ကော့သောင်းပင်လယ်ပြင်တွင် မူးယစ်ဆေးဝါ သယ်ဆောင်လာသည့် စက်လှေတစ်စီး ဖမ်းမိ

0
777

ကော့သောင်းမြို့နယ် ပင်လယ်ရေ ပြင်အတွင်းရှိ လှိုင်ဂူကျွန်းအနီးတွင် ဒီဇင်ဘာ ၁၆ရက်က ခုတ်မောင်းနေသည့် စက်လှေ တစ်စီးထံမှ WY စိတ်ကြွဆေး ပြားများနှင့် ဘိန်းစာမှုန့်များကို ပင်လယ် ပြင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ရေယာဉ်က ဖမ်းဆီးရမိခဲ့ ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါစက် လှေဝမ်း ဗိုက်အတွင်းမှ WY စာတန်းပါ  ပန်းရောင် စိတ်ကြွဆေး ပြား ၁၅၇ပြားပါ အထုပ်တစ်ထုပ်၊ ဆေးပြား ၁၀၀ ပါ အထုပ်တစ်ထုပ်နှင့် ဘိန်းစာမှုန့်ဟု ယူဆရသော စိမ်းဝါရောင်အမှုန့် ပါအထုပ် သုံးထုပ် အလေးချိန် ၃၀၀ ဂရမ်ခန့်တို့အား တွေ့ရှိသဖြင့် သက်သေ များနှင့်အတူ သိမ်းဆည်းခဲ့သည်ဟု အထက်ပါ ရဲစခန်းက ဆိုသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါများ ကို ကော့သောင်းမြို့ မူးယစ်တပ်ဖွဲ့စုသို့ တပ်မတော်ရေ တာဝန်ရှိသူများမှ လာ ရောက် လွှဲပြောင်းပေးအပ်ခဲ့ပြီး မူးယစ် တပ်ဖွဲ့စုမှ တရားလိုပြုလုပ် တိုင်တန်း အမှုဖွင့်ထားကြောင်း မြို့မရဲစခန်း တာဝန် ရှိသူက ဆိုသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိသည့်  အသက်(၁၉)နှစ်အရွယ်အမျိုး သားတစ်ဦးနှင့် အသက်(၂၈)နှစ်တို့အား ကော့သောင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ မူး/ စိတ်ပုဒ်မ ၁၉ (က)/၂၁ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

  မိုးအိ