အသင့်ချက်ပင်လယ်စာ အရောင်းဆိုင်

0
594

ထားဝယ်မြို့ပေါ်မှာ အသင့်ချက်ပြုတ်နိုင်ဖို့ ခုတ်ထစ်ပြီးသား အေးခဲနေတဲ့ ပင်လယ်စာတွေကို ရောင်းချနေတဲ့ ဆိုင် လေးတစ်ဆိုင်ကို ညွှန်းဆိုလိုက်ပါတယ်။

ပင်လယ်ငါးတွေကို ခုတ်ထစ်ပြီး ဖော့ဘူးတွေနဲ့ ထည့်ထားပြီး ပါကင်ထုပ်နဲ့ မြောင်းပုလဲရပ်ကွက် ဆိပ်ကမ်းသာလမ်းပေါ်ဖွင့်ထားတဲ့ “မမီး” ရေထွက်ပစ္စည်းအရောင်းဆိုင်မှာ ရောင်းချနေတာပါ။

အဆင်သင့် ခုတ်ထစ်ထားတဲ့ ငါးတွေအပြင် ပင်လယ်ငါးအမျိုးမျိုးကို အကောင်လိုက်တွေကိုလည်း ၀ယ်နိုင်ပြီး ကင်းမွန်၊ ပုဇွန်၊ ဘ၀ဲ၊ ဂဏန်း၊ နန္ဒာလှိုင် ခရုစတဲ့  ပင်လယ်စာတွေကို အအေးခန်းနဲ့ အေးခဲနေအောင် စီမံထားလို့ အရည်အသွေးက ကောင်းတယ်လို့ ဆိုပါတယ်။

ကင်းမွန်နဲ့ ပင်လယ်စာအချို့ကိုတော့ ကျပ်တစ်ထောင်ဖိုးကနေစပြီး ပိဿာအလိုက် လိုသလောက်ရောင်းချနေတာပါ။

ဆိုင်ကို နေ့တိုင်း မနက် ၇ နာရီ ကနေ ည ၈ နာရီအထိ ဖွင့်ထားလို့ ဈေးသွားဖို့ မအားလပ်တဲ့ အိမ်ရှင်မတွေ၊ ပင်လယ်စာအမျိုးမျိုးနဲ့ ၀ိုင်းဖွဲ့စားသောက်ကြမယ့် သူငယ်ချင်း အသိုင်းအ၀ိုင်းတွေအတွက် အဆင်ပြေစေမယ့် ဆိုင်လေးအဖြစ် လမ်းညွှန်ပေးလိုက်ပါတယ်။

Dawei Watch