၂၀၁၈ ခုနှစ် ထူးခြားသည့် ကိန်းဂဏန်းများ

0
519

၈ ဘီလီယံကျော်

Global Grand Service(GGS) ကုမ္ပဏီမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်းသို့ ပေးသွင်းရမည့် သဘာဝဓာတ်ငွေ့ဖိုး ပမာဏဖြစ်သည်။

 



ဇူလိုင်လ ၃၀ ရက်က ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာတွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၅ လုံး မြေဖုံးကာ ၅ ဦး သေဆုံးခဲ့သည်။

 



၂၇ ပေ

ယခုနှစ်အတွင်း မြစ်ရေကြီးခဲ့သည့် တနင်္သာရီမြစ်ရေအမှတ် ဖြစ်သည်။ သြဂုတ်လ ၂၈ ရက်က တနင်္သာရီမြစ်ရေသည် အန်္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေ ကို ထက် ၃ ပေနှင့် ၃ လက်မ ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။

 



ကျပ်သိန်း ၄၀၀၀

တနင်္သာရီတိုင်းအစိုးရအဖွဲ့က အသုံးပြုခဲ့သည့် ထားဝယ်လေယာဉ်ကွင်း ချုံရှင်းခဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း လူအပြောများသည့် ကိန်းဂဏန်းတစ်ခုလည်း ဖြစ်သည်။

 



၄၄

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာ၊ တက်္ကသိုလ်ရပ်ကွက်တွင် အိမ်သာတွင်းတူးရာမှ ဗုံသီးဟောင်း ၄၄ လုံး တွေ့ရှိခဲ့သည်။