စနစ်အပျောက်တွင် အာစေးသူများ

0
433

၁။GGS အကြွေးကိစ္စဖြစ်တယ်။ ကချင်က လွှတ်တော်အမတ်နဲ့ ကျွန်းစုက လွှတ်တော်အမတ်က နေပြည်တော်က လွှတ်တော်မှာ ဝေဖန်ဆွေးနွေးတယ်။ ထားဝယ်က လွှတ်တော် အမတ်တွေနဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကြီးက ငြိမ်လို့။

အကြွေးတောင်းရမယ့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရကလည်း ဘာအသံမှ မထွက်။ ငြိမ်လို့။

၂။ ကျွန်းကိစ္စတွေနဲ့ မြေယာကိစ္စတွေ ၀ိုင်းဝန်းဝေဖန်ကြတယ်။ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်ကြီးက ငြိမ်လို့။ လွှတ်တော် အမတ်တွေကလည်း ငြိမ်လို့။ခရီးသွားလုပ်ငန်း အားပေးတယ် ဆိုတဲ့ တနင်္သာရီတိုင်းဒေသကြီးအစိုးရ ကလည်း ဘာမူဝါဒရှိသလဲ တိတိကျကျ မထုတ်ပြန်။

အစိုးရအလုပ်က ကျွန်းတွေ၊ မြေတွေ ချပေးတတ်ရုံသက်သက်မဟုတ်။ ပစ်္စည်း ရောင်းစား တတ်ရုံသက်သက်မဟုတ်။ ပစ်္စည်းရောင်းစားတတ်ရုံ သက်သက်ဆို ဈေးသည်၊ ကုန်သည်တွေက ပိုတတ်မပေါ့။ နိုင်ငံရေးသမားတွေမလိုတော့။

အစိုးရ အလုပ်က တိုင်းသူပြည်သူ များ အကျိုးစီးပွားအတွက် စီမံခန့်ခွဲရန် ဖြစ်တယ်။ မူရင်းမြေပိုင်ရှင်၊ မူရင်းကျွန်း ပိုင်ရှင် ဌာနေတိုင်းရင်းသား ဒေသခံတွေ အကျိုးရှိ အောင် ဘယ်လို စီမံခန့်ခွဲမလဲဆိုတာကို ဒီအချိန်မှာ အစိုးရက မူဝါဒ အစွမ်းပြရမဲ့ အချိန်ဖြစ်တယ်။

ငွေဆောင်၊ ချောင်းသာ ကမ်းခြေနမူနာ များ ကြည့်နိုင်ပါတယ်။ ခြံပိုင်ရှင်အဖြစ် ကနေ ကိုယ့်ခြံထဲ လာဆောက်ထားတဲ့ ဟိုတယ်မှာ ဈေးသည်ပြန်လုပ်နေတဲ့သူ တွေ အများအပြား ရှိတယ်။

၃။ လွှတ်တော်နှင့် လွှတ်တော် အမတ် များ အာစေးနေခြင်း၊ မသိလိုက်မသိဘာသာ နေခြင်းဟာ စနစ်အသက်မ၀င်ခြင်း ဖြစ်တယ်။ တနည်းပြောရရင် ဒီမိုကရေစီ အရ အပြန်အလှန်ထိန်းကြောင်းရမဲ့ စနစ်ပျောက်နေခြင်း ဖြစ်တယ်။

အစိုးရ ဘာမှ မလုပ်တတ်ရင် ဘာမှ မလုပ်တာကောင်းတယ်။ လုပ်လိုက်မှ ပိုဆိုးသွားရင် သားစဉ်မြေးဆက် ဒုက်္ခ ရောက်မယ်၊ ကျွန်ဖြစ်မယ်။ ကျွန်ဖြစ်ခြင်း ဆိုတာ သူများဆီမှ လုပ်မှ ကျွန်မဟုတ်။ ကိုယ့်မြေကိုယ့်ရေမှာလည်း ကျွန်ဖြစ်နိုင် တယ်။

၎။ စနစ်ကြီး အလုပ်မလုပ်၊ အစိုးရက လည်း အစိုးရအလုပ်မလုပ်တော့ အာဏာ မူရင်းပိုင်ရှင် လူထုက ဘာလုပ်ရတော့ မလဲ။ စိတ်ပျက်၊ စိတ်ကုန်။ လူတွေ နိုင်ငံရေး ကို စိတ်ပျက်စိတ်ကုန်လာရင်၊ နိုင်ငံရေး ကို အယုံအကြည်မရှိတော့ရင် တိုင်းပြည် ပျက်တော့တာပါပဲ။

အခုတော့ လူထု အကျိုးထက် ကိုယ့်လွှတ်တော် အကျိုး၊ အစိုးရအကျိုး၊ ပါတီအကျိုး ပိုကြည့်နေသလား မေးခွန်း ထုတ်လိုက်ပါတယ်။       ။

               ဗမောင်း