ပဲ့စင်ကျွန်း အပါအ၀င် ကျွန်း/ကမ်းခြေ နေရာလေးခုတွင် အပန်းဖြေစခန်းလုပ်ရန် မြေနေရာလျှောက်ထားမှု ကန့်ကွက်လွှာခေါ်

0
766

ပဲ့စင်ကျွန်းအပါအ၀င် ထားဝယ် ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ကမ်း ခြေလေးခုတွင် အပန်းဖြေစခန်းဆောက်ရန် မြေနေရာ လျှောက်ထားမှုအပေါ် ကန့်ကွက် နိုင်ကြောင်း လောင်းလုံးမြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (မြေစာရင်း)ထံမှ သိရသည်။

အပန်းဖြေစခန်းဆောက်ရန်အတွက် လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်း၊ ကျောက်တွင်းကမ်းခြေ၊ စမ်းလှမ်းရွာအနီး ရှိ ကျွန်းတစ်ကျွန်းနှင့် ပညစ်ကျွန်းတို့တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအား လုပ် ကိုင်ခွင့် လျှောက်ထားမှုအပေါ် ကန့်ကွက် လွှာ ခေါ်ယူနေခြင်း ဖြစ်သည်။

အဆိုပါ နေရာလေးခုတွင် လုပ်ကိုင် ခွင့် လျှောက်ထားမှုအပေါ် ယခုနှစ် ဒီဇင်ဘာလ  ၇ ရက်မှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီ လ ၅ ရက်အထိ လာရောက် ကန့်ကွက် နိုင်ကြောင်း မြို့နယ်မြေစာရင်းဌာနထံမှ သိရသည်။

ဧက ၁၄၀ ရှိ  ပဲ့စင်ကျွန်းကို ရန်ကုန် မြို့ရှိ Excellent Fortune Development Group ကုမ္ပဏီက နိုင်ငံတကာအဆင့်မီ ခရီးသွား လုပ်ငန်းများ၊ အပန်းဖြေ၀န်ဆောင်မှု လုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများ ရပ်နားနိုင် သည့် ဆိပ်ကမ်း၊ ရေပေါ်ရေအောက် ကစားကွင်း များနှင့် အိမ်ရာစီမံကိန်းလုပ် ရန်အတွက် မြေလွတ် မြေလပ်နှင့် မြေရိုင်း အသုံးပြုခွင့် လျှောက်ထားကြောင်း အထက် ပါရုံးထံမှ သိရသည်။

အဆိုပါ Excellent Fortune Development Group ကုမ္ပဏီသည် အောက်တိုဘာလအတွင်းက ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဟုဆိုကာ ငွေကျပ်သိန်း ငါးရာကို တိုင်းအစိုးရအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့၏ တရားဝင် ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအပေါ် လုပ်ကိုင်ခွင့်ကို အထက်ပါ ကုမ္ပဏီ၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်း အမည်ဖြင့် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ကျောက်တွင်းကျေးရွာအုပ်စု ကျောက် တွင်းကမ်းခြေရှိ မြေအကျယ်အ၀န်း ၁၃၈ ဧကပေါ်တွင် နိုင်ငံတကာအဆင့်မီ ခရီးသွား လုပ်ငန်း၊ အပန်းဖြေ၀န်ဆောင်မှုလုပ်ငန်း နှင့် အိမ်ရာစီမံကိန်းလုပ်ဆောင်ရန် ရန်ကုန် မြို့ရှိ ရတနာစိုင်းကောင်းမြတ်ကျော် သတ်္တုတူးဖော်ရေးကုမ်္ပဏီ လျှောက်ထားခဲ့ ကြောင်း လောင်းလုံးမြေစာရင်းရုံးထံမှ သိရသည်။

အထက်ပါ ကုမ္ပဏီ၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းအမည်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အထက်ဖော် ပြပါ Excellent Fortune Development Group ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ နှင့် တစ်ဦးတည်း ဟုတ်/မဟုတ်ကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

စမ်းလှမ်းကမ်းခြေအနီး ၇.၉၈ ဧက အကျယ်အ၀န်းရှိသည့် ကျွန်းကိုမူ ခရီးသွား လာရေးလုပ်ငန်းနှင့် ကမာ်္ဘ့အဆင့်မီ အပန်းဖြေ ၀န်ဆောင်မှုလုပ်ငန်းဆောင် ရွက်ရန် ရန်ကုန်မြို့ရှိ First Golden Dragon Construction ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီက လျှောက် ထားခဲ့ကြောင်း အထက်ပါ ရုံးထံမှ သိရ သည်။

ပညစ်ကျေးရွာအုပ်စု အကျယ်အ၀န်း ၁၁.၉၉ ဧကရှိ ပညစ်ကျွန်းတွင် ဟိုတယ် နှင့် ကမာ်္ဘ့အဆင့်မီ အပန်းဖြေ၀န်ဆောင်မှု လုပ်ငန်းအတွက် စိုးနိုင်ဖြိုးကုမ်္ပဏီ၏ ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီက လျှောက် ထားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မြေစာရင်း ရုံးထံမှ သိရသည်။

First Golden Dragon Construction ကုမ္ပဏီ၏ ဒါရိုက်တာနှင့် စိုးနိုင်ဖြိုး ကုမ်္ပဏီတို့၏ ဒါရိုက်တာအမည် တွင် ဒေါ်နန်းခင်မြင့်ရီဟု ဖော်ပြထားပြီး နေရပ်လိပ်စာလည်း တစ်ထပ်တည်း တူညီ နေသည်ကို  တွေ့ရသည်။

ကျောက်တွင်းကမ်းခြေတွင် ရတနာ စိုင်းကောင်းမြတ်ကျော် သတ်္တုတူးဖော်ရေး ကုမ်္ပဏီ၏ မြေလွတ် မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားမှုအပေါ် ယခင် လျှောက်ခဲ့ဖူးသူ သုံးဦးက ကန့်ကွက်ထား ကြောင်း မြေစာရင်းဦးစီးဌာန လောင်းလုံး မြို့နယ်ဦးစီးမှူး ဦးအောင်ထွေးက ဆို သည်။

ကန့်ကွက်လွှာတင်ထားခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၄ ရက်တွင် ထားဝယ်ခရိုင် မြေလွတ် မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ကော်မတီထံ ထပ်မံတင်ပြထား ကြောင်း ၎င်းင်းက ပြောသည်။

မြေလွတ် မြေလပ်နှင့် မြေရိုင်းပေါ် တွင် လုပ်ကိုင်ခွင့်လျှောက်ထားမှုနှင့် ပတ် သက်၍ ကန့်ကွက်လွှာများ တင်နိုင်ရန် လျှောက်ထားသည့် မြေနေရာ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ်မြေစာ ရင်းရုံးတို့တွင် ကြေညာပေးထားကြောင်း ဦးအောင်ထွေးက ဆိုသည်။

“ကန့်ကွက်လွှာ တစ်စောင်လာရင် တစ်စောင်တင်ပေးတယ်”ဟု မြို့နယ်မြေ စာရင်းဦးစီးမှူး ဦးအောင်ထွေးက ပြော သည်။

ဒီဇင်ဘာလ ၂၉ ရက်အထိ ကျောက် တွင်းကမ်းခြေနေရာတစ်ခုအတွက်သာ ကန့်ကွက်လွှာတင်ထားကြောင်း ၎င်းင်းက ဆိုသည်။

လက်ရှိလျှောက်ထားသည့် ပဲ့စင်ကျွန်း မှာ လှိုင်းလေကြီးချိန်တွင် ဒေသခံငါးဖမ်း လှေများ ၀င်ရောက်ခိုအောင်းရာ နေရာဖြစ် သည့်အပြင် ရေချိုဖြည့်တင်းရာ နေရာတစ် ခုဖြစ်နေကြောင်း တီဇစ်ကျေးရွာ ဖိုးလမော် ကွက်သစ်နေ ရေလုပ်သား ဦးဝင်းဝင်းက ဆိုသည်။

“ကျွန်တော်တို့မှာ အခက်အခဲဖြစ် လာမှာပဲ၊ လေကြမ်းလို့ ၀င်လို့ မရဘူးဆို ရင် ခိုကပ်ဖို့နေရာ မရှိတော့ဘူးပေါ့”ဟု ဦးဝင်းဝင်းက ပြောသည်။

လှိုင်းလေကြီးချိန်နှင့် ရေချိုလိုအပ် ချိန်တွင် ပဲ့စင်ကျွန်းကို မှီခိုနေရပြီး အဆိုပါ ကျွန်းကို လုပ်ငန်းရှင်တစ်ဦးတစ်ယောက် တည်း ပိုင်ဆိုင်သွားမည်ဆိုက  ရေလုပ် သားများ အခက်အခဲဖြစ်လာနိုင်သည့် အတွက် ရေလုပ်သားများ၏ လက်မှတ် ကောက်ခံကာ သတ်မှတ်ရက်မတိုင်မီ ဦး ဆောင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဒုတိယ ဥက်္ကဋ္ဌ ဦးမောင်မောင်အေးက ဆိုသည်။

“ကျွန်းကို သူဌေးတစ်ယောက်ယောက်က ပိုင်သွားရင် ဒေသခံတွေအတွက် အင်မတန် ပင်ပန်းသွားလိမ့်မယ်”ဟု ဦးမောင်မောင်အေးက ပြောသည်။

လျှောက်ထားမှုအပေါ် ကန့်ကွက် နိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင် ကြေညာစာကပ်ထားပြီး ဒေသခံအား လုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွာလုံးကျွတ် အစည်းအဝေးခေါ်ကာ ရှင်းပြခဲ့ပြီးဖြစ် ကြောင်း ပဲ့စင်ကျွန်းတည်ရှိရာ တောကျဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကျော် က ဆိုသည်။

ဒေသခံအများစုက ကုမ်္ပဏီအနေဖြင့် မြေလွတ် မြေလပ် နှင့် မြေရိုင်းလျှောက်ထား သည့် ကျွန်းတွင် လုပ်ဆောင်မည့် စီမံကိန်း နှင့် ပတ်သက်၍ လာရောက်ရှင်းပြစေလို သည့် ဆန်္ဒရှိကြကြောင်း ဦးဖိုးကျော်က ပြောသည်။

ကျွန်းများနှင့် ကမ်းခြေတို့တွင် မြေလွတ် မြေလပ်နှင့် မြေရိုင်းများအပေါ် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားမှုကို မြို့နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် သက် ဆိုင်ရာခရိုင်၊ တိုင်း ကော်မတီအသီးသီထံ ထပ်မံတင်ပြရမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနထံမှ သိရသည်။

Dawei Watch