တနင်္ဂနွေ
လုပ်ငန်းနှင့် ပတ်သက်၍ တိုးတက်စည်ပင်မည်။ ရွှေထည်ပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ဝင်မည်။ မျက်စိအာရုံကြောများ သတိထားပါ။ စိတ်လိုက်မာန်ပါ ပြုမူ ပြောဆိုခြင်းများ အထူးရှောင်ကြဉ်ပါ။ လူငယ်များ ပညာရေးလမ်း ဖြောင့်ဖြူးပါမည်။ မေတ္တာရေးသည်ကား အချစ်သည် သင့်အတွက် ခွန်အားဖြစ်ပါလိမ့်မည်။
အကျိုးပေးသော အရောင် – ပန်းရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အ၀ါရောင်
မစားသင့်သော အစားအစာ – အုန်းနို့၊ ဆီထမင်း
ယတြာ – မုန့်ဖက်ထုပ် ၁ ခု ဘုရားဆွမ်းကပ်လှူပါ။
တနင်္လာ
သားသမီးရတနာ ရမည်။ လာဘ်လာဘများ တိုးပွားမည်။ မိတ်ဆွေတစ်ဦးက သင့်ကို အကြံကောင်း တစ်ခု ပေးလာလျှင် ထိုအကြံကို မဆိုင်းမတွ ဆောင်ရွက်ပါ။ အောင်မြင်မည်။ ပညာရေးအတွက် သင့်မှာ အကျိုးဖြစ်ထွန်းမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ အကြောညှပ်၊ အကြောရောဂါ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ယခုနှစ်သစ်သည် သင့်အတွက် ချိုမြိန်ပါလိမ့်မည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ လိမေ်္မ်ာရောင်
အကျိုးမပေးသော အရောင် – အညိုရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ – ထမနဲ၊ သရက်သီးသနပ်
ယတြာ – သင်္ဘောသီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။
အင်္ဂါ
ထီ (သို့) ထီနှင့် အလားတူ ငွေဝင်မည်။ အရေးတကြီး ပြောဆိုရမည့်ကိစ္စများ အထူးအောင်မြင်မည်။ ခရီးဝေးများ သွားရမည်။ မိမိအိမ်ရှိ လျှပ်စစ်ပစ်္စည်းများ ဒုက္ခပေးတတ်သည်။ ပညာရေးအတွက် ကြိုးစားရကျိုးနပ်ပါ လိမ့်မည်။ မေတ္တာရေးသည်ကား သင့်အတွက် မင်္ဂလာအခါပင် ဖြစ်ပါလိမ့်မည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ ပန်းရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အ၀ါရောင်
မစားသင့်သော အစားအစာ – သီဟိုစေ့၊ ချဉ်ပေါင်
ယတြာ – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။
ဗုဒ်္ဓဟူး
ပညာရေးကောင်းမည်။ လာဘ်လာဘများ ၀င်လာမစဲ တသဲသဲ ဖြစ်မည်။ လူမျိုးကွဲတို့ ကူညီမစမည်။ ယခုလ၌ တယ်လီဖုန်းမဝယ်ပါနှင့်။ ဆွေမျိုးသားချင်းများ အကျိုးပေးမည်။ ခါးနာခြင်း သတိထားပါ။ လုပ်ငန်း နှင့် ပတ်သက်၍ လုပ်ငန်းပြောင်းလဲခြင်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား နီးသလိုလိုနဲ့ အလှမ်း ကွာနေဦးမည်။
အကျိုးပေးသော အရောင် – ပြောက်ကျားရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရာင်၊ အဖြူရောင်
မစားသင့်သော အစားအစာ – ဘဲသား၊ သံပုရာရည်
ယတြာ – ငှက်ပျောသီး ၂ လုံးကို အခွံနွှာပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။
ကြာသပတေး
စက်ပစ်္စည်းများ ဒုက်္ခပေးတတ်သည်။ ဓနဥစ္စာများ ခိုင်မြဲတိုးပွားမည်။ မိတ်ဆွေများ၏ အကျိုးပြုမှု ခံစား ရမည်။ ပညာရေး ပွင့်လန်းမည်။ သို့သော်ယခုလ၌ သင်သည် ယာဉ်မဝယ်ပါနှင့်။ လုပ်ငန်းများ တိုးတက် အောင်မြင်မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြားမှာ မည်သည့်အတားအဆီးများ မရှိတော့ပါ။
အကျိုးပေးသော အရောင် – ဇီးရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – ရွှေရောင်၊ အဖြူရောင်
မစားသင့်သော အစားအစာ – ဝက်သား၊ ထန်းသီး
ယတြာ – ဂန္ဓမာအဖြူ ၁၅ ပွင့် ဘုရားပန်းကပ်လှူပါ။
သောကြာ
ထီ(သို့) ထီနှင့် အလားတူငွေဝင်မည်။ ဆွေမျိုးသားချင်းများ၏ ကူညီမစမှု ခံရမည်။ “နား” ကျန်းမာရေး သတိထားပါ။ မည်သည့်စာမေးပွဲဖြေဖြေ အဆင်ပြေပါလိမ့်မည်။ ယာဉ်ထွက်မည်။ လုပ်ငန်းများ အောင်မြင်မည်။ မေတ္တာရေးသည်ကာ နီးတကျက်ကျက် ဝေးတသသ ဖြစ်ရမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – ပန်းရောင်၊ အ၀ါရောင်
မစားသင့်သော အစားအစာ – ဆိတ်သား၊ ချဉ်ပေါင်
ယတြာ – ဆီထမင်း ဘုရားဆွမ်းတော်ကပ်လှူပါ။
စနေ
အမွေအနှစ်များ ရရှိတတ်သည်။ အိပ်မက်ကောင်းများ မက်မည်။ ကုန်ကျထားသော ငွေများ ကြီးကြီး မားမား ပြန်ဝင်မည်။ ပညာရေး ကောင်းမည်။ မတော်တဆ ထိခိုက်ဒဏ်ရာရတတ်သည်။ မေတ္တာရေး သည်ကား ချစ်သူကို ရှာစရာမလိုဘဲ မိမိထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျားရောင်
အကျိးမပေးသော အရောင် – အဖြူရောင်၊အနီရောင်
မစားသင့်သော အစားအစာ – ငါးချဉ်၊ ဘဲသား
ယတြာ – နှင်းဆီအဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။
လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ် (Geology)
ဝေဒလက္ခဏသုတေသီ