ထားဝယ်မြစ်ကြောင်းသွား ခရီးစဉ် အလုပ်မဖြစ်

0
457

ထားဝယ်မြစ်အတွင်း လေ့လာရေး အဖြစ် ပို့ဆောင်သည့် ခရီးစဉ်မှာ စီးနင်းသူ နည်းပါးပြီး အလုပ်မဖြစ်သေးကြောင်း မြစ် ကြောင်းသွားခရီးစဉ်ပို့ဆောင်နေသည့် ကျားဖြူလေးကုမ်္ပဏီထံမှ သိရသည်။

ထားဝယ်မြစ်အတွင်း ရှုခင်းများ ကြည့်ရှု နိုင်ရန် လူတစ်ဦးကိုတစ်နာရီလျှင် ပျမ်းမျှ ကျပ်လေးထောင်နှုန်းဖြင့် နိုဝင်ဘာလ ၁၂ ရက်မှစကာ ပြေးဆွဲခဲ့ပြီး ဒီဇင်ဘာလ အလယ် ပိုင်းမှစကာ လုပ်ငန်းခေတ်္တရပ်နားထား ကြောင်း အထက်ပါကုမ်္ပဏီပိုင်ရှင် ဦးမျိုးအေး က ဆိုသည်။

ပြေးဆွဲခဲ့သည့် အထက်ပါကာလတွင် မြစ်ကြောင်းအတွင်း ခရီးဝေး လေးခေါက်နှင့် ခရီးတို ၅ ခေါက်ခန့် ပြေးဆွဲခဲ့ရကြောင်း ၎င်းင်းက ပြောသည်။

“ခရီးသည် အရနည်းနေတာက အကြောင်းအရင်း မသိဘူးဖြစ်နေတယ်၊ မြစ်ထဲခရီးစဉ်ကို ဖြစ်မြောက်အောင်မြင်စေ ချင်တယ်”ဟု ဦးမျိုးအေးက ဆိုသည်။

လက်ရှိတွင် ယာယီရပ်နားထားသော် လည်း  ဖေဖော်ဝါရီလအတွင်း ပြန်လည် ပြေးဆွဲမည်ဖြစ်ပြီး ၎င်းင်းက ပြောသည်။

လူတစ်တစ်ယောက်အတွက် နှုန်းထားများမှာ  ထားဝယ်မြို့အနီးဝန်းကျင် သွားလာလည်ပတ်ပါက တစ်နာရီလျှင် လေးထောင်ကျပ်နှုန်း၊ ရေဖြူမြို့အထိကို (နေ့တ၀က် ခရီးစဉ်) တစ်သောင်းခွဲကျပ်၊ ကျောက်နီမော် ဘက်သို့  ပျမ်းမျှ နှစ်သောင်းကျပ်နှုန်း သတ်မှတ်ထားကြောင်း အထက်ပါကုမ်္ပဏီထံမှ သိရသည်။

 

                                                                 ကိုဇော်