သထုံတွင် အကျဉ်းထောင်အသစ် ဆောက်မည်

0
607

မွန်ပြည်နယ်၊ သထုံမြို့ရှိ အကျဉ်းထောင်တွင် အကျဉ်းသားများပြားပြီး ကြပ် တည်းလာသည့်အတွက် အကျဉ်းထောင် အသစ်တစ်ခု ထပ်ဆောက်သွားမည်ဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနထံမှ သိရသည်။

အကျဉ်းထောင်အသစ်ကို သထုံမြို့ နယ် ဈေးမသွယ်ကျေးရွာတွင် ၂၀၁၉ ခုနှစ် တွင်  စတင်တည်ဆောက်သွားမည်ဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးလင်းဗိုလ်နောင်က ပြောသည်။

“သထုံထောင်က ကျဉ်းလာတဲ့ အတွက် ထောင်အသစ်ဆောက်ဖို့ ၂၀၁၉ ခုနှစ်မှာ လုပ်ငန်း စတင်မယ်၊ အခုတော့ တင်ဒါ ခေါ်နေတယ်၊ ထောင်က အကျဉ်းသား ၅၀၀ ဒါမှမဟုတ် ၇၀၀ ဆံ့ အကျဉ်း ထောင်ပါ အမျိုးအစားက အဆင့် (ခ) ပေ ၅၀၀ ပတ်လည်ပေါ့” ဟု ဦးလင်းဗိုလ်နောင်က ပြောသည်။

မွန်ပြည်နယ်ရှိ အကျဉ်းထောင်များ တွင် အကျဉ်းကျခံနေရသူများအနက် အမျိုး သားသည် အမျိုးသမီးထက် ၅ ပုံ ၁ ပုံ ပိုများပြီး မူးယစ်ဆေးဝါးမှုနှင့် အကျဉ်းကျ နေသူ ၅၀ ရာခိုင်နှုန်းခန့်ရှိနေသည်ဟု လည်း ၄င်းက ဆိုသည်။

မွန်ပြည်နယ်တွင် အကျဉ်းသား ၁၀၀၀ ဆံ့ (က) အဆင့်ရှိ ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်) နှင့် အကျဉ်း သား ၅၀၀ ဆံ့ (ခ) အဆင့် သထုံအကျဉ်းထောင် ၂ ခု ရှိသည်။

 

ယဉ်စနိုင်း