သောကြာပြင်ရွာတွင်  ကြက်ပွဲဝင်ဖမ်း၊ လူငါးဦးနှင့် ဆိုင်ကယ်နှစ်ဒါဇင် ဖမ်းမိ

0
718

လောင်းလုံးမြို့နယ်၊ သောကြာပြင် ရွာရှိ ကြက်ပွဲကို ၀င်ဖမ်းရာမှ အမျိုးသား ငါးဦးနှင့် ဆိုင်ကယ်အစီးရေ နှစ်ဒါဇင် ဖမ်း မိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သောကြာပြင်ရွာ၊ နတ်စင်အနီးတွင် ကြက်တိုက်လောင်းကစားလုပ်နေကြောင်း သတင်းအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် ၀င်ရောက်ဖမ်းဆီး ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

ကြက်တိုက်သည့် လောင်းကစား ၀ိုင်းအား ၀င်ရောက်ဖမ်းဆီးစဉ် လူ ၁၀၀ ဦးခန့် ထွက်ပြေးလွတ် မြောက်သွားပြီး အမျိုးသား၅ ဦးကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

ထိုသို့ဖမ်းဆီးရာတွင် ဆိုင်ကယ် ၂၄ စီး၊ တိုက်ကြက်ဖနှစ်ကောင်နှင့် လောင်းကြေးငွေကျပ် ၁၆၈၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ကြက်တိုက်လောင်းကစားဝိုင်းတွင် ဖမ်းမိသည့် အမျိုးသားငါးဦးကို လောင်း ကစားဥပဒ- ၁၂(က)ဖြင့် မောင်းမကန် နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch