မုန်တိုင်း အန္တရာယ်ကြောင့် ငါးဖမ်းရေယာဉ်များ ပင်လယ်မထွက်ရန် ရက်အကန့်အသတ်မရှိ တားမြစ်

0
832

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ပါဘက် (Pabuk)သည် ကော့သောင်းမြို့၏ အရှေ့ တောင်ဘက် မိုင် ၄၁၀ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေသောကြောင့် ငါးဖမ်းစက် လှေများ၊ ခရီးသွား ရေယာဉ်များ အားလုံး ဇန်န၀ါရီ ၄ ရက်မှစ၍ ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန် တားမြစ်ထား ကြောင်း ဘေးအန်္တရာယ်လုံ ခြုံရေးနှင့် တားဆီး ကာကွယ်ရေးအဖွဲ့မှ သိရသည်။

ပါဘက်မုန်တိုင်းအရှိန်ကြောင့် ပင်လယ် ပြင်တွင် လုံခြုံရေး စိုးရိမ်ရသဖြင့် ယင်းသို့တားမြစ်ခြင်းပြီး ပင်လယ်ပြင်သို့ ပြန်ထွက်နိုင်ပြီဟု ပြန်လည်အကြောင်းကြား လာမှသာ ထွက်ခွာ ရန် သတိပေးထားကြောင်း အထက်ပါအဖွဲ့ဝင် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးသန့်ဇင်က ဆိုသည်။

“ပင်လယ်ကျွန်းတွေ သွားလည်ပတ် မယ့် ခရီးသွားဘုတ်(လှေ)တွေကိုလည်းတားမြစ် ထားတယ်”ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက ဆို သည်။

အလားတူ ကော့သောင်း-ရနောင်း ခရီး သည်ပို့ဆောင်နေသည်ပဲ့ချိတ့်စက်လှေ များကိုလည်း ယနေ့မွန်လွဲချိန်မှစပြီး အ၀င် အထွက်ကို ယာယီ တားမြစ်ထားသည်ဟု ပဲ့ချိတ်မောင်းသူများထံမှ သိရသည်။

 

                          မိုးအိ