ဖမ်းမိသည့် မူးယစ်ဆေးအမှု ယခင်နှစ်ထက် အမှုနှစ်ရာကျော်တိုး

0
385

တနင်္သာရီတိုင်းအတွင်း ဖမ်းမိသည့် မူးယစ်ဆေးအမှု အရေအတွက်မှာ ၂၀၁၈ ခုနှစ်တွင် အမှုပေါင်း နှစ်ရာကျော် ပိုများလာ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၂၀၁၇ ခုနှစ်တွင် မူးယစ်ဆေးအမှု ၆၁၃ မှု ရှိရာမှ ၂၀၁၈ ခုနှစ်တွင် ၈၃၅ မှု အထိ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖမ်းမိသည့် အမှုအရေ အတွက်တိုးလာခြင်းမှာ ပြည်သူလူထု  ပူးပေါင်းပါဝင်မှု များလာပြီး သတင်းပေးမှု များ များပြားလာသည့်အတွက် တိုးလာ ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်း က ဆိုသည်။

“ပြည်သူတွေ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ပြီး သတင်းပေးစေချင်တယ်” ဟု ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

ထားဝယ်ခရိုင်တွင် ၁၇၆ မှု၊ မြိတ် ခရိုင်တွင် ၄၂၃ မှုနှင့် ကော့သောင်းခရိုင်တွင် ၂၃၆ မှု ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိမှုများမှ WY စိတ်ကြွဆေးပြား ခြောက်သိန်းနှစ်သောင်းကျော်နှင့် ICE သုံးကီလိုဂရမ်ကျော် အစရှိ သည့် မူးယစ်ဆေးများဖမ်းမိခဲ့ပြီး မူးယစ် တရားခံစုစုပေါင်း ၁၂၁၂ ဦးကို ဖမ်းဆီးခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့ စာရင်းများအရ သိရသည်။

ဖမ်းမိသည့် မူးယစ်ဆေးအမှုများ ထဲတွင် WY စိတ်ကြွဆေးဖမ်းမိမှုက အများဆုံးဖြစ်ပြီး အမှုပေါင်း ၆၇၀ မှုအထိ ရှိသည်။

ကိုဇော်