ထားဝယ်တက္ကသိုလ်သွယ်မည့် ရေအရည်အသွေး WHO သတ်မှတ်ချက် ကိုက်ညီ

0
463

ထားဝယ်တက္ကသိုလ်သို့သွယ်ယူမည့်  ရေအရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတ်မှတ်ထားသည့် စံချိန်၊စံညွှန်များနှင့် အားလုံး ကိုက်ညီမှုရှိ ကြောင်း ထားဝယ်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန( ရေအရင်းအမြစ်) တာဝန်ခံ ဦးမြတ်ဝင်းထွန်း က ပြောသည်။

ထားဝယ်တက်္ကသိုလ်သို့ ရေပေးဝေ ရန်အတွက် တောမိုးတောင်ပေါ်မှ စိမ့်စမ်း ရေကို တိုင်းတာချက်အရ ချဉ်ငံဓာတ်(pH)  ၇ ဒဿမ ၁၂ ရာခိုင်နှုန်း၊ သံဓာတ် ပါဝင် မှု ၀ ဒဿမ ၀၂ ရာခိုင်နှုန်းရှိပြီး ခဲဓာတ် နှင့် အဆိပ်ဓာတ် (အာဆင်းနစ်) မပါ သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဦးမြတ်ဝင်းထွန်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ် ချက်တွင် ချဉ်ငံဓာတ်(pH) ကို ၈ ဒဿမ ၅၀ ရာခိုင်နှုန်း၊ သံဓာတ် ၁ ဒဿမ ၀၀ ရာခိုင်နှုန်း၊ ခဲဓာတ်နှင့် အဆိပ်ဓာတ် ၀ ဒဿမ ၀၁ ရာခိုင်နှုန်းကို အမြင့်ဆုံး သတ်မှတ်ထားကြောင်း အထက်ပါဌာန၏ အချက်အလက်များအရ သိရသည်။

ယင်းအချက်အလက်များအပြင် ရေနောက်ကျိမှု၊ အစိုင်အခဲပျော်ဝင်မှု၊ စသည့် ရုပ်ပိုင်းဆိုင်ရာ အချက်အလက် ၁၁ ချက်နှင့် ခဲဓာတ်၊ သံဓာတ်၊ အဆိပ် ဓာတ်စသည့် ဓာတုဆိုင်အရာ အချက် အလက် ၁၁ ချက်ကို စမ်းသပ် စစ်ဆေးခဲ့ ကြောင်း ဦးမြတ်ဝင်းထွန်းက ဆိုသည်။

“အားလုံးကို ခြုံပြောရမယ်ဆိုရင် တော့ WHO (ကမ်္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း) သတ်မှတ်ထားတဲ့ သောက်သုံး ရေ စံနှုန်းတွေနဲ့ အကုန်ညီတယ်။ စိတ်ချ၊ လက်ချ သုံးလို့ရတယ်”ဟု ၎င်းက ဆိုသည်။

ကမ်္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ် ထားသည့် အချက်များနှင့် ကိုက်ညီမှုမရှိ ပါက သောက်သုံးရန်မသင့်ဘဲ ကျန်းမာရေး ကို ထိခိုက်နိုင်ကြောင်း ၎င်းင်းက ပြောသည်။

ယင်းတိုင်းတာချက်ရလဒ်များမှာ တောမိုးတောင်ရှိ ရေထွက်ပင်ရင်းမှ ရေကို ရန်ကုန်မြို့ရှိ ရေအရင်းအမြစ်ဌာနတွင် ယမန်နှစ် သြဂုတ်လက တိုင်းတာခဲ့ခြင်း ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည် ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ သိန်းတစ် ထောင်နီးပါး (၈၃၆ သိန်း)ဖြင့် စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချ မှု စီမံခန့်ခွဲရေး ဦးစီးဌာန( ရေအရင်းအမြစ်) ဌာနထံမှ သိရသည်။

ကျော်သူစိုး