ရေဖြူ လှေပြိုင်ပွဲ ပုလဲကူ နှင့် ကျောက်ထောင့် အသင်း ဗိုလ်စွဲ

0
1355

ရေဖြူမြိုနယ်ရှိ ထားဝယ်မြစ်အတွင်း ကျင်းပသည့် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင် ပုလဲကူအသင်းနှင့် ကျောက်ထောင့် အသင်းတို့က ဗိုလ်စွဲခဲ့ ကြောင်း လှေလှော်ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
ပြိုင်ပွဲ ၅ မျိုးအနက် ၄ မျိုးတွင် ပုလဲကူ ကျေးရွာအသင်းက ဗိုလ်စွဲခဲ့ပြီး တစ်မျိုးတွင် ကျောက်ထောင့်အသင်းက ဗိုလ်စွဲခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။
မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင် အမျိုးသား ၁၁ တက်၊ အမျိုးသား ၉ တက် ၊ အမျိုးသား ၇ တက်၊ အမျိုးသမီး ၇ တက် နှင့် အသက် ၂၅ နှစ်အောက် အမျိုး သား ၇ တက် စသည့် ပြိုင်ပွဲ ၅ မျိုး ကျင်းပခဲ့သည်။
ယင်းပြိုင်ပွဲ ၅ မျိုးအနက် အမျိုးသား ၁၁ တက်၊ အမျိုးသား ၉ တက်၊ အသက် ၂၅ နှစ်အောက် အမျိုးသား ၇ တက်နှင့် အမျိုးသမီး ၇ တက် စသည့် ပြိုင်ပွဲ ၄ မျိုး၏ ဗိုလ်လုပွဲများတွင် ပုလဲကူအသင်း နှင့် ကျောက်ထောင့်အသင်းတို့ တွေ့ဆုံခဲ့ ပြီး လေးပွဲစလုံးတွင် ပုလဲကူအသင်းက အနိုင်ရခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
အမျိုးသား ၇ တက်ဗိုလ်လုပွဲတွင်မူ ကျောက်ထောင့်အသင်းနှင့် ဂ ငယ်အသင်း တို့ ယှဉ်ပြိုင်ရာ ကျောက်ထောင့်အသင်းမှ ပထမရရှိကာ ဂ ငယ်အသင်းက ဒုတိယရ ရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။
အမျိုးသား ၁၁ တက် နှင့် အမျိုးသား ၉ တက်ပြိုင်ပွဲများအတွက် ပထမဆုကို ငွေကျပ် ၂ သိန်းနှင့် ဒုတိယဆုကို ငွေကျပ် ၁သိန်းငါးသောင်း၊ အမျိုးသား ၇ တက်၊ အမျိုးသမီး ၇ တက်၊ အသက် ၂၅ နှစ် အောက် အမျိုးသား ၇ တက် ပြိုင်ပွဲများ အတွက် ပထမဆုကို ငွေကျပ် ၁သိန်းငါးသောင်း နှင့် ဒုတိယဆုကို ငွေကျပ် ၁ သိန်း ဆုချီးမြှင့်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။
လှေလှော်ပြိုင်ပွဲကို ဇန်န၀ါရီလ ၂ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့ပြီးရေဖြူမြို့ နယ်အတွင်းရှိ ကျေးရွာများက လာရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
                                     

မိုးမြင့်