ဇမ္ဗူသီရိအဖွဲ့ ရုံးခန်းနေရာ ပြောင်းတော့မည်

0
417

အရေးပေါ်လူနာများကို အဓိကထား သယ်ဆောင်ကူညီပေးနေသည့် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေး အဖွဲ့၏ ရုံးခန်းကို ဇန်န၀ါရီလ ၁၃ ရက် တွင် ပြောင်းရွေ့မည်ဖြစ်ကြောင်း အထက်ပါ အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

လက်ရှိရုံးခန်းနေရာမှ ညောင်ရမ်း တောင်ရပ်ကွက် မြို့ပတ်လမ်း(အခွန်လွတ်ဈေးရှေ့)သို့ ပြောင်းရွှေ့မည်ဖြစ်သည်။

၁၀၀ အသင်းက လှူဒါန်းထားသည့် ၁၀၂ ပေ၊ ၃၀ ပေ အကျယ်ရှိ အဆောက် အအုံသို့ ပြောင်းရွေ့မည်ဖြစ်ပြီး ယင်း အဆောက်အအုံတွင် သင်တန်းခန်းမ၊ ဆေးဂိုဒေါင်၊ အဖွဲ့၏ လုပ်ဆောင်ချက် ပြခန်းများ ပါဝင်မည်ဖြစ်ကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။

ယင်းအပြင် ရုံးအဆောက်အအုံကို သဘာဝအန်္တရာယ်တစ်စုံတစ်ခု ကျရောက် ပါက လူဦးရေ နှစ်ရာအထိ လက်ခံနိုင်မည့် အရေးပေါ်ကယ်ဆယ်ရေးစခန်းအဖြစ်ပါ အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

“ရုံးသစ်မှာ အခမဲ့ ဆေးကုခန်းပါ ဖွင့်နိုင်အောင် စီစဉ်နေတယ်”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

ထို့အပြင် ရုံးအသစ်တွင် မြို့အတွင်း မီးလောင်သည့် နေရာကိုရှာဖွေကြည့်ရှုနိုင်သည့် ကင်မရာတပ်ဆင်ရန်ရှိကြောင်း ၎င်းက ပြောသည်။

ဇမ္ဗူသီရိအဖွဲ့တွင် လူနာတင်ယာဉ် ၁၀ စီး၊ မီးငြိမ်းသတ်ရေးယာဉ် ၂ စီး၊ အထောက်အကူပြုယာဉ် ၁ စီး၊ နာရေး ယာဉ် ၂ စီးနှင့် အုပ်ချုပ်မှုယာဉ်တစ်စီးရှိ ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

 

                                                                ကိုဇော်