မြိတ်တွင် လွတ်လပ်ရေးနေ့ အလံလွှင့်ထူသူ မရှိသလောက် နည်းလာ

0
1014

မြိတ်မြို့နယ်အတွင်း လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အလံလွှင့်ထူသူ တစ် နှစ်ထက် တစ်နှစ် နည်းပါးလာရာ ယခုနှစ် တွင် မရှိသလောက် နည်းသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ဇန်န၀ါရီလ ၄ ရက်တွင် ကျရောက် သည့် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား အစိုးရဌာနများတွင်သာ လွှင့်ထူသည်ကို တွေ့ရကြောင်း ၎င်းင်းတို့က ဆိုသည်။

“ခုက အိမ်ခြေ ၁၀၀ မှာ တစ်အိမ် တောင် မရှိကြတော့ဘူး။ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေက နှိုးဆော်ဖို့ လိုတာပေါ့”ဟု မြိတ်မြို့ မြို့သစ်ရပ်ကွက်နေ ဦးလှိုင်တင်က ပြောသည်။

ပြီးခဲ့သည့် ၅ နှစ်ခန့်က တစ်ရပ်ကွက် လျှင် ၅ အိမ်ခန့် အလံလွှင့်ထူကြသည်ကို တွေ့ရကြောင်း မြိတ်မြို့ခံတချို့က ပြော သည်။

လွတ်လပ်ရေးနေ့တွင် အလံလွှင့်ထူ ခြင်း မရှိသလောက် နည်းသွားသော်လည်း အာဇာနည်နေ့တွင်မူ မြို့ပေါ်ရှိ ရပ်ကွက်များ တွင် အလံ တစ်ဝက်လွှင့်ထူသူ များဆဲဖြစ် သည်ကို သတိထားမိကြောင်း မြိတ်မြို့ ဇေယျာသီရိရပ်နေ ဆိုင်ကယ် အငှားယာဉ် မောင်း ဦးနိုင်က ပြောသည်။

နိုင်ငံတော်အလံများကို ဌာနဆိုင်ရာ နှင့် ငါးဖမ်းလှေလုပ်ကိုင်ကြသူများသာ အ၀ယ်များပြီး အိမ်၌လွှင့်ထူရန် လာဝယ် ကြသူ မရှိသလောက် နည်းပါးကြောင်း မြိတ်မြို့ပေါ်ရှိ အလံနှင့်စာရေးကိရိယာ ရောင်းချသည့်ဆိုင်တချို့ထံမှ သိရသည်။

“အာဇာနည်နေ့ မတိုင်ခင်တော့ နည်းနည်းပါးပါး ရောင်းချရတာမျိုးပဲ ရှိ တယ်”ဟု ဈေးတန်းရပ် ၀ါဝါ၀င်း စာရေး ကိရိယာဆိုင်မှ ကိုပိုင်လင်းဦးက ပြောသည်။

၇၁ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရပ်ကွက်အများစုနှင့် ကုမ်္ပဏီတချို့၌ အားကစားပြိုင်ပွဲ အမျိုး မျိုးကို ယင်းနေ့မတိုင်မီ တစ်ပတ်ခန့်မှ စ၍ကျင်းပကြသည်။

 

                                                              ကိုဆန်း