ကော့ရဲကြီးကျွန်းအနောက်ဘက် ပင်လယ်သဲစုပ်ယူမှု ဒေသခံ ၈၀၀ ကျော် ကန့်ကွက်စာတင်

0
580

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ်၊ နို့ပွားကျေးရွာအုပ်စု ကော့ရဲကြီးကျွန်း အနောက်ဘက် ပင်လယ်ပြင်တွင် သဲစုပ် ယူရန်အတွက် ပုဂ်္ဂလိက ကုမ်္ပဏီတစ်ခု လျှောက်ထားလာမူအပေါ် ကျွန်းအနီး အနား တစ်ဝိုက်တွင်နေထိုင်ကြသည့် ဒေသခံ ရေလုပ်သား ၈၀၀ကျော်က စုပေါင်းလက် မှတ်များရေးထိုးကာ ကန့်ကွက်လိုက် သည်။

ကော့ရဲကြီးကျေးရွာမှ  ဒေသခံ ၃၆၈ ဦး၊ ကြိမ်နီတောင်ကျေးရွာမှ ၄၂၃ ဦးတို့က ဒီဇင်ဘာ ၂၃ရက်နှင့် ၂၄ရက်တို့တွင် စုပေါင်း လက်မှတ်ရေးထိုးကာ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

ကုမ်္ပဏီ လျှောက်ထားသည့်အပေါ် ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ကြေညာစာပုံစံ ၆ ဖြင့် ဘုတ်ပြင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကြေညာထားသည်ကို တွေ့ရှိရသဖြင့် သတ်မှတ်ရက် မတိုင်မီ ကန့်ကွက်လိုက် ခြင်းဖြစ်ကြောင်း ၎င်းင်းတို့က ပြောသည်။

ကော့ရဲကျွန်းအနီးတစ်ဝိုက်တွင် ကျေးရွာ ၁၀ ရွာ ရှိသည်။

ယင်းနေရာသည် ရေလုပ်သားများ ငါးဖမ်းသည့်နေရာဖြစ်သည့်အပြင် ယင်း ကျွန်းသည် ငါးဖမ်းလှေများ နားခိုသည့် စခန်းတစ်ခုဖြစ်ပြီး ရေချိုရသည့် ကျွန်းလည်း ဖြစ်သည်။

ထိုကြောင့် သဲစုပ်ခွင့်ပြုလိုက်ပါက ငါးဖမ်းလုပ်ကွက်များ ပျောက်သွားကာ မိသားစု စားဝတ်နေရေးကို ထိလိုက်လာ နိုင်ကြောင်း ကော့ရဲကြီးကျေးရွာနေ ဦးသောင်းဌေးက ဆိုသည်။

ဒေသခံများကန့်ကွက်လာသည့် အပေါ် ပြန်လည်စိစစ်သွားပြီးမှသာ ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူး က ဆိုသည်။

ကော့ရဲကြီးကျွန်း အနောက်ဘက် ဒေသအခေါ် စလဲကြီးအော်ရှိ ဧရိယာ ၃၄၅၆ ရှိ ပင်လယ်ပြင်အတွင်း သဲစုပ်ယူ ခွင့်ကို Kaung Kyaw Hein Co,Ltd အမည်ရှိ ကုမ်္ပဏီမှ ဒီဇင်ဘာ ၇ ရက်တွင် လာရောက် လျှောက်ထားခဲ့ခြင်းဖြစ်သည် ဟု ဘုတ်ပြင်းမြို့နယ် အထွေအထွေအုပ် ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

 

 

                          မိုးအိ