သကျက်တောတွင် အရိုက်ခံရသည့် ကျောင်းသားများကိစ်္စ ပညာရေးထိခိုက် မည်စိုးသဖြင့် အမှုမဖွင့်သေး

0
511

လောင်းလုံးမြို့နယ်၊ သကျက်တော ကျေးရွာ ဘော်ဒါဆောင်အတွင်း ဆယ်တန်း ကျောင်းသားလေးဦး အရိုက်ခံခဲ့ရသည့် ဖြစ်စဉ်ကို ကျောင်းသားများ ပညာရေး ထိခိုက်မည်ကို စိုးရိမ်သဖြင့် အမှုမဖွင့်သေး ကြောင်း အရိုက်ခံရသည့် ကျောင်းသား ဖခင်တစ်ဦးဖြစ်သူ ဦးဇော်မြင့်က ပြောသည်။

ဒီဇင်ဘာလ ၂၇ ရက်ညနေပိုင်းတွင် သကျက်တောရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ မိသားစုဝင် လူငယ်နှစ်ဦးက ဘော်ဒါ ဆောင်နေ ဆယ်တန်းကျောင်းသား လေးဦး ကို စက်ဘီး၊ ဆိုင်ကယ်တို့တွင် အသုံးပြု သည့် ချိန်းကြိုးဖြင့် ၀င်ရောက်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့အရိုက်ခံရသော်လည်း အဆိုပါ ကျောင်းသားလေးဦးမှာ တက်္ကသိုလ် ၀င်တန်းစာမေးပွဲဖြေဆိုရန် လပိုင်းသာလို တော့သဖြင့် အမှုမဖွင့်သေးဘဲ စာမေးပွဲ ပြီးမှ ယင်းကိစ်္စကို ဘော်ဒါဆောင်ပိုင်ရှင် နှင့်တိုင်ပင်ကာ အမှုဖွင့်မည်ဖြစ်ကြောင်း ဦးဇော်မြင့်က ပြောသည်။

ရဲတပ်ဖွဲ့ဘက်မှ တာဝန်ရှိသူများကမူ ယင်းကိစ်္စကြေအေးပေးရန် ဘော်ဒါဆောင် ပိုင်ရှင်နှင့် လာရောက် ညှိနှိုင်းခဲ့သော်လည်း အရိုက်ခံရသည့် ကျောင်းသားလေးဦး၏ မိဘများကိုမူ လာရောက် ညှိနှိုင်းခြင်း မရှိ သေးကြောင်း ဦးဇော်မြင့်က ပြောသည်။

“မိဘတွေဘက်ကတော့ ဒီကိစ္စကို မကျေနပ်ဘူးလို့ ဘော်ဒါဆောင်ပိုင်ရှင်ကို ပြောထားတယ်။ အခုထိတော့ မိဘတွေ လေးယောက်စလုံးက ဘာမှမလုပ်သေး ဘူး။ စာမေးပွဲပြီးရင်တော့ လုပ်စရာရှိတာ ဆက်လုပ်မယ်”ဟု ၎င်းက ဆိုသည်။

လောင်းလုံးမြို့မရဲစခန်းမှူး ဒုရဲမှူး ၀င်းလွင်ကမူ ကျောင်းသားမိဘများဘက် က မကျေနပ်သဖြင့် အမှုဖွင့်မည်ဆိုပါက အရေးယူ ဆောင်ရွက်ပေးမည်ဟု ပြောဆို ထားသည်။

ယင်းရဲတပ်ဖွဲ့မိသားစုဝင် လူငယ်နှစ်ဦး က မိဘများ၏အရှိန်အ၀ါဖြင့် ကျောင်းသား လေးဦးကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည် ဟုဆိုကာ ရွာသား ၂၀၀ ခန့်က သကျက်တော ရဲကင်းစခန်းရှေ့သွားရောက်ခဲ့သဖြင့် အခင်း ဖြစ်သည့်ညက ယင်းရဲကင်းစခန်းရှေ့တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။

ယင်းကိစ်္စသည် တပ်ဖွဲ့ဝင်မိသားစု များနှင့်မသက်ဆိုင်ဘဲ လူငယ်အချင်းချင်း အကြားတွင် ဖြစ်ပွားသည့် ပြဿနာတစ်ခု သာဖြစ်ကြောင်း ဒုရဲမှူးဝင်းလွင်က ပြန်လည် တုံ့ပြန်ထားသည်။

အရိုက်ခံရသည့် ကျောင်းသားများ မှာ သကျက်တောရွာခံနှစ်ဦး၊ ကျောက်နီမော်ရွာမှ တစ်ဦးနှင့် နဘုလယ်ရွာမှ တစ်ဦး ဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး