၂၀၁၉ တနင်္သာရီဟောကိန်း

0
899

လူထု၏ ပေါက်ကွဲဒေါသများဖြင့် တရိပ်ရိပ် အရှိန်တက်ခဲ့သော ၂၀၁၈ ၏ ပြက်္ခဒိန် ရက်စွဲများသည် အဆုံးသတ်သွားပြီ ဖြစ်သည်။

ယခုနှစ်တွင် တနင်္သာရီဘိုးဘိုးကြီး သည် ဖေ့စ်ဘွတ်ယာဉ်ပျံတွင် တွဲခိုစီး၊ ပါးစပ်တွင် အ၀တ်စည်း၊ နားတွင် ဂွမ်းဆို့ ကာ ညာဘက်လက်တွင် ကျည်ပွေ့ကို ကိုင်လျက် ဆင်းအံ့။

နိုင်ငံရေး

ခေါင်မိုးနေရာအနှံ့ အပုပ်နံ့ထွက် အံ့။ မျက်နှာဖုံးများ ကွာကျအံ့။ တိုင်းအစိုးရ နှင့် ပြည်သူကြား လေမသွေးဘဲ ဝေးအံ့။

နိုင်ငံရေးသမားတချို့ မဲလိုနာ စဖြစ် လတ်္တံ့။ ထိုင်ခုံပြင်ရန် စိုင်းပြင်းအံ့။ စားဖားများ လှိုင်လှိုင်ပေါကာ စားဖား အော်သံ တစ်တိုင်းလုံး ညံလတ်္တံ့။ စားဖား ဆန့်ကျင်ရေးသမားများ ငွေကုန်သံပြာ ခြေကုန်လက်ပန်းကျအံ့။

“ပြည်ချစ်သဘင်” “ပြည့်အချစ်တော် သဘင်”စသည့် သဘင်များတွင် “နိုင်ငံရေး သမားနှင့် ဓနရှင် နှစ်ပါးသွား” ပင်တိုင် ထွက်ပြီး ငွေဆိုင်း ကြေးဆိုင်းဖြင့် ကွေးအောင် က အံ့။ ဇာတ်စင်ပေါ်တွင် ခဲမိုး ရွာလတ္တံ့။ ဖေ့စ်ဘွတ်မောင်းသမျှ ထောင်းလ မောင်းထ ပြေးလတ်္တံ့။ ဆန်စင်ရာ ကျည်ပွေ့ လိုက်အံ့။အလံများ တံဆိပ်များ ရောင်းကောင်းအံ့။“ဂျင်း” ဈေးကောင်းအံ့။

ယတြာ

တစ်နာရီခြား တစ်ခါ မှန်ကြည့်ပါ။

မှန်ထဲတွင် ပေါ်လာသူအား ““ဘာတွေ လျှောက်လုပ်နေတုန်း””ဟု အသက်အောင့် ပြီး ၇ ကြိမ်မေးပါ။ သြဇာသီး ဘုရား ဆွမ်းတော် ကပ်ပါ။

စီးပွာရေး

“ဆင်သွားမှ ဖြစ်သည့်လမ်း” ပိုပို များလာ လတ္တံ့။ ခရီးသွားလုပ်ငန်းတွင် နာမည်ကြီး ထမင်းငတ် ဖြစ်အံ့။ ရေလုပ် သားများ ကျီးလန့်အစာစား ဖြစ်လတ္တံ့။ ကျွန်းနှင့် ကမ်းခြေများ စန်းပွင့်မြဲ ပွင့်ပြီး ခြေတော်တင်လိုသူများအံ့။ မြေရှင် ယာရှင်များ မျက်ခုံးလှုပ်လတ္တံ့။ စိုက်ပျိုးရေးနှင့် အသေးအလတ် လုပ်ငန်းများ မျက်ဖြူဆိုက်အံ့။

ယတြာ

မျက်မမြင် ပုဏ္ဏား ၆ ယောက် ဆင်စမ်းသည့် ဇာတ်အား အိပ်ရာဝင်တိုင်း နားထောင်ပါ။ “မြင်စမ်း . .  မြင်စမ်း”ဟု သုံးကြိမ်ရွတ်ပြီးမှ အိပ်ပါ။

လူမှုရေး

အလှူအတန်းများလွန်း၍ သွားရသူ များ ခြေတို လျှာထွက်သည်အထိဖြစ်သော် လည်း သဒ်္ဓါရေဆမ်း စိတ်ကြည်လန်းမှု နည်းအံ့။ လူငယ်များ အနည်းငယ် နေရာ ရလာသော်လည်း စိန်ခေါ်မှုများဆဲ ဖြစ်အံ့။ ကောသလ အိပ်မက်များ ပိုပို မှန်လာအံ့။

အပေါ်ယံများပြီး ပေါအံ့။

အရေးမပါ၊ အရေးမကြီးသည့်ကိစ်္စ များအတွက်လည်း မိုဘိုင်းဖုန်းများကို သေရေးရှင်ရေး ကြုံနေတဲ့အတိုင်း သုံးစွဲ အံ့။ စိတ်မရှည် စိတ်မကြည်သည့် နေ့များ အံ့။

လက်ဖက်ရည်ဆိုင်များတွင် လေ ထန်သူထက် ဘီယာဆိုင်တွင် မုန်တိုင်းကျ သူ ပိုများလာလတ်္တံ့။ ““ရှာ သုံး”” ယဉ်ကျေးမှု ပိုထွန်းကားလာအံ့။ ဆင်ခြင်စောင့်စည်း မှုများ ဘရိတ်ပေါက်ပြီး စိတ်အမှိုက်များ အံ့။ ဖေ့စ်ဘွတ်မျက်နှာ တစ်ရွာထင်အံ့။

ယတြာ

မွေးနေ့တွင် ကြောင်ကို ဂျင်းပြုတ် ရည် ချိုးပေးပါ။

ပညာရေး

သင်ယူသင်ကြားမှုနယ်ပယ် ပြောင်းပြီး အင်တာနက်တက်္ကသိုလ်ဆီ ပြောင်းသူ များလာအံ့။ ကျောင်းသားသမဂ်္ဂတချို့ ကျော်ဇောအံ့။သင်္ကြန်အမြောက် ဖောက်သူများ၊ မျက်လှည့်ဆရာများကြောင့် အပြောင်းမရှိ အလဲသာ ရှိအံ့။ကျူရှင်များ ပန်းပန်ဆဲဖြစ်လတ္တံ့။ပုဂ္ဂလိကကျောင်းများ ခေတ်စား လာအံ့။

ယတြာ

မီးမရှိသည့် လမ်းမီးတိုင်းများတွင် မီးလုံးတပ်လှူပါ။

ယခုနှစ်တွင် တနင်္သာရီဘိုးဘိုးကြီးသည် ဖေ့စ်ဘွတ်ယာဉ်ပျံတွင် တွဲခိုစီး၊ ပါးစပ်တွင် အ၀တ်စည်း၊ နားတွင် ဂွမ်းဆို့ ကာ ညာဘက်လက်တွင် ကျည်ပွေ့ကို ကိုင်လျက် ဆင်းအံ့။    ။

သည်မွန်