ခရီးသွားဧည့်သည်များ ငါးမုန့်နှင့် မုန့်ကုလားမဲ နှစ်ခြိုက်

0
1340

ထားဝယ်လက်ဆောင် ပစ်္စည်းများ အနက် ငါးမုန့်၊ မုန့်ကုလားမဲကို ခရီးသွား ဧည့်သည်များ အများဆုံးဝယ်ယူကြ ကြောင်း ထားဝယ်လက်ဆောင်ပစ်္စည်းအရောင်းအချို့ထံမှ သိရသည်။

ခရီးသည်များသည့် ရုံးပိတ်ရက်များ တွင် တစ်ရက်လျှင် မုန့်ကုလားမဲ အထုပ် ၂၀၀ ကျော် ရောင်းရပြီး ငါးမုန့် အထုပ် ၁၀၀ ကျော် ရောင်းရကြောင်း မလိငပိဆိုင် ပိုင်ရှင် ဒေါ်မီးဆူးက ပြောသည်။

“မုန့်ကုလားမဲနဲ့ ငါးမုန့်ကတော့ ရောင်းကောင်းတယ်၊ တစ်ခါတစ်လေ လောက်တောင် မလောက်ဘူး။ ထပ်တောင် မှာရတယ်”ဟု ဒေါ်မီးဆူးက ဆိုသည်။

မုန့်ကုလားမဲနှင့် ငါးမုန့်အပြင် ငါးပိ များကိုလည်း အများဆုံးရောင်းရကြောင်း လက်ဆောင်ပစ်္စည်းအရောင်းဆိုင်အချို့ထံမှ သိရသည်။ ငါးပိ၊ ငါးမုန့်နှင့် မုန့်ကုလားမဲတို့မှာ အထုပ်နှင့် ဘူး အကြီးအသေးအပေါ်မူ တည်၍ ဈေးနှုန်းအမျိုးမျိုးရှိသည်။

 

                                                                                                 မိုးမြင့်